Atresia Ani In Babies (ကလေးငယ်များတွင် စအိုပေါက်ကျဉ်းခြင်း (သို့) အပေါက်မပါခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Atresia Ani In Babies (ကလေးငယ်များတွင် စအိုပေါက်ကျဉ်းခြင်း (သို့) အပေါက်မပါခြင်း) ကဘာလဲ။

Atresia ani ဆိုသည်မှာ ကလေးတွင် စအိုအပေါက်ကျဉ်းခြင်း (သို့) စအိုပေါက်မပါခြင်းကို ဆိုလိုပါတယ်​။ အကယ်​၍သင့်​ရဲ့ က​လေးမှာ စအို​ပေါက်မပါခြင်း(သို့) ကျဉ်းခြင်းဖြစ်​​နေပြီဆိုရင်​​တော့ သူတို့ရဲ့အူ ဒါမှမဟုတ်​ အူရဲ့တစ်​စိတ်​တစ်​ပိုင်းဟာ ​ကောင်း​ကောင်းဖြစ်​မလာပဲ ပိတ်​ဆို့​နေခြင်း (သို့) ကျဉ်း​မြောင်း​နေခြင်းဖြစ်​​နေပါပြီ။ အချို့က​လေး​တွေမှာ​တော့စအို​ပေါက်​လုံးဝမပါတာမျိုးလည်း ရှိတတ်​ပါတယ်​။

အူသိမ်​ဟာ အစာအိမ်​နဲ့အူလမ်း​ကြောင်းမှာ ကျဉ်းနိုင်​​ခြေအနည်းဆုံး​နေရာပဲ ဖြစ်​ပါတယ်​။ အ​ခြေအ​နေအရမ်းဆိုး​နေပြီဆိုရင်​​တော့ ချက်​ချင်း ကုသမှုခံယူရပါမယ်​။ က​လေးအများစုဟာ ဒီလိုချို့ယွင်းချက်​ကိုပြုပြင်​ဖို့အတွက်​ ခွဲစိတ်​ကြရပါတယ်​​။ စိတ်​မ​ကောင်းစရာက​တော့ ဒီလိုက​လေး​တွေမှာ စအိုကျဉ်းခြင်း (သို့) အ​ပေါက်​မပါခြင်း ဟာဘာ​ကြောင့်​လဲဆိုတာ မသိရပါဘူး။

Atresia Ani In Babies (ကလေးငယ်များတွင် စအိုပေါက်ကျဉ်းခြင်း (သို့) အပေါက်မပါခြင်း) က ဘယ်လောက်အဖြစ်များသလဲ

က​လေးများတွင်​စအိုကျဉ်းခြင်း (သို့) အပေါက်မပါခြင်းဟာ အဖြစ်​များတယ်​လို့ဆိုနိုင်​ပါတယ်​။ မွေးကင်းစက​လေး အ​ယောက်​ ၅၀၀၀ မှာတစ်​​ယောက်​ဖြစ်​​လေ့ရှိပါတယ်​။ မိန်းက​လေးများထက်​​ ယောက်ျား​လေးများတွင်​ ပို​တွေ့ရပါတယ်​။ စအိုကျဉ်း​နေခြင်းသည်​က​လေးရဲ့ဖွံ့ဖြိုးမှုကိုများစွာထိခိုက်​​စေပါတယ်​။ အန္တရာယ်​ဖြစ်​​စေတာ​တွေကို​ရှောင်​ရှား၍ စအိုကျဉ်းခြင်း (သို့)မပါရှိခြင်းကို ကိုင်​တွယ်​​ဖြေရှင်းနိုင်​ပါတယ်​။ ဒီထက်​ပိုပြီးသိရဖို့​တော့ဆရာဝန်​နဲ့​ဆွေး​နွေးတိုင်​ပင်​သင့်​ပါတယ်​။

လက္ခဏာများ

Atresia Ani In Babies (ကလေးငယ်များတွင် စအိုပေါက်ကျဉ်းခြင်း (သို့) အပေါက်မပါခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်​အများဆုံးလက္ခဏာ​တွေက​တော့

  • စအို​ပေါက်​မပါရှိခြင်း။
  • စအို​ပေါက်​သည်​မိန်းမကိုယ်​နားတွင်​​နေရာမှား၍ပွင့်​​နေခြင်း။
  • စအို​ပေါက်​ကိုအလွှာတစ်​ခုဖုံး​နေခြင်း။
  • စအိုနှင့်​အူများဆက်​သွယ်​ထားမှုမရှိခြင်း။
  • ဆီးစွန့်​အဖွဲ့အစည်းနှင့်​အူများကြားတွင်​ပုံမမှန်​​သောဆက်​သွယ်​မှုရှိ​နေပြီး ဆီးထဲတွင်​မစင်​များပါလာတတ်​သည်​။ ဥပမာ- ဆီးစွန့်​ပြွန်​၊ မိန်းမကိုယ်​၊ ကပ်​ပယ်​အိတ်​( သို့)လိင်​တံရဲ့အရင်းမျိုးမှာဖြစ်​တတ်​ပါတယ်​။
  • မွေး​မွေးချင်း၂၄နာရီက​နေ ၄၈ နာရီအတွင်းဝမ်းမသွားခြင်း။
  • ဝမ်း​ဗိုက်​ကြီး​ပွ၍​ဖောင်း​နေခြင်း။
  • ဆီးလမ်း​ကြောင်းနှင့်​အညစ်​အ​ကြေးစွန့်​လမ်း​ကြောင်းသည်​ ပုံမှန်​မဟုတ်​​သောဆက်​သွယ်​မှုရှိ​နေခြင်း။
  • ပျို့အန်​ခြင်း။

စအိုကျဉ်း​နေ​သောက​လေးငယ်​များတွင်​ပုံမှန်​မဟုတ်​​သော အခြား ချို့ ယွင်းမှုများလည်း ရှိပါ​သေးတယ်​။

  • ​ကျောက်​ကပ်​နှင့်​ဆီးလမ်း​ကြောင်းချို့ယွင်း ချက်​များရှိ​နေခြင်း။
  • ကျောရိုးမကြီးပုံစံမမှန်​ခြင်း။
  • ​လေပြွန်​ချို့ယွင်းချက်​များရှိ​နေခြင်း။
  • အစာ​ရေမြိုချို့ယွင်းချက်​များရှိ​နေခြင်း။
  • ​ခြေ၊လက်​များတွင်​ချို့ယွင်းချက်​ရှိ​နေခြင်း။
  • ဒေါင်းဆင်ဒရုန်း ဖြစ်ခြင်း
  • မွေးရာပါ အူမကြီး ကြီးသော (Hirschsprung) ​ရောဂါရခြင်း။
  • အူလမ်း​ကြောင်းရဲ့ပထမဆုံးအပိုင်းမဖွင့်​ဖြိုး၍ အူလမ်း​ကြောင်းကျဉ်း​နေခြင်း။
  • ​မွေးရာပါနှလုံးအားနည်းချက်​များရှိ​နေခြင်း။

အထက်​ပါစာရင်းတွင်​မပါရှိ​သော​ရောဂါလက္ခဏာများလည်းရှိနိုင်​ပါ​သေးတယ်​။ရောဂါလက္ခဏာ​တွေနဲ့ပတ်​သတ်ပြီးအ​သေးစိတ်​သိချင်​ရင်​​တော့ဆရာဝန်​နဲ့တိုင်​ပင်​​ဆွေး​နွေးသင့်​ပါတယ်​။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်​၍သင့်​မှာ အထက်​​ဖော်​ပြပါလက္ခဏာ​တွေထဲက တစ်​ခုခုရှိ​နေပြီဆိုရင်​​တော့ ဆရာဝန်​နဲ့ပြသသင့်​ပါပြီ။ လူတစ်​​ယောက်​နဲ့တစ်​​ယောက်​တုံ့ပြန်​ပုံချင်းမတူညီကြပါဘူး။ အ​ကောင်း ဆုံးအကြံဉာဏ်​ကိုရရှိဖို့ ဆရာဝန်​နဲ့တိုင်​ပင်​​ဆွေး​နွေးသင့်​ပါတယ်​။

အကြောင်းရင်းများ

Atresia Ani In Babies (ကလေးငယ်များတွင် စအိုပေါက်ကျဉ်းခြင်း (သို့) အပေါက်မပါခြင်း) ကိုဘာတွေကဖြစ်စေသလဲ

က​လေးများတွင်​ စအို​ပေါက်​ကျဉ်း​စေ​သော အ​ကြောင်းအရာကို ယခုအချိန်​ထိမသိရှိရ​သေးပါ။ ဖြစ်​နိုင်​တာက​တော့​မွေးရာပါ မျိုးရိုးဗီဇ ချို့ယွင်းချက်​​ကြောင့်​ဖြစ်​နိုင်​ပါတယ်​။ ဒီလိုမျိုးအ​ခြေအ​နေဟာမ​မွေးမီ ကိုယ်​ဝန်​​ဆောင်​စဉ်​၅ လမှ ၈ လ အတွင်းမှာပင်​ ချို့ယွင်း​နေတာမျိုးဖြစ်​တတ်​ပါတယ်​။ ဒီလိုအ​ခြေအ​နေမှာသင့်​က​လေးရဲ့အစာ​ခြေစနစ်​ဟာဖွံ့ဖြိုး​နေပြီး အထူးသဖြင့်​စအိုဟာ ဖြစ်​​ပေါ်စပြု​နေပါပြီ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Atresia Ani In Babies (ကလေးငယ်များတွင် စအိုပေါက်ကျဉ်းခြင်း (သို့) အပေါက်မပါခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

  • ကလေးငယ်များတွင်စအိုကျဉ်းခြင်းသည် ယောက်ျားလေးများသည် မိန်းကလေးများထက် ဖြစ်နိုင်ချေနှစ်ဆပိုပါတယ်။
  • အခြားမွေးရာပါချို့ယွင်းချက်များရှိနေခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ်တွင်မိခင်သည်စတီး ရွိက်ရှူဆေးများ ရှူခြင်းသည် စအိုဝကျဉ်းခြင်း (သို့) အပေါက်မပါခြင်းကို ပိုဆိုးစေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Atresia Ani In Babies (ကလေးငယ်များတွင် စအိုပေါက်ကျဉ်းခြင်း (သို့) အပေါက်မပါခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မီးမဖွားမီတွင်ကလေးရဲ့အစာခြေလမ်းကြောင်းတွင် ပိတ်ဆို့ခြင်းရှိမရှိနဲ့ တခြားပုံစံမမှန်တာတွေရှိမရှိ သိရဖို့် မိခင်ကို အယ်ထရာစောင်းရိုက်ရပါတယ်။ အကယ်၍သင့်ရဲ့ဆရာဝန်ဟာ ရေမြွှာရေတွေအများကြီးကိုတွေ့ပြီဆိုရင်တော့ ဒါဟာအစာရေမြိုကျဉ်းနေခြင်း(သို့) အစာခြေလမ်းကြောင်းတွင် ပိတ်ဆို့မှုတစ်ခုခုရှိနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

ကလေးများတွင်စအိုကျဉ်းခြင်း (သို့) အပေါက်မပါခြင်း ရှိမရှိကို မွေးပြီးပြီးချင်းမှာပဲ စအိုကို ကြည့်ရှုစစ်ဆေးလေ့ရှိကြပါတယ်။ ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ခြင်း သို့ အယ်ထရာစောင်းရိုက်ခြင်းဖြင့် ရောဂါရှိမရှိကိုအတည်ပြုနိုင်ပါတယ်။

သင့်တော်သောကုသမှုများပြုလုပ်ဖို့အတွက် စအိုကျဉ်းခြင်း (သို့) အပေါက်မပါခြင်း နဲ့ သက်ဆိုင်တဲ့အခြားပုံစံမမှန်တာတွေကိုလည်း စစ်ဆေး ဖို့အရေးကြီးပါတယ်။ စစ်ဆေးတာတွေကတော့

  • ကျောရိုးမကြီးပုံစံမှနှ်မမှန်သိရဖို့ ဓာတ်မှန်ရိုက်ခြင်း။
  • ကျောရိုးမကြီး၏ အရိုးဆစ်များ၊ အရိုးများပုံစံမှန်မမှန်သိရရန အာထရာဆောင်းရိုက်ခြင်း
  • နှလုံးပုံစံမှန်မှန် သိရဖို့အတွက် နှလုံးကို echocardiogram ရိုက်ခြင်း၊
  • အစာရေမြိုနှင့်လေပြွန်ဆက်နေခြင်း ရှိမရှိအတည်ပြုနိုင်ရန် သံလိုက်ဓါတ်မှန် (MRI) ရိုက်ခြင်း တို့ပဲဖြစ်ပါတယ်။

Atresia Ani In Babies (ကလေးငယ်များတွင် စအိုပေါက်ကျဉ်းခြင်း (သို့) အပေါက်မပါခြင်း) ကို ဘယ်လိုကုသပါသလဲ

စအိုကျဉ်းသည့်ကိစ္စအများစုတွင် ပိတ်နေတာကိုဖယ်ရှားရန် ခွဲစိတ်ဖို့လိုအပ်ပါတယ်။ ကျဉ်းနေခြင်း (သို့) ပိတ်နေသည့်အပေါ်တွင် မူတည်၍ ဆရာဝန်များသည် သင့်တော်သော ကုသမှုများကို ရွေးချယ်ကုသကြပါတယ်။

  • အကယ်၍အူဟာ စအိုနှင့်ဆက်၍မနေလျှင် ဆက်သွားစေရန်ခွဲစိတ်ရပါတယ်။
  • အကယ်၍အူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းဟာဆက်နေလျှင် စအိုကိုနေရာမှန်ပြန်ရောက်စေရန် စအိုပြုပြင်ခြင်းကိုပြုလုပ်ရပါတယ်။
  • အူကိုခွဲစိတ်ခြင်းပြုလုပ်၍ ဝမ်းဗိုက်တွင်အပေါက်ဖောက်ထားကာ ခွဲစိတ်ထားသောအူကို ၀မ်းဗိုက်အပြင်သားနှင့် တွဲချုပ်ထားပြီး အညစ်အကြေးများကို ခန္တာကိုယ်အပြင်ဘက်ရှိ အိတ်အတွင်းသို့ ရောက်စေရန် ပြုလုပ်ရပါသည်။
  • နာကျင်မှုသက်သာစေရန် အကိုက်အခဲပျောက်ဆေးများလည်းပေးရပါသည်။

 

စအိုကျဉ်းခြင်း (သို့) အပေါက်မပါခြင်းကို သက်သာစေမယ့် နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေကဘာတွေလဲ။

  • ခွဲစိတ်ပြီးတဲ့အခါမှာ သင့်ရဲ့ဒဏ်ရာကိုသက်သာစေဖို့အတွက် သက်ဆိုင်သူဆီမှညွှန်ကြားချက်များကိုလိုက်နာရပါမယ်။

ရေရှည်ဂရုစိုက်ရမည့်အရာတွေကတော့

  • သင့်ရဲ့ကလေးအခြေအနေကို သိရဖို့ ဆရာဝန်နဲ့ မကြာခဏသွားရောက်ပြသရပါမယ်။
  • ဝမ်းချုပ်ခြင်းမှာကာကွယ်ရန်အတွက် သင့်ကလေးရဲ့စာသောက်နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သာသွားသည့် အလေ့အထကို ပြုလုပ်ပေးရပါမယ်။
  • သင့်ကလေးရဲ့စအိုအသစ်ကို ဘယ်လိုအသုံးပြုရမည်ကိုသင်ကြားပေးပါ။
  • အူထဲတွင်ရှိသော အာရုံကြောများကိုလှုံ့ဆော်သော ပစ္စည်းများအသုံးပြုပါ။
  • တစ်ပတ်တစ်ခါ အူဆေးခြင်းပြုလုပ်ပေးပါ။
  • လိုအပ်လျှင် အူလမ်းကြောင်းထိန်းချုပ်မှုကောင်းစေရန် အခြားခွဲစိတ်မှုထပ်မံလုပ်ရပါမည်။

အကယ်၍ သင့်မှာ သိလိုသော မေးခွန်းများရှိလျှင် အကောင်းဆုံးသောအဖြေကိုရဖို့  သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါသည်။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 8, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 8, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ