backup og meta

နာကျင်မှုဝေဒနာခံစားနေရသူများအတွက် ဘယ်လိုကူညီဖေးမ မလဲ


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာကျင်မှုဝေဒနာခံစားနေရသူများအတွက် ဘယ်လိုကူညီဖေးမ မလဲ

    အနည်းငယ်နာကျင်ခြင်းမျိုးသည် သင့်ကိုယ်တွင်းသို့ ဝင်ရောက်လာမည့် အန္တရာယ်ကို သတိပေးခြင်းဖြစ်သည့်အတွက် သင့်အတွက်ကောင်းမွန်သော အချက်ပေးစနစ်တခုဖြစ်ပါသည်။ သို့သော် ကာလကြာရှည်စွာ နာကျင်မှုကိုခံစားနေရလျှင် သင့်နေ့စဉ်အလုပ်ကို ထိခိုက်လာနိုင်ပါသည်။

    သင့်မိသားစုဝင်များလည်း တိုသို့ခံစားနေရလျှင် သင့်အပေါ်သက်ရောက်မှုရှိလာနိုင်ပါသည်။ သို့သော် ထိုအခက်အခဲများကို သင့်မိတ်ဆွေနျင့် သူငယ်ချင်းများအတွက်ကူညီဖြေရှင်းနိုင်ရန် နည်းလမ်းကောင်းများရှိပါသည်။

    အသိ

    နာတာရှည်နာကျင်ခြင်းကို ကုသရာတွင်ဆေးဆိုင်များတွင် ဝယ်ယူနိုင်သော ဆေးများ မှအစ အခြားကုထုံးများအဆုံး နည်းလမ်းအမျိုးမျိုးရှိပါသည်။

    များသောအားဖြင့် သင့်မိတ်ဆွေနှင့် မိသားစုဝင်များက နာကျင်ခြင်းကို သက်သာစေသော ဆေးများကို ဝယ်သောက်လေ့ရှိကြသည်။ အတွေ့များသော အနာပျောက်ဆေး ၂မျိုးမှာ

    ၁-မပြင်းထန်သောနာကျင်မှုအတွက် ဘိန်းကဲ့သို့ပစ္စည်းမပါသောအနာပျောက်ဆေး(Aspirin, Paracetamol) နျင့်

    ၂- ပြင်းထန်သောနာကျင်မှုအတွက် ဘိန်းကဲ့သို့ပစ္စည်းပါသောအနာပျောက်ဆေး(morphine, oxycodone)တို့ဖြစ်ပါသည်။

    နာကျင်မှုအပေးမူတည်ပြီး ဆရာဝန်နှင့်ဆေးဝါးကျွမ်းကျင်ပညာရှင်များက သင့်တော်သော ဆေးအမျိုးအစားကို ရွေချယ်ပေးကြပါသည်။ သင်သည် ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို လေ့လာထားသင့်သည်။

    ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် အပူ၊ အအေးကုထုံး၊ နှိပ်နယ်ခြင်း၊ အပ်စိုက်ခြင်း၊ လျှပ်စစ်နည်းဖြင့် အာရုံကြောများကုသခြင်း စသည့်ကုထုံးများရှိပြီး စိတ်ပိုင်းဆိုင်ရာ ဖိစိမှုများကို ပြေလျော့ရန်အတွက် နည်းလမ်းများပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာကုထုံးများဖြင့်ကုသခြင်း စသည်တို့ဖြင့် သင့်မိသားစုဝင်များနှင့် မိတ်ဆွေများသည် အတွေးအခေါ်နှင့် အကောင်းမြင်စိတ်များပြောင်းလဲလာကာ အနာသက်သာစေသော နည်းဖြင့်ကုသကြပါသည်။

    အဆိုပါကုထုံးများအတွက် ရလဓ်ကောင်းများရရှိသော်လည်း တိကျသော သက်သေအထောက်အထားများမရှိသည့်အတွက် သောက်ဆေးဖြင့် တွဲဖက်ကုသမှုများကို လုပ်ဆောင်လာကြပါသည်။

    ကုမှုများတွင် အတူတကွပါဝင်လုပ်ဆောင်ခြင်း

    ကုမှုများတွင် မိမိကိုယ်တိုင်အတူတကွပါဝင်လုပ်ဆောင်ခြင်းဖြင့် ရောဂါအခြေအနေကိုပိုသိမြင် နားလည်လာစေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်မိသားစုဝင်များနှင့် မိတ်ဆွေများအကြား ကောင်းမီန်သော အချိတ်အဆက်တခုဖြစ်သွားပြီး ထိရောင်သောကုသမှုရလဒ်များ ရလာလိမ့်မည်။

    ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ပါ။

    သင့်နာကျင်မှုနှင့် ပက်သက်ပြီး ဆေးသောက် ကုသနေစဉ်တွင် ဆေးတိုးမှုရှိမရှိ၊ ပိုနာလာသလား သက်သာသလား စသည်ဖြင့် စာအုပ်၊ Notebook များထဲတွင်မှတ်သားထားပါ။

    သင့်မိသားစုဝင်များနှင့် မိတ်ဆွေများကို ဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာရန် သတိပေးပါ။

    အချို့ဆေးများသည် သင့်ကိုနာကျင်မှုမဖြစ်စေရန်တားပေးသည်။ နာလာမှဆေးသောက်ခြင်းမျိုးကို မလုပ်ပါနှင့်။ ဆရာဝန်ပေးသော ဆေးအများစုသည် နာကျင်မှုကို ကာကွယ်ပေးသောဆေးများဖြစ်သောကြောင့်ဖြစ်သည်။

    သင့်မိသားစုဝင်များနှင့် မိတ်ဆွေများကို နေ့စဉ် လေ့ကျင့်ခန်းများလုပ်ရန်နှင့် တက်ကြွမှုရှိရန် လှုံ့ဆော်ပါ။

    နာကျင်မှုကို ကြာရှည်စွာခံစား၇သူများသည် ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အမောမခံနိုင်တော့ခြင်း နှင့် အချို့သော လှုပ်ရှာမှုများကို မလုပ်နိုင်တော့ခြင်း စသည်တို့ကို ခံစားရသည့်အတွက် သင်သည် သင့်မိသားစုဝင်များနှင့် မိတ်ဆွေများကို လေ့ကျင့်ခန်းလုပ်ရန် စိတ်အားထက်သန်လာအောင်ကူညီပေးပါ။

    စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုလေ့လာပါ။

    သင့်မိသားစုဝင်များနှင့် မိတ်ဆွေများသည် အရင်လို အလုပ်မလုပ်နိုင်တော့ခြင်းကြောင့် စိတ်ဒဏ်ရာရနေနိုင်ပါသည်။ ကြာလျှင် စိတ်ကျရောဂါဖြစ်လာနိုင်ပါသည်။ သင်သည် သူတို့နှင့်အတူ စိတ်သက်သာရာရအောင်နေထိုင်နည်းများကိုလေ့လာသင့်ပါသည်။ အိပ်ရေး၀၀အိပ်ခြင်း၊ သင်ဝါသနာပါသည့် အလုပ်ကိုလုပ်ခြင်းနှင့် အကောင်းမြင်စိတ်မွေးခြင်းတို့က သင့်ကို သက်သာရာရစေနိုင်မည့်နည်းလမ်းများဖြစ်ပေသည်။

    သင့်ပြသနာကို သင်ပြောပြပါ။

    သင့်အတွေ့အကြုံများကို ဝေမျှရန် ထောက်ပံ့ရေးအဖွဲကအစည်းများကို တင်ရောက်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်အတွေကအကြုံများနှင့် လေ့လာသင်ယူခဲ့သည်တို့ကို သင့်မိသားစုဝင်များနှင့် မိတ်ဆွေများကို ပြန်လည်မျှဝေနိုင်မည်ဖြစ်သလို ဘဝတူအခြားသူများအကြောင်းနားထောင်ခြင်းဖြင့် သင့်တွင်ကြုံတွေ့နေသော ပြသနာများကိုဖြေရှင်းရန် နည်းလမ်းများရရှိနိုင်ပေသည်။

    အချုပ်ဆိုရသော် သင်သည် သင့်ပြသနာများကို ဖွင့်ပြောပြရန်သတ္တိရှိရမည်ဖြစ်ပြီး အခြားသူများ၊ လူမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်နေထိုင်ခြင်းဖြင့် သင့်အတွက် စိတ်ဓါတ်ခွန်အားများဖြစ်လာစေမည်ဖြစ်သည်။

    ထိုနည်းအားဖြင့် နာကျင်မှုများကိုကိုင်တွယ်ဖြေရှင်းရန် အသိပညာများရရှိလာမည်ဖြစ်သလို အခြားသူများအပေါ်တွင်လည်း နားလည်မှုရှိလာပြီး လူမှုအသိုင်းအဝိုင်းတွင်လည်း သင့် ဗဟုသုတများကို မျှဝေနိုင်မည်ဖြစ်ပါသည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement