သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

လေထုညစ်ညမ်းမှု ကကျန်းမာရေးအပေါ်ဒီလိုသက်ရောက်နေပါတယ်

    လေထုညစ်ညမ်းမှု ကကျန်းမာရေးအပေါ်ဒီလိုသက်ရောက်နေပါတယ်

    အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲနေသလို တိုးတက်လာမှုကြောင့်ဖြစ်လာတဲ့ ဆုတ်ယုတ်မှုတွေလည်းရှိနေပါတယ်။ ကမ္ဘာကြီးမှာတိုးတက်မှုတွေများလာသလို ကမ္ဘာကြီးရဲ့ ကျန်းမာရေးေရာ လူတွေရဲ့ ကျန်းမာရေးပါထိခိုက်လာပါတယ်။ ယာဉ်တွေ၊ စက်ရုံတွေတိုးတက်လာတာကြောင့်နေ့စဉ်အသက်ရှင်ရပ်တည်ဖို့မဖြစ်မနေလိုအပ်နေတဲ့ရေ၊လေနဲ့ အစားအသောက်တွေဟာလည်း ညစ်ညမ်းလာရပါတယ်။

    ဒီတစ်ခေါက်တော့လေထုညစ်ညမ်းမှုက လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုအပေါ်ဘယ်လိုသက်ရောက်နေလဲဆိုတာကိုပြောပြပေးမယ်နော်။လေထုရဲ့ အရည်အသွေးက လူသားတွေရဲ့ ကျန်းမာရေးအပေါ်မှာတော်တော်လေးသက်ရောက်မှုရှိနေပါတယ်။ လေထုညစ်ညမ်းမှုကင်းလေလေ အသက်ရှည်လေလေပါ။လေ့လာမှုတွေအရလေထုညစ်ညမ်းမှုကင်းစင်တဲ့ဒေသတွေမှာနေထိုင်သူတွေက အသက်ပိုရှည်ကြပါတယ်။ နှစ်စဉ်ကမ္ဘာတလွှားမှာလေထုညစ်ညမ်းမှုကြောင့် လူ ၇ သန်းနီးပါကျန်းမာရေးထိခိုက်ပြီး အသက်ဆုံးရှုံးနေကြရပါတယ်။

    ဒီအချက်တွေကြောင့်လေထုညစ်ညမ်းနိုင်ပါတယ်

    • မြို့ပြဒေသတွေမှာ လူနေထူထပ်လာမှုတွေ၊
    • စွမ်းအင်တွေအမြောက်အမြားအသုံးပြုမှု၊
    • လေအေးပေးစက်၊ အနွေးပေးစက်တွေ အသုံးပြုမှု၊
    • သွားလာပို့ဆောင်ရေးအတွက် စက်တပ်ယာဉ်တွေအသုံးပြုမှု
    • ဇီဝရုပ်ကြွင်းလောင်စာ အသုံးပြုမှု
    • တောမီးလောင်မှု
    • စက်ရုံအလုပ်ရုံတွေက ထွက်ရှိလာတဲ့ အခိုးအငွေ့ တို့ကြောင့်လေထုညစ်ညမ်းမှုကတစ်နေ့ထက်တစ်နေ့ပိုဆိုးလာပါတယ်။

    လေထုညစ်ညမ်းမှုကြောင့် ဒီရောဂါတွေဖြစ်နိုင်ပါတယ်

    လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးတော်တော်လေးထိခိုက်နိုင်ပါတယ်။

    လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံးခံစားရမယ့် လက္ခဏာတွေကတော့

    လေထုညစ်ညမ်းတဲ့အခါလေထုထဲမှာရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့အရာတွေက ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကိုရောက်ရှိသွားနိုင်သလို အသက်ရှုလမ်းကြောင်းစနစ်၊သွေးလည်ပတ်မှုစနစ်တွေထဲကိုရောက်ရှိပြီး အဆုတ်၊နှလုံး နဲ့ ဦးနှောက်တို့ထိခိုက်ပျက်စီးနိုင်ပါတယ်။

    လေထုညစ်ညမ်းမှုကြောင့်ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

    လေထုညစ်ညမ်းမှုကြောင့် –

    • နှလုံးသွေးကြောဆိုင်ရာရောဂါ
    • အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ
    • ခေါင်းကိုက်မယ်
    • စိတ်ဖိစီးမယ်
    • လည်ချောင်းတွေစပ်မယ်
    • အဆုတ်ထိခိုက်တာ
    • မောပန်းလွယ်တာ
    • မအီမသာဖြစ်တာ
    • အသက်ရှုလမ်းကြောင်းတစ်လျှောက်က ဆဲလ်တွေပျက်စီးတာဖြစ်နိုင်ပါတယ်။

    လေထုညစ်ညမ်းမှုကို ကလရှည်ကြာထိတွေ့မယ်ဆိုရင်တော့ –

    • အဆုတ်တွေကောင်းကောင်းအလုပ်မလုပ်နိုင်တာမျိုးဖြစ်နိုင်တယ်
    • အဆုတ်ရောင်ရောဂါခံစားရနိုင်တယ်
    • ပန်းနာရင်ကြပ်ရောဂါခံစားရနိုင်တယ်
    • လေပြွန်ရောင်ခြင်းဝေဒနာခံစားရနိုင်တယ်
    • အဆုတ်ကင်ဆာခံစားရနိုင်တယ်
    • အရွယ်မတိုင်ခင်သေဆုံးတာမျိုးဖြစ်နိုင်တယ်
    • နှလုံးထိခိုက်နိုင်တယ်
    • နှလုံးသွေးကြောဆိုင်ရာရောဂါခံစားရနိုင်တယ်
    • အသည်းထိခိုက်တာခံစားရနိုင်တယ်
    • ပန်ကရိယထိခိုက်နိုင်တယ်
    • သွေးတွင်းမှာ ညစ်ညမ်းတဲ့အရာတွေဝင်ရောက်နိုင်တယ်
    • အာရုံကြောစနစ်ထိခိုက်နိုင်တယ်
    • ကိုယ်ခံအားနည်းတာကြောင့်ရောဂါဝင်လွယ်လာမယ်။

    ဘယ်သူတွေကအထိခိုက်နိုင်ဆုံးလဲ

    • နှလုံးရောဂါရှိသူတွေ
    • ဆီးချိုရှိသူတွေ
    • ပန်းနာရင်ကြပ်ရောဂါရှိသူ
    • အဆုတ်ရောဂါရှိသူ
    • ကိုယ်ဝန်ဆောင်မိခင်တွေ
    • ပြင်ပမှာ အလုပ်လုပ်ရသူတွေ
    • အသက်အရွယ်ကြီးရင့်သူတွေ
    • ကလေးငယ်တွေ
    • အားကစားသမားတွေကလေထုညစ်ညမ်းမှုကို အခြားသူတွေထက်ပိုခံစားရနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    THE EFFECTS OF AIR POLLUTION ON HUMAN HEALTHhttps://www.activesustainability.com/environment/effects-air-pollution-human-health/ Accessed Date 27 December 2018

    Overall Health Effectshttp://www.sparetheair.com/health.cfm Accessed Date 27 December 2018

    How air pollution is destroying our healthhttps://www.who.int/air-pollution/news-and-events/how-air-pollution-is-destroying-our-health Accessed Date 27 December 2018

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 01/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။