များသောအားဖြင့် လူသားများရဲ့ တနေ့တာ စအဖွင့်မှာ ကော်ဖီဟာ မပါမဖြစ်ပါကြပါတယ်။ ကော်ဖီမှာ ကဖိန်းဓာတ် အဓိက ပါဝင်ပြီး သောက်သုံးသူများကို တက်ကြွလန်းဆန်းစေတဲ့ အာနိသင်ရှိပါတယ်။ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်စေတဲ့ အာနိသင်ရှိပြီး ကိုယ်ခန္ဓာအပေါ် သက်ရောက်စေတဲ့ တခြားနည်းလမ်းတွေလည်း ရှိပါတယ်။