backup og meta

ဝမ်းကိုက်ခြင်း အကြောင်း သိကောင်းစရာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းကိုက်ခြင်း အကြောင်း သိကောင်းစရာ

    ဝမ်းကိုက်တယ်ဆိုတာက အစာခြေစနစ်ရဲ့ အူလမ်းကြောင်းတွေ ရောင်ရမ်းပြီး ဗိုက်က မခံမရပ်နိုင်အောင် အောင့်တာ၊  ဝမ်းပျက်ဝမ်းလျှောဖြစ်တာမျိုးကို ဆိုလိုတာပါ။ ဒီလို ဝမ်းကိုက်တာကို ခံစားရချိန်က ၃ ရက်ကနေ ၇ ရက်လောက်အထိ ကြာမြင့်တတ်ပါတယ်။ ဝမ်းကိုက်တဲ့အခါ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အဖျား ၁၀၀ ဒီဂရီထက် များနေတာ၊ ရေဓာတ်ခမ်းခြောက်တာတွေကို ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် အဖြစ်များပါတယ်။ အစားအစာ သန့်ရှင်းမှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းကိုက်တာက ရေဓာတ်ခမ်းခြောက်မှုကို ပြင်းပြင်းထန်ထန် ခံစားရမယ်ဆိုရင် အသက်ဆုံးရှုံးနိုင်ပါတယ်။

    ဝမ်းကိုက်ပိုးက ကူးစက်မြန်လွန်းတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ဒီရောဂါပိုးက အသုံးအဆောင်တွေ၊ အစားအသောက်တွေ၊ ရေအိမ်တစ်ခုတည်း အသုံးပြုမှုတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးကို မကူးစက်အောင် ကာကွယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ရေအိမ်သုံးပြီးတိုင်းမှာ လက်ကို သေချာစွာ ဆေးကြောတာပါပဲ။ ဒီဝမ်းကိုက်တာက ကူးစက်တာ မြန်သလို တိရစ္ဆာန်လေးတွေဆီကနေလည်း ကူးစက်နိုင်ပါတယ်။ ဝမ်းကိုက်တာကို အချိန်ကြာရှည် မကုသဘဲ ထားမယ်ဆိုရင် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်ပြီး ကိုယ်တွင်းက သတ္တုဓာတ်တွေ မမျှတမှုဖြစ်နိုင်သလို သတိလစ်တာ၊ ကိုမာဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။

    တကယ်လို့ ဝမ်းတွေလည်း ဆက်တိုက်သွားနေမယ်။ အဖျားလည်း တက်နေမယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆရာဝန်နဲ့ ပြသဖို့လိုပါမယ်။

    ဝမ်းကိုက်တာကြောင့် ဘာတွေ ထိခိုက်နိုင်သလဲ

    ဝမ်းကိုက်တာကို မြန်နိုင်သမျှ မြန်မြန်ကုသမှု ခံယူဖို့လိုပါမယ်။ ဝမ်းကိုက်တာကို မကုသဘဲ ထားမယ်ဆိုရင်

    ဝမ်းကိုက်ခြင်း ဆိုတာ

    ဝမ်းကိုက်ခြင်းဆိုတာ အူတွေထဲကို ဝမ်းကိုက်စေတဲ့ ဘက်တီးရီးယား သို့ ကပ်ပါးပိုး ဝင်ရောက်တာပါ။ ဒီလို ဝမ်းကိုက်စေတဲ့ ပိုးတွေ အစာခြေစနစ်ထဲကို ရောက်တဲ့အခါ ဝမ်းသွားရင် သွေးပါတာ၊ အချွဲတွေ ပါတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဝမ်းကိုက်တာရဲ့ ပထမဆုံးသော လက္ခဏာကတော့ တစ်နေ့ကို ၃ ကြိမ် ကနေ ၈ ကြိမ်လောက် ဝမ်းအရည်တွေ သွားတာပါ။ ရောဂါက ပြင်းထန်လာလေလေ ဗိုက်က ပြင်းပြင်းထန်ထန် နာကျင်လာလေလေပါ။ အဖျားကလည်း ၁၀၀ ဒီဂရီ နဲ့ ၁၀၀ ဒီဂရီအထက်မှာ ဖြစ်နေနိုင်ပါတယ်။

    ဝမ်းကိုက်ခြင်း အမျိုးအစားများ

    ဝမ်းကိုက်ခြင်းမှာ

    • အမီဘားရောဂါပိုးကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ခြင်း – amoebic dysentery နဲ့
    • ဘက်တီးရီးယား အစာခြေစနစ်ထဲ ဝင်ရောက်ကူးစက်မှုကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ခြင်း – bacillary dysentery ဆိုပြီး ၂ မျိုးရှိပါတယ်။ တစ်မျိုးချင်းစီအလိုက် ရောဂါလက္ခဏာတွေ ကွာခြားနိုင်ပါတယ်။

    အမီဘားရောဂါပိုးကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ခြင်း – amoebic dysentery

    အမီဘားရောဂါပိုးကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ခြင်း – amoebic dysentery ကတော့ သန့်ရှင်းမှု အားနည်းတဲ့ အစားအစာ၊ သောက်သုံးရေတွေကို စားသောက်မိတာကြောင့် ဖြစ်ရတာပါ။ ဗိုက်အရမ်းအောင့်တာကို ခံစားရနိုင်ပါတယ်။

    လက္ခဏာတွေအနေနဲ့ကတော့

    • ဗိုက်ထဲက အရမ်းနာမယ်
    • မအီမသာဖြစ်မယ်
    • အော့အန်မယ်
    • ဝမ်းသွားတဲ့အခါ ချွဲတွေသွေးတွေ ပါမယ်
    • ခြေကုန်လက်ပမ်းကျမယ် စတာတွေ ခံစားရနိုင်ပါတယ်။

    ဘက်တီးရီးယား အစာခြေစနစ်ထဲ ဝင်ရောက်ကူးစက်မှုကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ခြင်း – bacillary dysentery

    ဘက်တီးရီးယား အစာခြေစနစ်ထဲ ဝင်ရောက်ကူးစက်မှုကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ခြင်း – bacillary dysentery ကတော့ အတော်လေး အန္တရာယ်များတဲ့ ဝမ်းကိုက်ခြင်းပါ။ ရောဂါပိုး ကူးစက်ခံရပြီး ၁ ရက်ကနေ ၃ ရက်အတွင်းမှာ လက္ခဏာပြပါတယ်။ ပထမဆုံးသော လက္ခဏာအနေနဲ့ကတော့ ဝမ်းသွားတာပါ။

    လက္ခဏာတွေအနေနဲ့ကတော့

    • ဝမ်းသွားရင် သွေးပါတာ
    • ဗိုက်ထဲက မခံမရပ်နိုင်အောင် အောင့်တာ
    • အဖျားကြီးတာ
    • အော့အန်တာ
    • မအီမသာဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

    တစ်ခါတလေမှာ ဘက်တီးရီးယား အစာခြေစနစ်ထဲ ဝင်ရောက်ကူးစက်မှုကြောင့်ဖြစ်တဲ့ ဝမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေ သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။

    ဝမ်းကိုက်ခြင်း ဖြစ်ရတဲ့ အကြောင်းအရင်း

    ဝမ်းကိုက်ခြင်း ဖြစ်ရတဲ့ အကြောင်းအရင်း

    ဝမ်းကိုက်တာကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းကတော့ Shigella၊ E.Coli၊ Campylobacter နဲ့ Salmonella ဘက်တီးရီးယားတွေ ကူးစက်ခံရတာပါ။ ဒီလိုမျိုး အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေက အူလမ်းကြောင်းထဲ ရောက်သွားပြီး လျင်မြန်စွာ ပျံ့နှံ့သွားတဲ့အခါ ဝမ်းကိုက်တာကို ခံစားရတာပါ။

    ဝမ်းကိုက်ပိုးတွေက နိုင်ငံဒေသတွေကိုလိုက်ပြီး ကွဲပြားနိုင်ပါတယ်။ ဥပမာ လက်တင်အမေရိကမှာဆိုရင် Shigella​ကြောင့် ဝမ်းကိုက်တာ အဖြစ်များပါတယ်။ အရှေ့တောင်အာရ ဒေသတွေမှာတော့ Campylobacterကြောင့် ဝမ်းကိုက်တာ အဖြစ်များပါတယ်။

    ဝမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ……

    ဝမ်းကိုက်တဲ့အခါ သိပ်မပြင်းထန်တဲ့ လက္ခဏာကနေ ပြင်းထန်တဲ့ လက္ခဏာတွေအထိ ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့

  • ဗိုက်အောင့်တာ
  • ဗိုက်ရစ်နာတာ
  • ဝမ်းပျက်တာ
  • အဖျား ၁၀၀ ဒီဂရီနဲ့ အထက်ဖြစ်တာ
  • ဗိုက်ကို ထိခိုက်တိုင်း မခံမရပ်နိုင်အောင် နာတာ
  • လေပွတာ
  • ဝမ်းတွေဆက်တိုက် သွားနေတာ
  • ကိုယ်အလေးချိန်ကျတာ
  • ခေါင်းပြင်းပြင်းထန်ထန် ကိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
  • ဝမ်းကိုက်ခြင်းအတွက် ကုထုံး

    ဝမ်းကိုက်တာက က သိပ်မပြင်းထန်ဘူးဆိုရင်တော့ အရည်များများသောက်ပေးတာက သက်သာစေမယ့် နည်းလမ်းပါ။ ပြင်းထန်မယ်ဆိုရင်တော့ ပိုးသတ်ဆေး သောက်ရပါမယ်။ ဆေးပတ်လည်အောင် သောက်ဖို့ အရေးကြီးပါတယ်။ လိုအပ်မယ်ဆိုရင် ရေဓာတ်ဖြည့်တင်းဖို့အတွက် ပုလင်းကြီး ချိတ်ဖို့ လိုပါမယ်။

    ဝမ်းကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

    ဝမ်းကိုက်တာကို သက်သာစေဖို့ဆိုရင်တော့ အခုလိုမျိုး အိမ်တွင်းကုထုံးလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။

    • တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ရေနဲ့ဆပ်ပြာ သုံးလို့ လက်ကို စင်ကြယ်စွာ ဆေးကြောပါ
    • ဓာတ်ဆားရည်သောက်ပါ
    • ရေကျက်အေးသောက်ပါ
    • သေချာကျက်အောင် ချက်ထားတာတွေ စားပေးပါ။
    • ပရိုဘိုင်အိုတစ်သောက်ပေးပါ။
    • အစာပျော့ပျော့ကို နည်းနည်းနဲ့ မကြာမကြာ စားပေးပါ။
    • အစာနဲ့ အရည်မဝင်တော့ဘူး။ ဝမ်းတွေ ဆက်တိုက်သွားနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုပါတယ်။

    ဝမ်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ

    ဝမ်းကိုက်တာက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်သလို အခန့်မသင့်ရင် သေဆုံးစေနိုင်ပါတယ်။ ဝမ်းကိုက်ပြီးရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့

    • ရေဓာတ်ခမ်းခြောက်တာ
    • အဆစ်တွေထဲက နာတာ
    • Shigella ဘက်တီးရီးယားကြောင့် ဆိုရင်တော့ ကျောက်ကပ်ထဲကို သွေးနီဥဆဲတွေ ရောက်ရှိမှုကို အဟန့်အတား ဖြစ်စေနိုင်တာကြောင့် သွေးအားနည်းတာ၊ ကျောက်ကပ်ပျက်တာ၊ သွေးဆဲလ်အရေအတွက် နည်းတာတွေဖြစ်စေနိုင်ပါတယ်။

    ဝမ်းကိုက်ခြင်း

    ဝမ်းကိုက်ခြင်းဆိုတာ အူတွေထဲကို ဝမ်းကိုက်စေတဲ့ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုး ဝင်ရောက်တာပါ။ ဒီလို ဝမ်းကိုက်စေတဲ့ ပိုးတွေ အစာခြေစနစ်ထဲကို ရောက်တဲ့အခါ ဝမ်းသွားရင် သွေးပါတာ၊ အချွဲတွေ ပါတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဝမ်းကိုက်တာရဲ့ ပထမဆုံးသော လက္ခဏာကတော့ တစ်နေ့ကို ၃ ကြိမ် ကနေ ၈ ကြိမ်လောက် ဝမ်းအရည်တွေ သွားတာပါ။ ရောဂါက ပြင်းထန်လာလေလေ ဗိုက်က ပြင်းပြင်းထန်ထန် နာကျင်လာလေလေပါ။ အဖျားကလည်း ၁၀၀ ဒီဂရီ နဲ့ ၁၀၀ ဒီဂရီအထက်မှာ ဖြစ်နေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement