backup og meta

kinesiology တိပ်က ပြန်ရည်ကြောစီးဆင်းမှုကို ဘယ်လိုကူညီပေးသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    kinesiology တိပ်က ပြန်ရည်ကြောစီးဆင်းမှုကို ဘယ်လိုကူညီပေးသလဲ

    kinesiology တိပ်ဆိုတာ သင်ကြားဖူးပါသလား။ ဒီတိပ်ဟာ ထိခိုက်ဒါဏ်ရာရမှုတွေ၊နာကျင်မှုတွေကို ကုသပေးနိုင်တဲ့ အဖြေတခုဖြစ်တယ်ဆိုတာရော သင်သိပါသလား။ ဒါတင်မကသေးပါဘူး၊kinesiology တိပ်ဟာ ပြန်ရည်ကြောကောင်းစွာ စီးဆင်းအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။

    ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ထပ်မံသိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

    kinesiology တိပ်ဆိုတာဘာလဲ။

    ကြွက်သားနဲ့ အဆစ်အမြစ်တွေကို ပံ့ပိုးပေးနိုင်ဖို့ အထူးပြုလုပ်ထားတဲ့တိပ်တွေကို kinesiology တိပ်လို့ခေါ်ပါတယ်။kinesiology တိပ်ဟာ ပေါ့ပါးပြီး ပါးလျတဲ့ တိပ်လေးတွေ ဖြစ်ပါတယ်။ သုံးဖို့လိုတဲ့အချိန်မှ လိုသလောက်ညှပ်နိုင်တဲ့ kinesiology တိပ်ခွေပုံစံလည်း ရှိသလို ညှပ်ပြီးသား အပိုင်းလေးတွေ ပုံစံနဲ့ လာတာမျိုးလည်း ရှိတဲ့အတွက် နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

    အဆိုပါ တိပ်ကလေးတွေဟာ သင့်အရေပြားမှာ ကပ်နေမှာဖြစ်ပြီး သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်ခြင်း၊ကိုယ်ခန္ဓါပြန်လည်သန်စွမ်းမှုကို အားပေးခြင်း၊ဒါဏ်ရာတွေကို လျင်မြန်စွာ ပြန်လည်သက်သာစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။kinesiology တိပ်ကို ဆရာဝန်က ကပ်ပေးနိုင်သလို ကိုယ့်ဖာသာလည်း ကပ်လို့ရပါတယ်။

    ဒါပေမယ့် ကျွမ်းကျင်သူဆရာဝန်က ကပ်ပေးတာတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ကျွမ်းကျင်သူအနေနဲ့ kinesiology တိပ်တွေ သင့်ခန္ဓါကိုယ်မှာ အနေအထား မှန်ကန်စွာ ကပ်နေအောင် နည်းမှန်လမ်းမှန်တွေ အသုံးပြုပြီး ကပ်ပေးနိုင်ပါတယ်။ ဒီ kinesiology တိပ်တွေကပ်ထားတာကြောင့် သင့်ခန္ဓါကိုယ်ရဲ့ လှုပ်ရှားမှုကို အနှောင့်အယှက်ပေးခြင်း မရှိပါဘူး။

    ပြန်ရည်စီးဆင်းမှုဆိုတာ ဘာလဲ။

    ပြန်ရည်စီးဆင်းခြင်းဟာ ခန္ဓါကိုယ်မှာ အရေးပါတဲ့ ဖြစ်စဉ်တခု ဖြစ်ပြီး ပြန်ရည်အဖုတွေဟာ ခန္ဓါကိုယ်ရဲ့ သဘာဝ ခံစစ်ကြီး ဖြစ်ပါတယ်။ ခန္ဓါကိုယ်မှာ ရှိတဲ့အရည်တွေဟာ အဆိုပါ ပြန်ရည်ဖုတွေကို ဖြတ်သန်းစီးဆင်းရပြီး ခန္ဓါကိုယ်ထဲမှာ မရှိသင့်တဲ့ ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ အခြားသောပြင်ပ ပစ္စည်းတွေကို ပြန်ရည်ဖုတွေက တားဆီးထားလိုက်နိုင်မှာ ဖြစ်ပါတယ်။

    တကယ်လို့ ပုံမှန်အတိုင်း ပြန်ရည်စီးဆင်းမှု မရှိခဲ့ဖူးဆိုရင် ဒီလိုပိတ်ဆို့နေတဲ့ နေရာတွေမှာ အရည်တွေစုပုံလာမှာပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ သင့်ခြေတွေ၊လက်တွေ ဖောရောင်လာမှာဖြစ်ပြီး လှုပ်ရှားသွားလာမှုတွေလည်း ကောင်းစွာ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

    kinesiology တိပ်က ပြန်ရည်စီးဆင်းမှုကို ဘယ်လိုကူညီပေးသလဲ။

    ပြန်ရည်ကြောပိတ်ဆို့မှုကုသခြင်းတွေမှာ ရံဖန်ရံခါဆိုသလို kinesiology တိပ်တွေကို အသုံးပြုလေ့ရှိကြပါတယ်။kinesiology တိပ်တွေကို အရေပြားမှာ ကပ်ရမှာဖြစ်ပြီး ဒီလို ကပ်ပေးခြင်းအားဖြင့် အရေပြားနဲ့ ကြွက်သားအကြားမှာရှိတဲ့ နေရာလွတ်ကို ကျယ်လာစေမှာ ဖြစ်ပါတယ်။

    ဒါဆိုရင် ခန္ဓါကိုယ်တွင်း အရည်စီးဆင်းမှုတွေ (သွေးနဲ့ ပြန်ရည် စသည်)ကို ပိုကောင်းလာစေမှာဖြစ်တာကြောင့် kinesiology တိပ်တွေဟာ ဖောရောင်ခြင်း နဲ့ နာကျင်ခြင်းတို့ကို သက်သာစေပြီး ဒါဏ်ရာအနာတရတွေကိုလည်း လျင်မြန်စွာ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသီအိုရီမှန်ကန်ကြောင်း သက်သေပြနိုင်ဖို့ ခိုင်မာတဲ့ အချက်အလက်တွေတော့ မရှိသေးပါဘူး။

    kinesiology တိပ်တွေဟာ ဖောရောင်ခြင်းကို ပိုဆိုးသွားစေတာမျိုးတော့ လုံးဝမရှိတဲ့အတွက် သူတို့ကို အသုံးပြုဖို့ သင့်ဆရာဝန်က ညွှန်ကြားရင်တော့ စမ်းသုံးကြည့်နိုင်ပါတယ်။ ဒါပေမယ့် ထိခိုက်ပေါက်ပြဲအနာဖြစ်နေတဲ့ အရေပြား၊ထိရှလွယ်တဲ့ အရေပြားပေါ်ကိုတော့ မကပ်သင့်ပါဘူး။

    ပြန်ရည်ကြောစီးဆင်းမှုအတွက် အသုံးပြုဖို့ အထူးတလည် ပြုလုပ်ထားတဲ့ ပုံစံ

    ပြန်ရည်ကြောစီးဆင်းမှုအတွက် အသုံးပြုဖို့ အထူးစီမံပြုလုပ်ထားတဲ့ ပုံစံကို ပန်ကာကြိုးပြားလေးတွေလို့လည်း ခေါ်ပါတယ်။ ဒီပုံစံမှာ တိပ်ပြားရဲ့ အစွန်းတဖက်က အပိတ်ဖြစ်ပြီး တခြားနေရာတွေမှာတော့ အပြားသေးသေးရှည်ရှည်လေးတွေအဖြစ် ကွဲဖြာသွားပါတယ်။

    သူတို့ကို သင့်အရေပြားမှာ ကပ်လိုက်တဲ့အခါ ပန်ကာဒလက်ပုံစံအနေအထားမျိုး ဖြစ်သွားပါတယ်။ ကြိုတင်ဖြတ်ထားပြီးသား ပန်ကာကြိုးပြားလေးတွေဟာ ပြန်ရည်ကြောစီးဆင်းမှုကို ပိုမိုကောင်းမွန်စေနိုင်သလို ခြေထောက်ခေါက်ခြင်း၊ခွဲစိတ်မှုခံယူထားခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဖောရောင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    Kinesiology တိပ်တွေကို ဆက်လက်သုတေသနပြုလျက်ရှိပါတယ်။ တိကျခိုင်မာတဲ့ စမ်းသပ်ချက်အဖြေတွေ မရှိသေးသော်ငြား ပြန်ရည်ကြောစီးဆင်းမှု ပိုမိုကောင်းမွန်စေဖို့အတွက် Kinesiology တိပ်တွေကို စမ်းသုံးကြည့်သင့်ပါတယ်။ ဒါပေမယ့် အသုံးမပြုခင်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ အရင်တိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement