ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ အတူနေလို့ရလား။ ဒါကိုယ်ဝန်သည်တွေ တော်တော်များများ ဇဝေဇဝါဖြစ်ပြီး မေးလေ့ရှိကြတဲ့ ကိစ္စတစ်ခုပါ။ ဒီဆောင်းပါးထဲမှာတော့ ကိုယ်ဝန်သည်တွေ အမျိုးသားနဲ့ အတူနေလို့ ရမရ ကိစ္စနဲ့ ပက်သက်လို့ အမေးများတဲ့ မေးခွန်းတွေကို ပြန်ဖြေပေးတော့မှာ ဖြစ်ပါတယ်။ ။
ကိုယ်ဝန်ဆောင်နှင့် sex ကိစ္စ ။ ။
Q – ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ အတူနေလို့ရလား။
ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ အတူနေလို့ရပါတယ်။ ဗိုက်ထဲက သင့်ကလေးကို ထိခိုက်စေမှာလည်း မဟုတ်သလို ကလေးပျက်ကျတာမျိုးကိုလည်းဖြစ်စေမှာ မဟုတ်ပါဘူး။
Q – ကိုယ်ဝန်ကြီးနဲ့ အမျိုးသားနဲ့ အတူနေမိရင် ကလေးကို ထိခိုက်မိစေတတ်လား။
သင့်ကလေးရှိနေတဲ့ သားအိမ်ရယ်၊ ရေမြွှာရေရယ်၊ ရေမြွှာအိတ်တွေရယ်က သင့်ကလေးကို အကောင်းဆုံး ကာကွယ်ပေးထားတာဖြစ်လို့ အတူနေမိတာလောက်နဲ့တော့ ကလေးကို မထိခိုက်စေပါဘူး။
Q -ကိုယ်ဝန်က လိင်ကိစ္စစိတ်ဝင်စားမှု အပေါ် သက်ရောက်မှုရှိလား။ ။
ဒါကတော့ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မှာ မတူညီနိုင်ပါဘူး။ လေ့လာချက်တွေအရ ကိုယ်ဝန် ဒုတိယ ၃လ မှာ အမျိုးသမီးတစ်ယောက်ရဲ့ လိင်ကိစ္စစိတ်ဝင်စားမှု မြင့်နေတတ်တယ်လို့ ဆိုပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်ဝန်သက် ဒုတိယ ၃လမှာ အတူနေဖို့ကိစ္စကို စိတ်ဝင်စားမှု မြင့်တက်နေရခြင်းဖြစ်ပါတယ်။
ကိုယ်ဝန်သက် ပထမ ၃ လမှာတော့ ကိုယ်ဝန်ကြောင့်ရတဲ့ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ သက်တောင့်သက်တာ မရှိမှုတို့ကြောင့် လိင်ကိစ္စမှာ စိတ်ဝင်စားမှုနည်းနေတတ်ပါတယ်။
ကိုယ့်ဝန်သက် တတိယ ၃ လ မီးဖွားခါနီးမှာ ကြီးလာတဲ့ ဗိုက်ကြောင့် သက်တောင့်သက်တာ မရှိတဲ့အပြင် ခါးတွေလည်း ကိုက်တတ်တာကြော့င် လိင်ကိစ္စကို စိတ်မဝင်စားနိုင်ကြတော့ပါဘူး။
Q -ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အတူနေတဲ့ကိစ္စကို ဘယ်နှစ်လ အထိရှောင်ရမှာလဲ ။
ဘာပြဿနာမှမရှိတဲ့ ပုံမှန်ကိုယ်ဝန်ဖြစ်ပြီး နှစ်ဦးစလုံးက အတူနေဖို့ စိတ်ပါနေတယ်ဆိုရင် ရှောင်စရာမလိုပါဘူး။ ကိုယ်ဝန် ဘယ်နှစ်လအထိ အတူနေလို့မရဘူးဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။
Q -ကိုယ်ဝန်ဆောင်ချိန် အတူနေမိပြီး သွေးဆင်းရင် ဘာလုပ်ရမလဲ ။ ။
ကိုယ်ဝန်သက်တမ်းရင့်လာလေလေ အီစတိုဂျင် ဟော်မုန်းတွေ များလာလေလေ သွေးလည်ပတ်မှုတွေ ကောင်းလာလာလေလေဖြစ်လို့ ကိုယ်ဝန်ကြီးနဲ့ အတူနေမိပြီး နောက်ပိုင်း သွေးဆင်းတာတွေ ဖြစ်တတ်ပါတယ်။ စိုးရိမ်တတ်ရင်တော့ ဆရာဝန်ဆီ သွားပြစေချင်ပါတယ်။
Q – ဘယ်လို ကိုယ်ဝန်မျိုးဆို အတူနေတဲ့ ကိစ္စကို လုံးဝ ရှောင်ရမလဲ ။ ။
- အချင်းရှေ့ရောက်နေတဲ့ ကိုယ်ဝန် – သွေးတွေအများကြီးဆင်းတတ်လို့ပါ။
- ရေမြွှာအိတ်ပြဲသွားပြီး ရေဆင်းနေတဲ့အချိန်နဲ့- ရေမြွာရေကနေ တစ်ဆင့် ကလေးဆီကို ပိုးတွေဝင်သွားနိုင်လို့ပါ။
- နေ့မစေ့ လမစေ့ဘဲ မွေးချင်နေတဲ့ ကိုယ်ဝန်သည်တွေ- လိင်ကိစ္စ အထွတ်အထိပ်ရောက်တဲ့ သားအိမ်က ကျုံ့သွားတတ်တာကြောင့် အချိန်မတိုင်ခင် မီးဖွားသွားနိုင်တဲ့အတွက် အတူနေတဲ့ ကိစ္စကိုလုံးဝရှောင်ရပါမယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။