သွေးထဲမှာကယ်လ်ဆီယမ်တွေများလာတဲ့အခါ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်တာ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်မကောင်းတဲ့သူတွေမှာလည်း အခြေအနေကို ပိုဆိုးစေပါတယ်။
ကယ်လ်ဆီယမ်တွေ သွေးကြောထဲမှာ ပုံလာတဲ့အခါ သွေးကြောတွေမာတာ၊ သွေးတိုးတာတွေ ဖြစ်တတ်ပါတယ်။
- နှလုံးခုန်နှုန်းပုံမမှန်ခြင်း
သွေးထဲမှာ ကယ်လ်ဆီယမ်တွေများလာတဲ့အတွက် နှလုံးခုန်မမှန်တာ ဖြစ်တတ်ပါတယ်။
ကုသနည်းများ
အရင်ဆုံးတော့ သွေးထဲမှာ ဗီတာမင်ဒီတွေ၊ ကယ်လ်ဆီယမ်တွေ ဘယ်လောက်များနေလဲဆိုတာ စစ်ရပါမယ်။ တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေလည်း လုပ်ရပါမယ်။ လက်ရှိသောက်နေတဲ့ ဗီတာမင်ဖြည့်စွက်ဆေးတွေကို ချက်ချင်းရပ်ပစ်ရပါမယ်။ ဗီတာမင်ဒီများတဲ့အစားအစာတွေ၊ ကယ်လ်ဆီယမ်များတဲ့ အစားအစာတွေ ရှောင်ရပါမယ်။ ဒါ့ပြင် စွဲသောက်နေတဲ့ ဆေးတွေမှာ ကယ်လ်ဆီယမ်များစေတဲ့ဆေးပါရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးရပ်တာ၊ ဆေးပြောင်းသောက်တာတွေ လုပ်ရပါမယ်။
ဗီတာမင်ဒီကို သဘာဝအတိုင်း ဘယ်ကရမလဲ။
မနက်မိုးလင်းနေထွက်စမှာ ၁၅မိနစ်လောက် နေပူဆာလှုံပေးတာကလည်း ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်ဒီကို ရစေပါတယ်။
ဗီတာမင်ဒီကြွယ်ဝတဲ့အစားအစာတွေကတော့ အဆီပါတဲ့ငါး (ဥပမာ ဆယ်လ်မွန်)၊ ငါးကြီးဆီ၊ အမဲအသည်း၊ ချိစ်၊ ကြက်ဥအနှစ်၊ တချို့မှိုတွေ၊ နို့၊ ဒိန်ချဉ်တွေကနေ ရနိုင်ပါတယ်။
ဗီတာမင်ဒီဖြည့်စွက်ဆေးများ
ဗီတာမင်ဒီက များရင် အဆိပ်သင့်တတ်တယ်။ သဘာဝကလည်း ရနိုင်တာပဲ။ ဖြည့်စွက်ဆေးတွေ မသောက်ရတော့ဘူးလား။ ဒီလိုလည်းမဟုတ်ပါဘူး။ တချို့သူတွေက တော့ ဖြည့်စွက်ဆေးအနေနဲ့ သောက်ဖို့လိုတဲ့သူတွေ ရှိပါတယ်။ ဥပမာပြောရရင် သတ်သတ်လွတ်စားတဲ့သူတွေ၊ အရိုးပြဿနာရှိတဲ့သူတွေ၊ နေရောင်ကောင်းကောင်းမရတဲ့နေရာမှာနေတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါကြောင့် အပြင်လည်းမထွက်နိုင်၊ အစားလည်းကောင်းကောင်းမစားနိုင်တဲ့သူတွေဆိုရင် လိုအပ်ပါတယ်။ ဒါတောင် ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်မှအဆင်ပြေမှာပါ။
Take home massage
ဗီတာမင်ဒီအဆိပ်သင့်တာက အရင်က တွေ့ရခဲပေမယ့် ခုတော့များလာပါပြီ။ အဓိက ကိုယ့်ရဲ့လိုအပ်ချက်ကိုသေသေချာချာမသိဘဲ အများကြီးသောက်နေလို့ပါပဲ။ ဒါကြောင့် ဗီတာမင်ဒီသောက်တော့မယ်လို့ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ သွေးထဲမှာ ဘယ်လောက်ရှိလဲ။ တစ်နေ့ကို ဘယ်လောက်သောက်မလဲပေါ့။ မဟုတ်ရင်ပိုနေတဲ့ ဗီတာမင်ဒီက သင့်ကို ဒုက္ခပေးပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။