အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ငလျင်အတွက် အကူအညီများ ရယူရန်

ငလျင်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် သတိပေးချက်များ Mind- Mentoring New Dimensions >> ဖျက်အားပြင်းငလျင်လှုပ်ချိန် ဘာတွေလုပ်ဆောင်သင့်သလဲ..။ https://www.facebook.com/share/14y3krU3DT/?mibextid=wwXIfr Project i >> Red Crosss Guideline အရ ငလျင် မလှုပ်ခင်၊ လှုပ်နေစဉ်နှင့် လှုပ်ပြီး ချိန် များတွင် နေထိုင်ရန် ညွှန်ကြားချက် https://m.facebook.com/story.php?story_fbid=122147447084487413&id=61564622411439&mibextid=wwXIfr My earthquake alert application >> https://www.facebook.com/share/1HWvdy4HRt/?mibextid=wwXIfr ငလျင်လှုပ်ခတ်မှုအတွက် အသိပေးချက်များ စစ်ဆေးနိုင်ရန်် Free အက်ပ် ၅ ခု https://www.facebook.com/share/p/1HczuCdCQT/?mibextid=wwXIfr ငလျင်ပြီးနောက် Afterquake နှင့် လုပ်ထားသင့်သည့် အရေးကြီး ပြင်ဆင်မှုများ https://www.facebook.com/share/p/155N2a8UmV/?mibextid=wwXIfr mental heal >> ငလျင်ဒဏ်နောက်ဆက်တွဲကာကွယ်ရေးအချက်အလက်များ မျှဝေခြင်း https://www.facebook.com/share/p/1NRoRqx8Ao/?mibextid=wwXIfr Dr Yadanar >> ငလျင် လှုပ်ပြီးနောက် ခေါင်းမူး ဝေဒနာ ခံစားနေရလျှင် https://www.facebook.com/share/p/19AAEDqyVm/?mibextid=wwXIfr […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Hypotension (သွေးပေါင်ကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypotension (သွေးပေါင်ကျခြင်း) ကဘာလဲ။ သွေးပေါင် ၉၀/၆၀ အောက်ရုတ်တရတ်ကျဆင်းသွားခြင်းကို ဆိုလိုပါတယ်။ သွေးပေါင်ကျခြင်းဟာ နှလုံးညှစ်အားနည်းသွားခြင်းကြောင့် သွေးပမာဏလည်း လျော့ကျသွားစေပါတယ်။ သွေးပေါင်ဖတ်ရာမှာ အပေါ်သွေး၊ အောက်သွေး ဆိုပြီးနှစ်မျိုးရှိတယ်။ အပေါ်သွေးမှာ နှလုံးခုန်ပြီး သွေးများဖြည့်လိုက်ခြင်းကြောင့် သွေးလွှတ်ကြောထဲတွင် ဖြစ်ပေါ်သွားသော ဖိအားဖြစ်ပြီး အောက်သွေးမှာတော့ နှလုံးခေတ္တနားနေစဉ် သွေးလွှတ်ကြောထဲမှာရှိသော ဖိအားဖြစ်ပါတယ်။ သွေးဖိအား ၉၀/၆၀ တနည်းအားဖြင့် အပေါ်သွေး ၉၀ နဲ့အောက်၊ အောက်သွေး ၆၀ နဲ့အောက်ရှိနေပါက သွေးပေါင်ကျတယ်လို့ ခေါ်နိုင်ပါတယ်။ သွေးပေါင်ကျခြင်းဟာ ကျန်းမာရေးအခြေအနေ တော်တော်များများရဲ့လက္ခဏာတစ်ခုဖြစ်ပြီး အထူးသဖြင့် အသက်ကြီးသူတွေမှာ သက်ရောက်မှုများစွာလည်းဖြစ်စေပါတယ်။ ဒါပေမယ့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေ၊ အချိန်ကြာမတ်တပ်ရပ်ခြင်း၊ ထိုင်နေရာ အိပ်နေရာမှ မတ်တပ်ရပ်လိုက်ခြင်းတွေဟာလည်း သင့်သွေးပေါင်ကျစေနိုင်ပါတယ်။ ဒါကို orthostatic hypotension ခေါ် ကိုယ်နေဟန်ထားကြောင့် သွေးပေါင်ကျရခြင်း လို့ခေါ်လေ့ရှိတယ်။ Hypotension (သွေးပေါင်ကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းမှာဖြစ်နိုင်ပြီး […]


အခြေခံကျန်းမာရေး

Chronic Fatigue Syndrome (နာတာရှည် မောပန်းလွယ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) ကဘာလဲ။ နှာတာရှည် မောပန်းလွယ်သောရောဂါဆိုသည်မှာ အဆမတန်မောပန်းလွယ်ပြီး အနားယူလိုက်သော်လည်းမသက်သာပဲ ဘာရောဂါကြောင့်ဖြစ်သည်ကိုလည်းအတိအကျမဖြေရှင်းနိုင်ပါ။ မိုင်ရဲဂျစ် ဦးနှောက်အမြှေးပါးယောင်ခြင်း သို့မဟုတ် ခန္ဒါကိုယ်တခုလုံး ပင်ပန်းမှုမခံနိုင်သောရောဂါဟုလည်းခေါ်သည်။ ဖြစ်စေသောအကြောင်းအရင်းအားတိတိကျကျမသိသော်လည်း အချို့လေလာချက်များက ဗိုင်းရပ်ပိုးကြောင့်သို့မဟုတ် စိတ်ပိုင်းဆိုင်ရာဖိအားများခြင်း သို့မတုတ် အကြောင်းအရင်းများပေါင်းဆုံမှုကြောင့်ဖြစ်သည်ဟုဆိုသည်။ ရောဂါလက္ခဏာတူသော အခြားရောဂါများလဲရှိခြင်းကြောင့် ဤရောဂါဟု အတည်ပြုရန်ခက်ခဲလိမ့်မည်။ နှာတာရှည်မောပန်းလွယ်ရောဂါအတွက် စမ်းသက်မှုသီးသန့်မရှိခြင်းကြောင့် အခြားရောဂါမဟုတ်သည်ဟု အရင်ဖယ်ရန်သင့်ဆရာဝန်မှ်ကြီုးစားလိမ့်မည်။ Chronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းတွင်ဖြစ်နိုင်သောလည်း အသက် လေးဆယ် ငါးဆယ်ရှိ မိန်းမများတွင်ပိုဖြစ်တတ်သည်။ လက်ရှိကုသရန်နည်းလမ်းမရှိသေးပါ။ ရောဂါလက္ခဏာသက်သာရန်သာလုပ်နိုင်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများChronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ နှာတာရှည်မောပန်းလွယ်ခြင်း တွင် တရားဝင်လက္ခဏာရှစ်ခုနှင့် အဓိပါလ်ဖွင့်ဆို၍ရသောလက္ခဏာများ မောပန်းလွယ်ခြင်း မှတ်ညာဏ်များပျက်ဆီးခြင်း လည်ချောင်းနာခြင်း လည်ပင်း လက်မောင်းရှိအကျိတ်ကြီးခြင်း အကြောင်းပြချက်မရှိကြွက်သားများနာခြင်း အဆစ်တခုနာခြင်းမှ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) ကဘာလဲ။ ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု ဆိုသည်မှာ နှလုံးရောဂါ လေဖြတ် သွေးတိုး ဖြစ်ပွားမှုကိုမြင့်တက်စေနိုင်သည့် အကြောင်းအရာများကို စုစည်း၍ ခေါ်သောနာမည်ဖြစ်သည်။ Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်အရမ်းများပါသည်။ အသက်အရွယ် အစုံတွင်ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားမှုဖြစ်စေသည့် အကြောင်းအရာများကို ဖယ်ရှားခြင်းဖြင့်ထိန်းချုပ်သည်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ လက္ခဏာများMetabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ များသောအားဖြင့်ရောဂါလက္ခဏာမပြတတ်ပါ။ ခါးပိုင်းကြီးခြင်း ( ခါးတုတ်ခြင်း) သည် မြင်သာသောလက္ခဏာဖြစ်နိုင်သည်။   အချို့သူများတွင် သွေးတွင်း အဆီတက်တတ်သည် -ဥပမာ ဆီးချို(type2 ) သွေးတွင်းအဆီဓါတ်တက်သော လက္ခဏာများမှာ ရေငတ်ခြင်း ဆီးခဏခဏသွားရခြင်း(ညအချိန်တွင်ပိုသွားရတတ်သည်) နှုန်းခြင်း အမြင်ေဝဝါးခြင်းတို့ဖြစ်သည်။   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Hypogonadism (လိင်ဂလင်းအားနည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypogonadism (လိင်ဂလင်းအားနည်းခြင်း) ကဘာလဲ။ လိင်ဂလင်းအားနည်းခြင်း သည် အင်္ဂါကိုယ်အတွင်းမှ လိင်အင်္ဂါဟော်မုန်းပိုင်းကိုထိသော ရောဂါဖြစ်သည်။ အဆိုပါဂလင်းများမှ လိင်အင်္ဂါဟော်မုန်းများကို ထုတ်ပေး၏။ အမျိုးသားများတွင် အဆိုပါဂလင်းများမှ ဝှေးစေ့များဖြစ်ပြီး အမျိုးသမီးများတွင်တော့ သားဥအိမ်များဖြစ်ကြပါသည်။   လိင်ဂလင်းအားနည်းခြင်း ဖြစ်သောလူများတွင် သူတို့၏လိင်ဟော်မုန်းပမာဏမှာ အလွန်နည်းပါးပြီး အဖို အမ ကြီးထွားမှု ဥပမာ ရင်သားဖွံဖြိုးခြင်း၊ ဝှေးစေ့ဖွံဖြိုးခြင်း၊ ဆီးခုံမွှေးပေါက်ခြင်း စသည်တို့တွင် ထိခိုက်မှုရှိနိုင်ပါသည်။ ရာသီစက်ဝန်းနှင့် သုက်ပိုးထုတ်လုပ်ခြင်းကိုပါ ထိခိုက်စေနိုင်၏။ မူလနှင့် တစ်ဆင့်ခံ လိင်ဂလင်းအားနည်းခြင်း ဆိုပြီး အမျိုးအစားနှစ်မျိုးရှိသည်။ မူလ – ဤအမျိုးအစားသည် လိင်ဂလင်းများမှ စတင်ခြင်းဖြစ်သည်။ လိင်ဂလင်းများသည် ဦးနှောက်ဆီမှလာသော အချက်ပြများကို လက်ခံနိုင်စွမ်းရှိသေးသော်လည်း သူတို့ကိုယ်တိုင်က ဟော်မုန်းမထုတ်နိုင်တော့ခြင်း ဖြစ်သည်။ တစ်ဆင့်ခံ – ဤအမျိုးအစားသည် ဟိုက်ပိုသာလမတ် သို့မဟုတ် ပစ်ကျူထရီဂလင်းမှ စတင်ခြင်းဖြစ်သည်။ ၎င်းတို့သည် လိင်ဂလင်းထုတ်လုပ်မှုကို ထိန်းချုပ်သော ဦးနှောက်အတွင်းမှ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Raynaud Phenomenon (ရေးနောဖြစ်ရပ် )

အဓိပ္ပါယ်ဖွင့်ဆိုချက်Raynaud Phenomenon (ရေးနောဖြစ်ရပ် ) ကဘာလဲ။ ရေးနောဖြစ်ရပ် သို့မဟုတ် ရေးနောရောဂါသည် လက်ချောင်း ခြေချောင်းများ၌ အေးလွန်းသည့်အခါ စိတ်ဖိစီးသည့်အခါများတွင် အေးစက်ထုံကျင်ခြင်း ဖြစ်လာစေသည့်ရောဂါတစ်မျိုးဖြစ်ပါသည်။ ရေးနောရောဂါတွင် အရေပြားသို့သွားသော သွေးလွှတ်ကြောငယ်များ ကျဉ်းသွားစေပြီး သွေးစီးဆင်းမှုကို ကန့်သတ်သွားစေပါသည်။ အမျိုးသားများထက် အမျိုးသမီးများက ရေးနောရောဂါပိုဖြစ်နိုင်၏။ အေးသောဒေသများတွင် နေထိုင်ကြသူများပိုအဖြစ်များသည်။ ရေးနောရောဂါကုထုံးမှာ ပြင်းထန်မှုနှင့် တခြားရောဂါများ ရှိမရှိပေါ် မူတည်ပါသည်။ လူအများစုတွင် ရေးနောရောဂါကြောင့် ဘာမှမလုပ်နိုင်ဖြစ်ရတတ်သည်။ ထို့ကြောင့် ဘဝအရည်အသွေးကိုပါ ကျစေပါသည်။ Raynaud Phenomenon (ရေးနောဖြစ်ရပ် ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများRaynaud Phenomenon (ရေးနောဖြစ်ရပ် ) ရဲ့လက္ခဏာတွေကဘာတွေလဲ ရေးနောရောဂါ၏ လက္ခဏာများမှာ သွေးကြောကျဉ်းခြင်း၏ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Aortic Dissection (သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Aortic Dissection (သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်း) ကဘာလဲ။ သွေးကြောဖောင်းဆိုတာ ခန္ဓါကိုယ်ရဲ့အဓိကသွေးကြောမကြီးဖြစ်တဲ့ အေအောတားဆိုသော သွေးကြောကြီးဖောင်းထွက်နေတာပါ။ သွေးကြောမကြီးအလုပ်ကတော့ အောက်စီဂျင်ကြွယ်ဝတဲ့ သွေးတွေကို ခန္ဓါကိုယ်အနှံ့ပို့ဆောင်ပေးရတာပါ။ ယင်းသွေးကြောက ဆွဲဆန့်ခံထားရပြီး လျော့ရဲ့နေတဲ့အစိတ်အပိုင်းတွေရှိတာကြောင့် ပေါက်ထွက်နိုင်ပါတယ်။ သွေးကြောမကြီးပေါက်ကွဲသွားမယ်ဆိုရင် သေစေနိုင်လောက်တဲ့ သွေးထွက်ခြင်းမျိုးကြုံတွေ့ရမှာပါ။ သွေးကြောမကွဲတယ် (Aortic dissection) ဆိုတာ နှလုံးကနဲ့ထွက်နေတဲ့ သွေးကြောမကြီးစုတ်ပြဲသွားတာကိုခေါ်တာပါ။ သွေးတွေဟာ သွေးကြောမကြီးရဲ့ စုတ်ပြဲနေတဲ့နေရာကနေ ဒလဟောထွက်နေပြီး အတွင်းနဲ့အလယ်လွှာတွေကို ကွဲထွက်သွားစေပါတယ်။ အပြင်လွှာကိုပါထပ်ဖောက်ထွက်သွားမယ်ဆိုရင်တော့ သေဖို့များသွားပါပြီ။ Aortic Dissection (သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ ယင်းအခြေအနေကသိပ်တော့ အဖြစ်မများလှပါဘူး။ အများဆုံးဖြစ်တာကတော့ အသက်၆၀နဲ့၇၀၀န်းကျင်ယောက်ျားတွေမှာပါ။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများAortic Dissection (သွေးကြောမကြီးဖောင်းခြင်း၊ကွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးကြောကွဲခြင်းလက္ခဏာတွေက နှလုံးသွေးကြောပိတ်ခြင်းလိုမျိုး နှလုံးရောဂါလက္ခဏာတွေနဲ့ ခွဲဖို့ခက်ခဲပါတယ်။ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ရုတ်တရက်ဆွဲဖြဲထားသလိုမျိုး ပြင်းထန်သော ရင်ဘတ်နဲ့ကျောအောင့်ခြင်းမျိုးဖြစ်ကာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

တံတွေးဂလင်းပြဿနာများ

တံတွေးဂလင်းက ခံတွင်းစိုစွတ်နေဖို့၊ သွားပိုးမြန်မြန်စားမသွားဖေဖို့နဲ့ အစာချေဖို့ကူညီပေးတဲ့ တံတွေးတွေကို ထုတ်ပေးတာပါ။ တံတွေးဂလင်းတွေဟာ ပုံမှန်အားဖြင့်သေးသေးလေးတွေဖြစ်ပြီး ခံတွင်းအတွင်းပိုင်း၊ နှုတ်ခမ်းနှင့် ပါးတို့တစ်ဝိုက်မှာ ရှိပါတယ်။ ကင်ဆာအကျိတ်တွေနဲ့ Sjogren’s syndrome လိုမျိုး ရောဂါပေါင်းများစွာဟာ တံတွေးဂလင်းပေါ်မှာ သက်ရောက်မှုတွေရှိနေပါတယ်။ အချို့ရောဂါတွေကတော့ အချိန်နဲ့ ကုစားသွားနိုင်သလို၊ ပဋဇီဝဆေးတွေနဲ့လည်း ကုစားနိုင်ပါတယ်။ ဒါပေမယ့်အချို့ကတော့ ခွဲစိတ်ခြင်းလိုမျိုး အထူးကုသနည်းတွေလိုအပ်ပါတယ်။ တံတွင်းဂလင်းပြဿနာတွေဟာ ဘယ်လောက်ထိအဖြစ်များသလဲ။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ ရောဂါလက္ခဏာများ တံတွင်းဂလင်းပြဿနာရဲ့ လက္ခဏာတွေက ဘာတွေလဲ။ တံတွေးဂလင်းကျောက်တည်ခြင်း၏ လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ · လျာအောက်တွင် နာကျင်သော အကျိတ်ရှိခြင်း · အစာစားနေစဉ် ပိုပိုနာလာခြင်း တံတွင်းဂလင်းရောင်ခြင်း၏ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ · ပါးဒါမှမဟုတ် မေးရိုးအောက်တွင် အကျိတ်အဖောင်းရှိခြင်း · ခံတွင်းအတွင်း၌ပြည်များရှိခြင်း · ပြည်များအနံ့ထွက်နေခြင်း · အဖျားရှိခြင်း တံတွင်းဂလင်းမှာ အရည်အိတ်တည်ခြင်းက အောက်ပါတို့ကို ဖြစ်စေနိုင်ပါတယ်။ · ပေါက်ထွက်ပြီးနောက် အဝါရောင်ပြည်များထွက်လာခြင်း · အစာစားရခက်ခဲခြင်း · စကားပြောရခက်ခဲခြင်း · အစာမျိုရခက်ခဲခြင်း တံတွင်းဂလင်းဗိုင်းရပ်စ်ပိုးဝင်ခြင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး

သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး အကြောင်း လေ့လာလိုက်ရအောင်လား ...... မျက်နှာက လူတိုင်းအတွက် အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုပါ။ မျက်နှာသွင်ပြင်ကလည်း လူတစ်ယောက်စီတိုင်းအတွက် တော်တော်လေး အရေးပါလှပါတယ်။ မျက်နှာက လူမှုဆက်ဆံရေးနယ်ပယ်မှာ အရေးပါရုံသာမက လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကိုလေ့လာရာမှာလည်း အရေးကြီးပါတယ်။ မျက်နှာပေါ်က ပြောင်းလဲလာတဲ့အနေအထားတွေက ခန္ဓာကိုယ်မှာ ဘာတွေချို့ယွင်းနေလဲဆိုတာကို တစေ့တစောင်းဖော်ပြပေးပါတယ်။ သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး အကြောင်း လေ့လာလိုက်ရအောင်နော်။ ဝက်ခြံ လူပျိုဖော်ဝင်တဲ့အချိန်၊ အပျိုဖော်ဝင်တဲ့အချိန်မှာ ဝက်ခြံထွက်တာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် မကြာခဏဆိုသလို ဝက်ခြံထွက်နေတာဆိုရင်တော့ သတိထားဖို့ လိုလာပါပြီ။ အထူးသဖြင့် မေးစေ့၊ မေးရိုးတစ်လျှောက်၊ ဆံစပ်တစ်ကြောမှာ ဝက်ခြံတွေ ဖြစ်ပေါ်ရင်တော့ ဟော်မုန်း မညီမျှတာမျိုး ခံစားနေရတာဖြစ်နိုင်သလို အစာချေစနစ်မှာ ပြဿနာရှိတာ၊ အချို့အစားအသောက်တွေနဲ့ ဓာတ်မတည့်တာနဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

kinesiology တိပ်က ပြန်ရည်ကြောစီးဆင်းမှုကို ဘယ်လိုကူညီပေးသလဲ

kinesiology တိပ်ဆိုတာ သင်ကြားဖူးပါသလား။ ဒီတိပ်ဟာ ထိခိုက်ဒါဏ်ရာရမှုတွေ၊နာကျင်မှုတွေကို ကုသပေးနိုင်တဲ့ အဖြေတခုဖြစ်တယ်ဆိုတာရော သင်သိပါသလား။ ဒါတင်မကသေးပါဘူး၊kinesiology တိပ်ဟာ ပြန်ရည်ကြောကောင်းစွာ စီးဆင်းအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ထပ်မံသိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။   kinesiology တိပ်ဆိုတာဘာလဲ။ ကြွက်သားနဲ့ အဆစ်အမြစ်တွေကို ပံ့ပိုးပေးနိုင်ဖို့ အထူးပြုလုပ်ထားတဲ့တိပ်တွေကို kinesiology တိပ်လို့ခေါ်ပါတယ်။kinesiology တိပ်ဟာ ပေါ့ပါးပြီး ပါးလျတဲ့ တိပ်လေးတွေ ဖြစ်ပါတယ်။ သုံးဖို့လိုတဲ့အချိန်မှ လိုသလောက်ညှပ်နိုင်တဲ့ kinesiology တိပ်ခွေပုံစံလည်း ရှိသလို ညှပ်ပြီးသား အပိုင်းလေးတွေ ပုံစံနဲ့ လာတာမျိုးလည်း ရှိတဲ့အတွက် နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ အဆိုပါ တိပ်ကလေးတွေဟာ သင့်အရေပြားမှာ ကပ်နေမှာဖြစ်ပြီး သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်ခြင်း၊ကိုယ်ခန္ဓါပြန်လည်သန်စွမ်းမှုကို အားပေးခြင်း၊ဒါဏ်ရာတွေကို လျင်မြန်စွာ ပြန်လည်သက်သာစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။kinesiology တိပ်ကို ဆရာဝန်က ကပ်ပေးနိုင်သလို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပ်စိုက်ကုထုံး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးနိုင်သလဲ

အပ်စိုက်ကုထုံး ဆိုတာ ရာစုနှစ်တွေတိုင်အောင် သိရှိလာခဲ့ကြတဲ့ တရုတ်တိုင်းရင်းဆေးနည်းပညာတစ်မျိုး ဖြစ်ပါတယ်။ ဒီကုထုံးက acupuncture points (အပ်စိုက်တဲ့နေရာများ) လို့ခေါ်တဲ့ ခန္ခါကိုယ်ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေကို လှုံ့ဆော်ပေးပါတယ်။ ဒီနည်းနဲ့ ခန္ဓါကိုယ်လုပ်ဆောင်မှုကို တိုးတက်စေတယ်၊ သဘာဝအတိုင်း မိမိကိုယ်မိမိ ပြန်လည်ကုသတဲ့ ဖြစ်စဉ် တိုးတက်စေတယ်လို့ ယုံကြည်ကြပါတယ်။ အပ်စိုက်ကုထုံး ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးနိုင်သလဲ နိုင်ငံအတော်များများက အသုံးပြုပြီးတဲ့နောက်မှာ အပ်စိုက်ကုထုံးဟာ ခေတ်မီဆေးလောကမှာ နေရာရလာပါတယ်။ ဒီကုထုံးက ခန္ဓါကိုယ်ရဲ့ စနစ်အမျိုးမျိုးကို လှုံ့ဆော်ပေးခြင်းဖြင့် နာကျင်မှုကို သက်သာအောင်၊ အိပ်ပျော်အောင်၊ အစာကြေအောင်၊ နေထိုင်ကောင်းအောင် ကူညီပေးနိုင်ပါတယ်။ နာတာရှည် နာကျင်မှုကို သက်သာစေခြင်း Acupuncturists တွေက ဆေးအပ်တွေကို ခန္ဓါကိုယ်အရေပြားရဲ့ သတ်မှတ်ထားတဲ့ အမှတ်တွေမှာ ထိုးစိုက်လိုက်ပါတယ်။ ကုသမှုခံယူဖူးသူရဲ့အဆိုအရ ကုသမှုအပြီး နာကျင်မှု မခံစားရဘူးလို့ ဆိုပါတယ်။ အပ်စိုက်တယ်ဆိုတာ ချီ (qi) […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း