အိပ်ရာ နိုးနိုးချင်းမှာ သောက်ပေးသင့်တဲ့ နောက်ထပ် သောက်စရာ တစ်ခုကတော့ အုန်းစိမ်းရည်ပါ။ အုန်းစိမ်းရည်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် နာတာရှည် ရောဂါဖြစ်နိုင်ခြေပေးနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးမတိုးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ချင်း (ဂျင်း) လက်တစ်ဆစ်စာလောက် အပြားလေးကို ခပ်ဆတ်ဆတ် ထုပြီး ခွက်တစ်ခုထဲ ထည့်ပါ။ ပြီးရင် ရေနွေးဆူဆူကို လောင်းထည့်လို့ ၁၅ မိနစ်လောက် စိမ်ထားပြီး ရလာတဲ့ ချင်း (ဂျင်း) ရေနွေးကြမ်းကို ခပ်နွေးနွေး အချိန်မှာ သောက်ပေးတာကလည်း စိတ်ရောကိုယ်ပါ တက်ကြွ လန်းဆန်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
သွေးလည်ပတ်မှု ကောင်းစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အဆီပိုတွေကိုလည်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။