အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Bee Stings (ပျားတုပ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bee Stings (ပျားတုပ်ခြင်း) ကဘာလဲ။ ပျားတုပ်ခြင်းဟာ တွေ့ရများတဲ့ ပြင်ပပြသနာတခု ဖြစ်ပါတယ်။ အများစုမှာတော့ မအီမသာဖြစ်ရုံလောက်ပဲ ဖြစ်ပြီး အိမ်တွင်းဆေးဝါးတွေနဲ့ သက်သာပျောက်ကင်း စေပါတယ်။ ဒါပေမယ့် ပျားဆိပ်ကို ဓါတ်မတည့်ရင်၊ အကြိမ်များစွာ အတုပ်ခံရရင် အရေးပေါ် ကုသမု လိုအပ်ပါတယ်။ Bee Stings (ပျားတုပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးပါဘူး။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBee Stings (ပျားတုပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခဏတာနာကျင်မှုကနေ ဆိုးရားတဲ့ ဓါတ်မတည့်ခြင်းအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တုံ့ပြန်တဲ့လက္ခဏာတမျိုးဟာ အတုပ်ခံရတိုင်း တပုံစံတည်း ဖြစ်မယ်လို့တော့ မဆိုလိုပါဘူး။ နောက်တကြိမ်မှာ ပိုဆိုးနိုင်ပါတယ်။ သိပ်မပြင်းထန်သော လက္ခဏာများ များသောအားဖြင့် ပျားတုပ်တဲ့အခါ သိပ်ပြင်းထန်လေ့မရှိဘဲ အောက်ပါလက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ပျားတုပ်သည့် နေရာတွင် စူးရှပူလောင်မှုကို ချက်ချင်းခံစားရခြင်း အတုပ်ခံရသည့်နေရာတွင် နီလာခြင်း အနည်းငယ်ရောင်ရမ်းလာခြင်း လူအများစုမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း) ကဘာလဲ။ သွေးမလျှောက်၍ပုပ်ခြင်းဆိုတာ သွေးစီးဆင်းမှုမရှိလို့ အရိုးတစ်သျှူးများ ပုပ်သွားခြင်း ဖြစ်ပါတယ်။ အရိုးပုပ်ခြင်းလို့လည်း ခေါ်ပြီး အရိုးအတွင်းမှာ ကျိုးပဲ့မှုလေးတွေ ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ အရိုးတချောင်းလုံး ကျိုးသွားနိုင်ပါတယ်။ အရိုးကျိုးသွားရင် အဆစ်လွဲရင် အရိုးရဲ့ အကန့်လေးတွေထဲကို သွေးမရောက်စေတော့ပါဘူး။ သွေးမလျှောက်၍ပုပ်ခြင်းဟာ စတီးရွိုက်ဆေးများကို ရေရှည်သောက်နေခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်းတွေနဲ့လည်း ဆက်စပ်နေပါတယ်။ Avascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသက် ၃၀နဲ့၆၀ကြားမှာ အဖြစ်များပါတယ်။ ရေရှည်အကျိုးဆက်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAvascular Necrosis (သွေးမလျှောက်၍ပုပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လူအများဟာ စဖြစ်ခါစမှာ သတိမထားမိတတ်ကြပါဘူး။ အခြေအနေတွေဆိုးလာတဲ့အခါ အလေးချိန်ကို ထမ်းထားရဲ့ အဆစ်ဟာ နာလာပါတယ်။ နောက်ဆုံးမှာ လှဲနေရင်တောင် နာတတ်ပါတယ်။ ဒါ့အပြင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Bedsores (pressure ulcers) ( အိပ်ရာနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bedsores (pressure ulcers) ( အိပ်ရာနာ) ကဘာလဲ။ အိပ်ရာနာကို ဖိအားကြောင့်ဖြစ်တဲ့ အနာလို့လည်းခေါ်ပြီး အရေပြားနဲ့တစ်သျှူးကို အချိန်ကြာမြင့်စွာ ဖိအားဖြစ်စေတဲ့အတွက် ဖြစ်လာတဲ့အနာပဲ ဖြစ်ပါတယ်။ အိပ်ရာနာအများစုဟာ ဖနောင့်၊ ခြေကျင်းဝတ်၊ တင်ပဆုံ၊ မြီးညောင့်ရိုး စတဲ့ အရိုးအမာခံရှိတဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။ အိပ်ရာနာဖြစ်ဖို့ အခွင့်အလမ်းများသူ အများစုဟာ ကျန်းမာရေးအခြေအနေကြောင့် အိပ်ရာပေါ်၊ ကုလားထိုင်ပေါ်မှာ အချိန်ကုန်လွန်နေရသူများဖြစ်ပြီး ကိုယ်ခန္ဓါအနေအထားကို ပြောင်းလဲဖို့ ခက်ခဲသူများပဲ ဖြစ်ပါတယ်။ အိပ်ရာနာဟာ လျင်မြန်စွာ ဖြစ်ပေါ်လာတတ်ပါတယ်။ အများစုဟာ ကုသလို့ ပျောက်ကင်းနိုင်ပေမယ့် တချို့ကတော့ ဘယ်တော့မှ မပျောက်ကင်းနိုင်တော့ပါဘူး။ Bedsores (pressure ulcers) ( အိပ်ရာနာ) က ဘယ်လောက်အဖြစ်များသလဲ ဆေးရုံ (သို့) အိမ်မှာ ပြုစုစောင့်ရှောက်ခြင်း ခံယူနေရသူများမှာ တွေ့ရများပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBedsores (pressure ulcers) ( […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Anal Pain (စအိုနာကျင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anal Pain (စအိုနာကျင်ခြင်း) ကဘာလဲ။ စအိုနာကျင်ခြင်းဆိုတာ စအိုအတွင်းနဲ့ စအိုဝတဝိုက်မှာ နာကျင်ခြင်း ဖြစ်ပါတယ်။ အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။ စအိုနာကျင်ခြင်းရဲ့ အကြောင်းရင်းအများစုက ကင်ဆာမဟုတ်ပေမယ့် နာကျင်ခြင်းကတော့ ဆိုးရွားလှပါတယ်။ စအိုတဝိုက်မှာ အာရုံကြော လမ်းဆုံးတဲ့နေရာတွေ အများကြီးရှိလို့ ဖြစ်ပါတယ်။ စအိုနာကျင်ခြင်းဟာ အူလှုပ်ရှားမှု မတိုင်မီ၊ လှုပ်ရှားနေချိန်နဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်နိုင်ပါတယ်။ သာမန်နာကျင်ခြင်းကနေ ဆိုးရွားလွန်းပြီး ပုံမှန် လှုပ်ရှားမှုတွေကို အနှောက်အယှက်ပေးလောက်တဲ့အထိ နာကျင်တတ်ပါတယ်။ အကြောင်းအရင်းများစွာရှိပြီး အများစုဟာ ကုသလိုပ ပျောက်ကင်းပါတယ်။ ဒါပေမယ့် စအိုနာကျင်နေခြင်းဟာ ၂၄-၄၈နာရီအတွင်း မပျောက်ရင် ဆရာဝန်ပြဖို့ လိုပါတယ်။ နာတဲ့အပြင် အဖျားရှိရင် ပိုပြီး ပြသသင့်ပါတယ်။ စအိုနာကျင်မှုကို ဖြစ်စေတဲ့အကြောင်းအရာတွေဟာ စအိုကနေ သွေးယိုခြင်းကိုလည်း ဖြစ်စေနိုင်ပြီး ပိုပြီး စိုးရိမ်ရပါတယ်။ နာကျင်ရတဲ့အကြောင်းအရင်းကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ မိမိဖာသာ ဝယ်ယူသေယက်သုံးနိုင်သော […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Ascariasis (သန်ထိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ascariasis (သန်ထိုးခြင်း) ကဘာလဲ။ သန်ထိုးခြင်း (သို့) အူထဲမှာသန်ကောင်ဖြစ်ခြင်းဆိုတာ ကမ္ဘာပေါ်မှာ တကိုယ်ရေသန့်ရှင်းရေး အားနည်းတဲ့ သမပိုင်းဇုန်ရော အပူပိုင်းဇုန်မှာပါ ဖြစ်ပွားတဲ့ ရောဂါတခုဖြစ်ပါတယ်။ အဲဒီဒေသမှာ လူတိုင်းဟာ ရောဂါဖြစ်စေတဲ့ ကပ်ပါးပိုးတွေအတွက် နေရာကောင်းတခုဖြစ်နေပါတယ်။ Ascariasis (သန်ထိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ တွေ့များပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAscariasis (သန်ထိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အများစုမှာတော့ လက္ခဏာမပြပါဘူး။ အတော်အသင့်ကနေ ဆိုးရွားတဲ့အဆင့်မှာတော့ လက္ခဏာမျိုးစုံပြနိုင်ပါတယ်။ ဘယ်နေရာကို ပိုးဝင်တာလဲဆိုတာပေါ် မူတည်ပါတယ်။ အဆုတ် သေးငယ်လှတဲ့ သန်ဥလေးတွေ ပါးစပ်ကနေ ဝင်ရောက်သွားပြီးချိန်မှာ အူထဲမှာအကောင်ပေါက်ပါတယ်။ သားလောင်းတွေဟာ သွေးကြော၊ ပြန်ရေကြောကတဆင့် အဆုတ်ထဲကို ရောက်သွားနိုင်ပါတယ်။ အဲဒီအချိန်မှာ ရင်ကျပ်ခြင်း၊ အဆုတ်ရောင်ခြင်းနဲ့တူတဲ့ ချောင်းဆိုးကြာရှည်ခြင်း အသက်ရှူခက်ခြင်း အသက်ရှူစဉ် အသံမြည်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အဆုတ်ထဲမှာ ၆-၁၀ရက်လောက်နေအပြီးမှာ လည်ချောင်းထဲကို ရောက်သွားနိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ အပေါ်ကိုတက်လာပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Acid Beta-Glucosidase Deficiency (Acid beta-glucosidase ချို့တဲ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acid Beta-Glucosidase Deficiency (Acid beta-glucosidase ချို့တဲ့ခြင်း) ကဘာလဲ။ စအိုနာကျင်ခြင်းဆိုတာ စအိုအတွင်းနဲ့ စအိုဝတဝိုက်မှာ နာကျင်ခြင်း ဖြစ်ပါတယ်။ အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။ စအိုနာကျင်ခြင်းရဲ့ အကြောင်းရင်းအများစုက ကင်ဆာမဟုတ်ပေမယ့် နာကျင်ခြင်းကတော့ ဆိုးရွားလှပါတယ်။ စအိုတဝိုက်မှာ အာရုံကြော လမ်းဆုံးတဲ့နေရာတွေ အများကြီးရှိလို့ ဖြစ်ပါတယ်။ စအိုနာကျင်ခြင်းဟာ အူလှုပ်ရှားမှု မတိုင်မီ၊ လှုပ်ရှားနေချိန်နဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်နိုင်ပါတယ်။ သာမန်နာကျင်ခြင်းကနေ ဆိုးရွားလွန်းပြီး ပုံမှန် လှုပ်ရှားမှုတွေကို အနှောက်အယှက်ပေးလောက်တဲ့အထိ နာကျင်တတ်ပါတယ်။ အကြောင်းအရင်းများစွာရှိပြီး အများစုဟာ ကုသလိုပ ပျောက်ကင်းပါတယ်။ ဒါပေမယ့် စအိုနာကျင်နေခြင်းဟာ ၂၄-၄၈နာရီအတွင်း မပျောက်ရင် ဆရာဝန်ပြဖို့ လိုပါတယ်။ နာတဲ့အပြင် အဖျားရှိရင် ပိုပြီး ပြသသင့်ပါတယ်။ စအိုနာကျင်မှုကို ဖြစ်စေတဲ့အကြောင်းအရာတွေဟာ စအိုကနေ သွေးယိုခြင်းကိုလည်း ဖြစ်စေနိုင်ပြီး ပိုပြီး စိုးရိမ်ရပါတယ်။ နာကျင်ရတဲ့အကြောင်းအရင်းကို အလွယ်တကူ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Acid Maltase Deficiency (Acid maltase ချို့တဲ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acid Maltase Deficiency (Acid maltase ချို့တဲ့ခြင်း) ကဘာလဲ။ Acid maltase ချို့တဲ့ခြင်းကို Pompeရောဂါလို့လည်း သိကြပြီး ဆဲလ်တွေထဲမှာ ဂလိုင်ကိုဂျင်ဓါတ်တွေ အများအပြား စုဝေးနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို အမ်စတာဒမ်မြို့မှ JC Pompeဟာ ၁၉၃၂ မှာ ပထမအကြိမ် တင်ပြခဲ့ပါတယ်။ Pompeဟာ အသက် ၇လသမီးအရွယ် မိန်းကလေးတဦးအနေနဲ့ အဆုတ်ရောင်ခြင်းကို သေလုမျောပါး ခံစားရပုံကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ရင်ခွဲစစ်ဆေးမှုအရ နှလုံးဟာ ပုံမှန်အဆို့ရှင်ရှိပေမယ့် ပုံမှန်ထက် ပိုကြီးနေတာကို တွေ့ရပါတယ်။ ဒီရောဂါကို Pompeရောဂါကို အမည်ပေးခဲ့ပါတယ်။ အောက်ပါ သဘောသဘာဝတွေ ရှိပါတယ်။ ကလေးငယ်များတွင်တွေ့ရခြင်း ကလေးကြီးများတွင် တွေ့ရခြင်း ငယ်ရွယ်သူများတွင် တွေ့ရခြင်း အရွယ်ရောက်ပြီးသူများတွင် တွေ့ရခြင်း Acid Maltase Deficiency (Acid maltase ချို့တဲ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ Acid […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း) ကဘာလဲ။ အဒီနိုဆင်းဒီအမိုင်းနေ့စ် ချို့တဲ့ခြင်းဟာ မျိုးရိုးဗီဇ ချို့ယွင်းမှု တခုဖြစ်ပြီး ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။ ဆိုးရွားစွာပေါင်းစပ်တဲ့ ကိုယ်ခံအားချို့တဲ့ခြင်း (SCID)ကို ဖြစ်ပေါ်စေပါတယ်။ SCID ရှိသူများဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုစွဲပြသနာတွေအတွက် ကိုယ်ခံအားမရှိသလို ထင်ရပါတယ်။ ဆိုးရွားပြီး အသက်အန္တရာယ်ရှိတဲ့ ရောဂါပိုးဝင်ခြင်းတွေ ထပ်တလဲလဲ ဖြစ်လွယ်စေပါတယ်။ အဲဒီရောဂါပိုးကူးစက်မှုများဟာ ပုံမှန်ကိုယ်ခံအား ရှိသူတွေမှာ မဝင်ရောက်နိုင်တဲ့ ရောဂါပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ Adenosine Deaminase Severe Combined Immunodeficiency (ADA-SCID) (အဒီနိုဆင်းဒီအမိုင်းနေ့စ် ဆိုးရွားစွာ ပေါင်းစပ်၍ ကိုယ်ခံအားလျော့နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဒီနိုဆင်းဒီအမိုင်းနေ့စ် ချို့တဲ့ခြင်းဟာ အင်မတန်ရှားပါးပါတယ်။ ကမ္ဘာတဝှမ်းက မွေးကင်းစကလေး ၂သိန်းကနေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Hypotension (သွေးပေါင်ကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypotension (သွေးပေါင်ကျခြင်း) ကဘာလဲ။ သွေးပေါင် ၉၀/၆၀ အောက်ရုတ်တရတ်ကျဆင်းသွားခြင်းကို ဆိုလိုပါတယ်။ သွေးပေါင်ကျခြင်းဟာ နှလုံးညှစ်အားနည်းသွားခြင်းကြောင့် သွေးပမာဏလည်း လျော့ကျသွားစေပါတယ်။ သွေးပေါင်ဖတ်ရာမှာ အပေါ်သွေး၊ အောက်သွေး ဆိုပြီးနှစ်မျိုးရှိတယ်။ အပေါ်သွေးမှာ နှလုံးခုန်ပြီး သွေးများဖြည့်လိုက်ခြင်းကြောင့် သွေးလွှတ်ကြောထဲတွင် ဖြစ်ပေါ်သွားသော ဖိအားဖြစ်ပြီး အောက်သွေးမှာတော့ နှလုံးခေတ္တနားနေစဉ် သွေးလွှတ်ကြောထဲမှာရှိသော ဖိအားဖြစ်ပါတယ်။ သွေးဖိအား ၉၀/၆၀ တနည်းအားဖြင့် အပေါ်သွေး ၉၀ နဲ့အောက်၊ အောက်သွေး ၆၀ နဲ့အောက်ရှိနေပါက သွေးပေါင်ကျတယ်လို့ ခေါ်နိုင်ပါတယ်။ သွေးပေါင်ကျခြင်းဟာ ကျန်းမာရေးအခြေအနေ တော်တော်များများရဲ့လက္ခဏာတစ်ခုဖြစ်ပြီး အထူးသဖြင့် အသက်ကြီးသူတွေမှာ သက်ရောက်မှုများစွာလည်းဖြစ်စေပါတယ်။ ဒါပေမယ့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေ၊ အချိန်ကြာမတ်တပ်ရပ်ခြင်း၊ ထိုင်နေရာ အိပ်နေရာမှ မတ်တပ်ရပ်လိုက်ခြင်းတွေဟာလည်း သင့်သွေးပေါင်ကျစေနိုင်ပါတယ်။ ဒါကို orthostatic hypotension ခေါ် ကိုယ်နေဟန်ထားကြောင့် သွေးပေါင်ကျရခြင်း လို့ခေါ်လေ့ရှိတယ်။ Hypotension (သွေးပေါင်ကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းမှာဖြစ်နိုင်ပြီး […]


အခြေခံကျန်းမာရေး

Chronic Fatigue Syndrome (နာတာရှည် မောပန်းလွယ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) ကဘာလဲ။ နှာတာရှည် မောပန်းလွယ်သောရောဂါဆိုသည်မှာ အဆမတန်မောပန်းလွယ်ပြီး အနားယူလိုက်သော်လည်းမသက်သာပဲ ဘာရောဂါကြောင့်ဖြစ်သည်ကိုလည်းအတိအကျမဖြေရှင်းနိုင်ပါ။ မိုင်ရဲဂျစ် ဦးနှောက်အမြှေးပါးယောင်ခြင်း သို့မဟုတ် ခန္ဒါကိုယ်တခုလုံး ပင်ပန်းမှုမခံနိုင်သောရောဂါဟုလည်းခေါ်သည်။ ဖြစ်စေသောအကြောင်းအရင်းအားတိတိကျကျမသိသော်လည်း အချို့လေလာချက်များက ဗိုင်းရပ်ပိုးကြောင့်သို့မဟုတ် စိတ်ပိုင်းဆိုင်ရာဖိအားများခြင်း သို့မတုတ် အကြောင်းအရင်းများပေါင်းဆုံမှုကြောင့်ဖြစ်သည်ဟုဆိုသည်။ ရောဂါလက္ခဏာတူသော အခြားရောဂါများလဲရှိခြင်းကြောင့် ဤရောဂါဟု အတည်ပြုရန်ခက်ခဲလိမ့်မည်။ နှာတာရှည်မောပန်းလွယ်ရောဂါအတွက် စမ်းသက်မှုသီးသန့်မရှိခြင်းကြောင့် အခြားရောဂါမဟုတ်သည်ဟု အရင်ဖယ်ရန်သင့်ဆရာဝန်မှ်ကြီုးစားလိမ့်မည်။ Chronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းတွင်ဖြစ်နိုင်သောလည်း အသက် လေးဆယ် ငါးဆယ်ရှိ မိန်းမများတွင်ပိုဖြစ်တတ်သည်။ လက်ရှိကုသရန်နည်းလမ်းမရှိသေးပါ။ ရောဂါလက္ခဏာသက်သာရန်သာလုပ်နိုင်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများChronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ နှာတာရှည်မောပန်းလွယ်ခြင်း တွင် တရားဝင်လက္ခဏာရှစ်ခုနှင့် အဓိပါလ်ဖွင့်ဆို၍ရသောလက္ခဏာများ မောပန်းလွယ်ခြင်း မှတ်ညာဏ်များပျက်ဆီးခြင်း လည်ချောင်းနာခြင်း လည်ပင်း လက်မောင်းရှိအကျိတ်ကြီးခြင်း အကြောင်းပြချက်မရှိကြွက်သားများနာခြင်း အဆစ်တခုနာခြင်းမှ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း