backup og meta

လူတိုင်းသိသင့်တဲ့ ၊ သိချင်နေကြတဲ့ သွေးအုပ်စု ၄ခုနဲ့ ပက်သက်တဲ့ မေးခွန်းများ ။ ။

လူတိုင်းသိသင့်တဲ့ ၊ သိချင်နေကြတဲ့  သွေးအုပ်စု ၄ခုနဲ့ ပက်သက်တဲ့ မေးခွန်းများ ။ ။

ဒီအတိုင်း ကျန်းမာနေတုန်းကတော့ ကိုယ့်သွေးက ဘာသွေးလဲဆိုတာလောက်ပဲ စိတ်ဝင်စားပြီး အခြားသွေးအုပ်စုတွေနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို အမှတ်တမဲ့ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး အခြေအနေကြောင့် မဖြစ်မနေ သွေးသွင်းရတော့မယ့် ဆိုရင် စိတ်ထဲ ပေါ်လာတတ်တဲ့ မေးခွန်းတွေ အများကြီးရှိပါတယ် ။ ။ ဒါတွေအတွက် အဖြေက ဒီမှာပါ။ ။

Q – သွေးအုပ်စု ဘယ်နှစ်ခုရှိလဲ။ ဘယ်သွေးက အရှားဆုံးနဲ့ ဘယ်သွေးက အပေါဆုံးလဲ။ ။

A B AB O ဆိုပြီးသွေးအုပ်စု ၄ မျိုးရှိပါတယ်။ ဒီထဲမှာ AB သွေးက အရှားဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၄ ရာခိုင်နှုန်းပဲရှိပါတယ်။ O သွေးကတော့ အပေါဆုံးဖြစ်ပြီး ရှေးအကျဆုံး သွေးလို့လည်း သတ်မှတ်ထားကြပါတယ်။ ရှေးအကျဆုံးဆိုတာက သူ့ကို အရင်တွေ့ပြီးနောက်ပိုင်းမှ အခြား သွေးအမျိုးအစားတွေကို တွေ့ရှိတယ်လို့ ဆိုလိုတာပါ။

Q – ဘယ်သွေးက အကောင်းဆုံးလဲ ။။

သွေးအုပ်စု လေးခုထဲမှာတော့ ဘယ်သွေးအုပ်စုက အကောင်းဆုံးလဲဆိုပြီးတော့ မရှိပါဘူး။ တစ်ခုရှိတာက O သွေးဟာ အခြားသွေးအုပ်စုဆီတွေကိုလည်း သွေးလှူလို့ရတဲ့အတွက် သူ့ကိုတော့ အလှူရှင်သွေး ‘Universal Donor’ လို့ခေါ်ကြပါတယ်။

Q – သွေးအုပ်စု တစ်ခုကနေ တစ်ခုဆီကို ပြောင်သွားတတ်လား။

ဥပမာ A သွေးဖြစ်နေပြီးတော့ နောက်ပိုင်း B သွေးကို ပြောင်းသွားတတ်တဲ့ ကိစ္စမျိုးက မရှိသလောက်ကို ရှားပါတယ်။ ဒါပေမယ့် တစ်ခါက အသည်းအစားထိုးကုသလိုက်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ သွေးက O- ကနေ O+ ပြောင်းသွားတဲ့ အဖြစ်မျိုးရှိခဲ့ဖူးပါတယ်။

Q – ကိုယ့်ေသွး အမျိုးအစားကလည်း မသိရသေးဘူး။ သွေးသွင်းဖို့လည်း ချက်ချင်းလိုနေပြီဆို ဘာသွေးသွင်းလို့ရလဲ ။ ။

ကိုယ့်သွေးအဖြေရဖို့အချိန်လေးကိုတောင် မစောင့်နိုင်လောက်တဲ့ အရေးပေါ် ကျန်းမာရေးပြဿနာတွေမှာဆို သင့်အတွက် စိတ်အချရဆုံးဖြစ်တဲ့ O- သွေးကို ဆရာဝန်တွေ သွင်းပေးလေ့ရှိပါတယ်။

Q – ဘယ်လိုလူတွေက သွေးသွင်းဖို့လိုအပ်လဲ ။ ။

သွေးဆဲလ်နဲ့ပက်သက်တဲ့ရောဂါခံစားနေရတဲ့သူတွေ၊ ရိုးတွင်းခြင်ဆီ ကင်ဆာဖြစ်နေတဲ့သူတွေ၊ အကြီးစားခွဲစိတ်မှု ပြုလုပ်မယ့်သူတွေ၊ ကင်ဆာ ဝေဒနာခံစားနေရတဲ့သူတွေနဲ့ ကလီစာအစားထိုးခြင်း ခွဲစိတ်မှုတွေပြုလုပ်မယ့်သူတွေဟာ သွေးသွင်းဖို့လိုအပ်တဲ့ ဝေဒနာရှင်တွေပါ။

Q – သွေးတစ်ခုက ဘာတွေနဲ့ ဖွဲ့စည်းထားလဲ။

  • သွေးတစ်ခုမှာ အောက်ဆီဂျင်တွေ သယ်ပေးတဲ့ သွေးနီဥ
  • ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥ၊
  • ထိခိုက်ဒဏ်ရာရရင် သွေးတိတ်အောင် လုပ်ပေးတဲ့ platelets နဲ့
  • သွေးအုပ်စုတွေကိုခွဲပေးတဲ့ antigens antibodies တွေ၊ Rh ပရိုတင်းတွေ နဲ့ သွေးဆဲလ်တွေပျော်ဝင်နေတဲ့ သွေးရည်ကြည်ဆိုပြီး ၄ မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။

Q – သွေး အမျိုးအစားချင်းတူတဲ့သူပဲ ဘာ့ကြောင်သွင်းလို့ရတာလဲ။ ။

သွေးအမျိုးအစားတစ်ခုချင်းဆီမှာ ကိုယ်ပိုင် antigens နဲ့ antibodies တွေရှိကြပါတယ်။ antigens ဆိုတာသွေးအုပ်စု သတ်မှတ်ပေးတာဖြစ်ပြီး antibodies ဆိုတာ မျိုးမတူတဲ့ antigens တွေကို တိုက်ဖို့ပါ။ ဥပမာ A သွေးမှာ A antigens ရှိပြီး B antibodies ရှိပါတယ်။ B သွေးမှာ B antigens ရှိပြီး A antibodies ရှိပါတယ်။ အဲဒါကို A သွေးထဲ B သွေးထည့်လိုက်တဲ့အခါ antigen antibodies အချင်းချင်းတိုက်ကြပြီး ပြင်းထန် ဓါတ်မတည့်မှုတွေဖြစ်စေတတ်ပါတယ်။

Q – O သွေးကို အလှူရှင်သွေးလို့ခေါ်ပြီး AB သွေးကို လက်ခံသူသွေးလို့ ဘာ့ကြောင့်ခေါ်ကြတာလဲ ။ ။

O သွေးမှာ A antigens B antigens မရှိတဲ့အတွက် ဘယ့်သွေးဆီကို မဆို လှူလို့ရပါတယ်။ ဒါပေမယ့် antibodies ကျတော့ Oသွေးမှာ A antibodies နဲ့ B antibodies ၂ မျိုးလုံး ရှိတဲ့အတွက် သူ့ထဲကိုတော့ O အချင်းချင်းပဲ လက်ခံပါတယ်။

AB သွေးကျတော့ သူ့ဆီမှာ ဘာ Antibodies မှ မရှိတဲ့အတွက် ကြိုက်တဲ့သွေးအမျိုးအစားကို လက်ခံလို့ရပါတယ် ။ ။

Q – အပေါင်းသွေးအနှုတ်သွေးကရော ဘာလဲ ။ ။

အပေါင်းသွေးအနှုတ်သွေးဆိုတာ Rh + နဲ့ Rh – ကိုပြောချင်တာပါ။ Rh ဆိုတာ သွေးရည်ကြည်ထဲမှာရှိနေတဲ့ ပရိုတင်း တစ်မျိုးပါ။ + နဲ့ – ကွဲနေတယ်ဆိုတည်းက သူတို့ နှစ်ခုဟာ အရောမခံဘူးဆိုတာ အားလုံးသိကြမှာပါ။အပေါင်းသွေးဆိုရင်တော့ ပြဿနာမရှိပေမယ့် အနှုတ်သွေးပိုင်ရှင်တွေ အတွက်ကတော့သွေးသွင်းချိန်နဲ့ကိုယ်ဝန်ဆောင်ချိန်တွေမှာ သတိကြီးကြီးထားရမှာပါ။

  • ဘာ့ကြောင့်လဲဆိုတော့ အနှုတ်သွေးထဲ အပေါင်းသွေး သွင်းမိလိုက်ရင် ပထမတစ်ကြိမ်ဆို antibodies ထွက်လာတာလောက်ပဲရှိပြီး ပြဿနာမရှိပေမယ့် ဒုတိယတစ်ကြိမ် ထပ်မှားခဲ့မယ်ဆိုရင် antigens နဲ့ antibodies တွေ တိုက်ကြပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တာကြောင့်ပါ။
  • ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း မိခင်က အနှုတ်သွေး ပထမကိုယ်ဝန် ကလေးက အပေါင်းသွေးဖြစ်ခဲ့မယ်ဆိုရင် အဲဒီ အပေါင်ေးသွးကိုတိုက်တဲ့ antibodies တွေ မိခင်ကိုယ်ထဲ ထွက်နေပါလိမ့်မယ် ။ ဒါပေမယ့် သူတို့က ပထမကလေးကို မတိုက်သေးပါဘူး။ ကံဆိုးတာက ဒုတိယကိုယ်ဝန်ပါ။ ဒုတိယ ကိုယ်ဝန် ကလေးရဲ့ သွေးက အပေါင်းသွေးထပ်ဖြစ်ခဲ့ဦးမယ်ဆိုရင်တော့ မိခင်ရဲ့ သွေးနဲ့ ကလေးသွေး တိုက်ကြပြီးကလေးပျက်ကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

FAQ for Blood type https://livewelltesting.com/content/FAQ-blood-type.pdf Accessed Date 14.5.2019

Why blood is needed https://www.ucsfhealth.org/education/why_blood_is_needed/ Accessed Date 14.5.2019

Blood groups https://www.nhs.uk/conditions/blood-groups/#:~:text=There%20are%204%20main%20blood,there%20are%208%20blood%20groups. Accessed Date 14.5.2019

What Is The Rh Factor? Why Is It Important? https://www.redcrossblood.org/local-homepage/news/article/what-is-the-rh-factor–why-is-it-important-.html Accessed Date 14.5.2019

Is there a universal blood donor type? https://www.mayoclinic.org/tests-procedures/blood-transfusion/expert-answers/universal-blood-donor-type/faq-20058229#:~:text=Pruthi%2C%20M.B.B.S.,the%20universal%20blood%20donor%20type. Accessed Date 14.5.2019

ယခုပုံစံ

22/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးအုပ်စုများ၊ သွေးအုပ်စုနှင့် ပင်ကိုယ်စရိုက် ဆက်စပ်မှု

သင့်သွေးက ဘာအမျိုးအစားလဲ။ ဘယ်လိုရောဂါဖြစ်နိုင်ခြေပိုများလဲ ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement