အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

ဟဲ့ ...... ဈေးက ပြန်လာပြီလား။ ကိုဗစ် ပါလာဦးမယ်။ ကိုဗစ် ကြောက်တယ်။ ဝယ်လာတဲ့ ပစ္စည်းတွေကို ပိုးသတ်ဆိုလို့ အရက်ပြန်ဗူးကြီး ယူပြီး အားရပါးရ စပရေးဖြန်း ပိုးသတ်နေပြီလား................... မလုပ်ပါဘူး။ ဒါဆို ထပ်မေးချင်တာက ဆပ်ပြာရည်တွေ အားပါတရဖျော်ပြီး ဝယ်လာတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စိမ်ပစ်နေတာလား......... ဒါတွေက ပိုးသေစေတယ်ဆိုပေမယ့် အလွန်အကျွံဆိုရင် အဆင်မပြေတာ အမှန်ပါ။ ဒီတော့ အစားအသောက်တွေကို ဘယ်လို စနစ်တကျ ပိုးသတ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။ အစားအသောက်တွေကို ပိုးသတ်ပေးနိုင်မယ့် သဘာဝစစ်စစ်တွေ အစားအသောက်တွေမှာ ကပ်ညှိလာတဲ့ ပိုးတွေကို ဆားရည် ဆားရည်က ဟင်းသီးဟင်းရွက်တွေမှာ ကပ်ညှိနေတဲ့ ပိုးသတ်ဆေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အသီးအရွက်တွေရဲ့ အာဟာရတန်ဖိုး နဲ့ အရသာကိုလည်း မထိခိုက်စေပါဘူး။ ပိုးမွှားတွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အရင်ဆုံး ရေနွေးနွေး ၄ ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

အသီးအရွက်တွေကို ကြိုက်တယ်။ အစိမ်းစားရတာလည်း သဘောကျတယ်။ ကြော်စား၊ ချက်စားရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အသီးအရွက်တွေက မသန့်ဘဲ ပိုးတွေပါလို့ ကျန်းမာရေး ထိခိုက်မှာလည်း စိုးတယ်။ ဒီတော့ အသီးအရွက်တွေကို သန့်စင်အောင် ရေအထပ်ထပ်ဆေးပါတယ်။ ဒီလိုကျတော့လည်း အာဟာရတွေ ပျက်သွားမှာ စိုးတယ်။ ဘာလုပ်လို့ လုပ်ရမယ် မိသဘူး ဆိုတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ အသီးအရွက်တွေကို အာဟာရ မပျက်စေဘဲ သန့်ရှင်းစင်ကြယ်အောင် ဘယ်လို ဆေးကြောရမလဲဆိုတာကို ပြောပြပေးပါရစေ။ အသီးအရွက်တွေကို အာဟာရ မပျက်စေဘဲ စင်ကြယ်စေဖို့ အသီးအရွက်တွေကို ဝယ်လာပြီဆိုတာနဲ့ ပိုးသေအောင် စင်ကြယ်အောင်ဆိုပြီး ရေအထပ်ထပ်ဆေးတာ ရှိသလို ဆပ်ပြာရည် သုံးပြီး ဆေး​ကြောတာတွေလည်း ရှိပါတယ်။ တကယ်ကတော့ ဒီနည်းလမ်းတွေက အသီးအရွက်တွေမှာပါတဲ့ အာဟာရတန်ဖိုးကို ပျက်စေနိုင်ပြီး စားလိုက်ရင် အရသာမရှိတာလိုမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ပင်ကိုယ် အာဟာရနဲ့ အရသာလည်း […]


အခြေခံကျန်းမာရေး

ဆီလီနီယံချို့တဲ့ခြင်းအကြောင်း

ဆီလီနီယံဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်း ဖြစ်ပေါ်ခြင်း၊ ဒီအန်အေဖွဲ့စည်းခြင်း၊ မျိုးဆက်ပွားလုပ်ငန်းတာဝန်များ လုပ်ဆောင်ခြင်း၊ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ခြင်း စတာတွေအတွက် အရေးပါပါတယ်။ ကိုယ်ခန္ဓာထဲမှာ ဆီလီနီယံချို့တဲ့လာရင် ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေမှာ ဆီလီနီယံဓာတ် ဘယ်လောက်ပါဝင်သလဲဆိုတာ သူတို့ကို စိုက်ပျိုးတဲ့ မြေဆီလွှာအရည်အသွေးပေါ်မှာ မူတည်ပါတယ်။ မိုးရေတိုက်စားခြင်း၊ ရေငွေ့ပျံခြင်း၊ pH ပမာဏ ပြောင်းလဲခြင်း စတာတွေဟာ အပင်တွေရဲ့ ဆီလီနီယံပါဝင်မုအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြော့်မို့ ကမ္ဘာ့နေရာဒေသအလိုက် ဆီလီနီယံချို့တဲ့မှု အနည်းအများ ကွာခြားတတ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဟာလည်း အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဆီလီနီယံဟာ ဘာအတွက် အရေးပါသလဲ ဆီလီနီယံဟာ ကိုယ်ခန္ဓာရဲ့ အရေးကြီးလုပ်ငန်းတာဝန်တွေမှာ ပါဝင်ပါတယ်။ ဟော်မုန်းစနစ်၊ ကိုယ်ခံစွမ်းအားစနစ်၊ နှလုံးနဲ့သွေးကြောစနစ် စတာတွေမှာ အဓိကနေရာက ပါဝင်ပါတယ်။ ဟော်မုန်းစနစ်မှာ တစ်ခုအပါအဝင်ဖြစ်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပထမဆုံးအကြိမ် ကြောင်မွေးမယ့်သူတိုင်း ဖတ်ပေးဖို့…

ပထမဆုံးအကြိမ် ကြောင်မွေးမယ့်သူတိုင်း ဖတ်ပေးဖို့… သင်က ကြောင်ချစ်တတ်တဲ့သူတစ်ဦးလား။ ကိုယ့်အိမ်မှာ ကြောင်လေးတစ်ကောင်လောက် မွေးမယ်လို့ရော စဉ်းစားထားတာလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် အဆင်ပြေစေမှာပါ။ ပထမဆုံးအကြိမ် ကြောင်မွေးတော့မယ့် မိသားစုတွေအတွက် သိထားသင့်တဲ့၊ ပြင်ဆင်ထားသင့်တဲ့အရာတွေကို ဒီဆောင်းပါးမှာ ဖတ်ရှုရင်း ကိုယ့်ကြောင်လေးအတွက် အနွေးထွေးဆုံးအိမ်ဂေဟာလေး ဖြစ်အောင် ဖန်တီးလိုက်ကြရအောင်နော်။ ပထမဆုံးအကြိမ် ကြောင်မွေးမယ့်သူတိုင်း ဖတ်ပေးဖို့… ပထမဆုံးအကြိမ် ကြောင်မွေးမယ့်သူတိုင်း ဖတ်ပေးဖို့… လိုအပ်မယ့် အချက်လေးတွေကတော့ ဒီအချက်လေးတွေပါ။ ကြောင်မွေးတဲ့ဆိုင်တွေနဲ့ ကြောင်အမျိုးအစားတွေကို သေချာစုံစမ်းထားပါ။ ကိုယ့်အိမ်အနီးပတ်ဝန်းကျင်မှာ ဘယ်လိုကြောင်အမျိုးအစားတွေ ရှိလဲ၊ ဘယ်ကြောင်လေးကတော့ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် ကိုက်ညီမလဲပေါ် မူတည်ပြီး သေချာရွေးချယ်ပါ။ ကိုယ်မွေးမယ့် ကြောင်အမျိုးအစားနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အရာတွေ၊ သိထားသင့်တဲ့ အချက်တွေကို အွန်လိုင်းကနေဖြစ်စေ၊ ဆိုင်ပိုင်ရှင်ကိုဖြစ်စေ သေချာမေးမြန်းပါ။ စွန့်ပစ်ကြောင်ကို မွေးမှာလား။ မြန်မာနိုင်ငံမှာ စွန့်ပစ်ခွေးထက် စွန့်ပစ်ကြောင်အရေအတွက်က ပိုများပါတယ်။ တချို့ကလည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပထမဆုံးအကြိမ် ခွေးမွေးတော့မယ်ဆိုရင် ဒါတွေကို သိထားပေးပါ

သင်က ခွေးချစ်တတ်တဲ့သူတစ်ဦးလား။ ကိုယ့်အိမ်မှာ ချစ်စရာ ခွေးလေးတစ်ကောင်လောက် မွေးမယ်လို့ရော စဉ်းစားထားတာလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် အဆင်ပြေစေမှာပါ။ ပထမဆုံးအကြိမ် ခွေးမွေးတော့မယ့် မိသားစုတွေအတွက် သိထားသင့်တဲ့၊ ပြင်ဆင်ထားသင့်တဲ့အရာတွေကို ဒီဆောင်းပါးမှာ ဖတ်ရှုရင်း ကိုယ့်ခွေးလေးအတွက် အနွေးထွေးဆုံးအိမ်ဂေဟာလေး ဖြစ်အောင် ဖန်တီးလိုက်ကြရအောင်နော်။ အရင်ဆုံး ကိုယ်က ဘယ်လိုခွေးမျိုးမွေးချင်တာလဲဆိုတာ သေချာစဉ်းစားပါ။ လူအများစုကတော့ ခွေးမွေးမယ်ဆိုရင် ပေါက်စလေး ဒါမှမဟုတ် ၆လ၊ တစ်နှစ်အောက် ခွေးလေးတွေကို မွေးတာများပါတယ်။ ခွေးငယ်ငယ်လေး မွေးတဲ့အခါ ကိုယ်ကပဲ အစအဆုံးသေချာပြုစုစောင့်ရှောက်ပေးရတာ ဖြစ်တဲ့အတွက် ကိုယ်နဲ့ ကိုယ့်မိသားစုအပေါ် ပိုသံယောဇဉ်တွယ်နိုင်လို့ပါ။ ခွေးအမျိုးအစားကို ရွေးချယ်တဲ့အခါ လက်ရှိ ကိုယ်နေတဲ့ မြို့အတွင်းမှာ ခွေးရောင်းတဲ့ဆိုင်တွေနဲ့ အဲဒီဆိုင်တွေမှာ ဘယ်လိုအမျိုးအစားတွေ ရလဲဆိုတာ သေချာစုံစမ်းထားဖို့ လိုအပ်ပါတယ်။ ဒီလိုစုံစမ်းထားမှ ကိုယ့်အနေနဲ့ အွန်လိုင်းကနေ ဒါမှမဟုတ် သိကျွမ်းနားလည်သူများနဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ

တကယ်လို့ သင်ဟာ အရက်ဖြတ် ဖို့ ကြိုးစားနေသူ တစ်ဦးဆိုပါက အရက် စဖြတ်ချိန်မှာ ရရှိနိုင်တဲ့ ဆိုးကျိုးတွေကြောင့် တွန့်ဆုတ်နေရပြီလား။ အရက် ဖြတ်လိုက်ရင် ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုတဲ့အတွက်လည်း ကြိုးစားပြီး အရက် ဖြတ်ချင်ကြပါလိမ့်မယ်။ ယခုဆောင်းပါးလေးမှာတော့ အရက် ဖြတ်လိုက်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်မယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။ အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ ဆိုတော့ အရက် စဖြတ်ပြီဆိုတာ နှင့် သင့်တစ်ကိုယ်လုံးမှာ အောက်ပါ အချက်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ (၁) အရက်နာကျခြင်း ထူးဆန်းတာက ဒီလို အရက်နာကျ လက္ခဏာကို ခံစားနေရခြင်းဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ အရက်ကို အမြဲ သောက်သုံးနေရာကနေ ရုတ်တရက် ရပ်တန့်ပစ်မယ်ဆိုပါက ဆေးဝါး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား

တိရစ္ဆာန်လေးတွေကို ချစ်ကြတဲ့ တိချစ်သူတိုင်းလိုလိုမှာ အိမ်မှာ မွေးထားတဲ့ အိမ်မွေးအကောင်လေးတွေ ကိုယ်စီရှိကြမှာပါ။ မိမိချစ်တဲ့အကောင်လေးတွေ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ဖို့ကို အားလုံး ဆန္ဒရှိကြမယ်လို့ထင်ပါတယ်။ သူတို့လေးတွေ ကျန်းမာဖို့ရန်အတွက် ကာကွယ်ဆေးထိုးပေးဖို့ လို မလိုဆိုတာဟာ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ကဲ .... အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား ဆိုတော့ ကာကွယ်ဆေးထိုးရခြင်းရဲ့ ရည်ရွယ်ချက်တွေကို စဉ်းစားကြည့်ကြပါစို့။ သူတို့လေးတွေရဲ့ အသက်အန္တရာယ်ကို ထိပါးရန်ရှာလာနိုင်တဲ့ ရောဂါဆိုးတွေဆီက ကင်းဝေးဖို့ရန် ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်မွေးမြူပေးရန် ခွေးရူးရောဂါကဲ့သို့သော အိမ်မွေးတိရစ္ဆာန်လေးတွေဆီကနေ လူတွေဆီသို့ ကူးစက်နိုင်တဲ့ရောဂါတွေကို ကြိုတင်တားဆီးနိုင်ရန် ကာကွယ်ဆေးမထိုးရင် ဖြစ်လာမယ့်ရောဂါတွေဟာ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ ကုသလို့ ရနိုင်ခဲ့ရင်တောင်မှ အချိန်ကြာကြာကုရမှာပါ။ သူတို့လေးတွေဟာလည်း ရောဂါဒဏ်ကို တော်တော်လေးခံရမှာပါ။ သင့်ကိုလည်း ငွေကုန်လူပန်းဖြစ်စေမှာပါ။ အိမ်မွေးခွေးလေးတွေမှာဆိုရင် ဘယ်လိုရောဂါတွေကို ကာကွယ်ပေးနိုင်သလဲ။ အောက်ပါရောဂါတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ Parvovirus […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား

အိမ်မှာပဲ အလုပ်လုပ်တယ်ဆိုတာ လူတိုင်းအတွက် လွယ်ကူတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အထူးသဖြင့် ကလေးတွေ များလွန်းတဲ့အိမ်တွေမှာဆိုရင် အလုပ်လုပ်ရတာ တော်တော်စိတ်ညစ်စရာကောင်းပါတယ်။ ကလေးတွေကိုယ်တိုင်ကလည်း အပြင်ထွက် ဆော့ကစားလို့မရတဲ့အခါ အိမ်ထဲမှာပဲ ပြေးလွှားဆော့ကစားကြရတယ်။ ပစ္စည်းတစ်ခုခု ပြုတ်ကျအောင် လုပ်မိတာမျိုး၊ သွေးထွက်သံယို မတော်တဆ တစ်ခုခု ဖြစ်တာ၊ အသံအကျယ်ကြီး အော်တာ၊ ရုပ်ရှင်၊ ကာတွန်းကားဖွင့်ကြည့်တာမျိုး လုပ်နေတဲ့အခါ ကိုယ့်ရဲ့ အလုပ်လုပ်ချင်စိတ်ကို သွားပြီး အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါဆို ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား ။ ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား ဆိုတော့ မဟုတ်ပါဘူး။ ဒီအချက်လေးတွေကိုပဲ ဂရုစိုက်ဖို့ လိုပါမယ်။ ဒီအချက်တွေက ကလေးရှိတဲ့ မိသားစုတွေအတွက်သာမက တစ်ယောက်တည်း နေထိုင်သူတွေအတွက်ပါ အသုံးဝင်တဲ့ နည်းလမ်းတွေပါ။ ရုံးမှာလိုမဟုတ်ဘဲ ကိုယ့်အိမ်မှာ စိတ်လွတ်လက်လွတ် လုပ်လို့ရတဲ့အချက်ကြောင့်လည်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

စတီးရွိုက်ဆိုတာ ခန္ဓာကိုယ်အတွက် မရှိမကောင်း ရှိမကောင်းပါပဲ။ မရှိရင်လည်း မကောင်းသလို လိုတာထက် ပိုနေပြန်ရင်လည်း နောက်ဆက်တွဲရောဂါတွေ ရလာနိုင်ပါတယ်။ ဒီတော့ ကိုယ်ထဲမှာ ရှိသင့်တဲ့ ပမာဏအတိုင်း ရှိနေတာပဲ ကောင်းပါတယ်။ စတီးရွိုက်တွေ လိုတာထက် ပိုများလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဘာတွေ ပြောင်းလဲသွားနိုင်ဆိုတာ ကြည့်ကြည့်ရအောင်။ စတီးရွိုက်တွေ လိုတာထက် များလာတဲ့အခါ ကျောက်ကပ်ရဲ့ အပေါ်နားလေးမှာ အဒရီနယ်ဂလင်းဆိုတာ ရှိပါတယ်။ ဒီဂလင်းကနေ ကော်တီစောဟော်မုန်းလို့ခေါ်တဲ့ စတီးရွိုက်ကို သဘာဝအတိုင်း ထုတ်ပေးပါတယ်။ တစ်ခါတလေ ရောဂါတစ်ခုခုရှိတဲ့အခါ (ဥပမာ ပန်းနာရင်ကြပ်တို့ အရေပြားလေးဖက်နာတို့) ကုသတဲ့အနေနဲ့ အပြင်ကနေ စတီးရွိုက်တွေ ပေးရပါတယ်။ ဒါကတော့ လူလုပ်စတီးရွိုက်တွေပေါ့။ ကိုယ်ထဲက စတီးရွိုက်တွေပဲ ထုတ်တာများများ၊ အပြင်က လူလုပ်စတီးရွိုက်တွေပဲ သောက်တာများများ ကိုယ်ထဲမှာ စတီးရွိုက်တွေ ပုံလာပြီဆိုရင် ရောဂါတစ်ခုဖြစ်လာပါတယ်။ ဒါကို Cushing […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စတီးရွိုက်တွေကို ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်

စတီးရွိုက်ဆိုတာ ကိုင်ရတွယ်ရခက်တဲ့ဆေးထဲမှာ ပါပါတယ်။ သိပ်လည်း အစွမ်းထက်သလို မသုံးတတ်ရင် အန္တရာယ်လည်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဉာဏ်နဲ့ ယှဉ်ပြီး သုံးရတဲ့ ဆေးဖြစ်တဲ့အတွက် သမားကိုင်ဆေး (prescription drugs)ထဲမှာ ထည့်ထားတာပါ။ ဒါကြောင့် စတီးရွိုက်ကို သောက်ရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်သလို ရပ်မယ်ဆိုရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ရပ်သင့်ပါတယ်။ မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ စတီးရွိုက်တွေကို ဘယ်နေရာတွေမှာ သုံးကြသလဲ။ စတီးရွိုက်တွေကို ရောဂါတော်တော်များများ ကုသတဲ့ နေရာမှာ သုံးလို့ရပါတယ်။ အဆစ်အမြစ်တွေရောင်တာ ပန်းနာရင်ကျပ် အရေပြားလေးဖက်နာ ပြင်းထန် ဓာတ်မတည့်ရောဂါ အရေပြားပြဿနာတွေ Multiple sclerosisလို့ ခေါ်တဲ့ ရောဂါတွေမှာ အသုံးများပါတယ်။ ဘာကြောင့် စတီးရွိုက်ကို ရုတ်တရက် မရပ်သင့်တာလဲ။ စတီးရွိုက်ကို ကော်တီစောဟော်မုန်းအနေနဲ့ ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်ပေးနိုင်ပါတယ်။ စတီးရွိုက်က ခန္ဓာကိုယ်ရဲ့ အလုပ်တော်တော်များများကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း