backup og meta

သင့်အရေပြားနဲ့ ကျန်းမာရေးအတွက် လိုအပ်တဲံ ဗီတာမင်ဒီ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အရေပြားနဲ့ ကျန်းမာရေးအတွက် လိုအပ်တဲံ ဗီတာမင်ဒီ

    ဗီတာမင် ဒီက အရိုးနဲ့ အရပ်အမြင့်အတွက်သာ အသုံးဝင်တယ်လို့ အချိန်အတော်ကြာအောင် သိထားခဲ့ပါတယ်။ လူတိုင်းက ကြီးထွားမှု ဖြစ်စဉ်မှာ ဗီတာမင် ဒီ လုံလောက်စွာ မရှိခဲ့ရင် အရပ်ပုလိမ့်မယ်လို့ပဲ သိထားကြပါတယ်။ သို့သော်လည်း သုတေသနများစွာက ဗီတာမင် ဒီ ဟာ သင့်အသားအရည်နဲ့ ကျန်းမာရေးကို အများကြီး အထောက်အကူပြုတယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။ ဗီတာမင် ဒီ ချို့တဲ့တာဟာ အရိုးကြီးထွားမှုကိုပဲ နှောင့်နှေးစေတာ မဟုတ်ပါဘူး။ သင့်အသားအရည်နဲ့ ဆိုးဝါးတဲ့ ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်စေပါတယ်။

    ဗီတာမင် ဒီနဲ့ သင့်အသားအရည်

    ဗီတာမင် ဒီကို လုံလောက်စွာ စားသုံးပေးခြင်းဖြင့် ဝက်ခြံပေါက်ခြင်းကို လျော့နည်းစေပြီး ကော်လာဂျင်ဓါတ် (အရေပြား တင်းရင်းစေသော ဓါတ်) ထုတ်လုပ်မှုကို အားပေးပါတယ်။ ဒါကြောင့် အသားအရည် တင်းရင်းမှုနဲ့ အသားရောင် ညီမျှမှုကို ဖြစ်စေပါတယ်။ လူတွေက နေရောင်ခြည်ကို ကြောက်ကြပါတယ်။ ဘာလို့လဲဆိုတော့ နေရောင်ခြည်မှာ ပါဝင်တဲ့ UV ဓါတ်ရောင်ခြည်တွေက အိုမင်းရင့်ရော်ခြင်းနဲ့ အရေပြား ကင်ဆာကို ဖြစ်စေလို့ပါပဲ။ ဒါပေမယ့် နေရောင်ခြည်နဲ့ ထိတွေမှု အရမ်းနည်းတာကလည်း သင့်အသားအရည်အပေါ် မဲခြောက်ခြောက်ဖြစ်ခြင်း ကဲ့သို့သော ပြောင်းပြန်သက်ရောက်မှု ဖြစ်စေပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ က သင့်ရဲ့ ခန္ဓါကိုယ် ခုခံအားကို တိုးတက်စေပြီး ဝက်ခြံပေါက်ခြင်း၊ ယောင်ရမ်းလာခြင်းတို့ကို ကျဆင်းစေပါတယ်။

    ဗီတာမင် ဒီ နဲ့ သင့်ကျန်းမာရေး

    ဗီတာမင် ဒီ မရှိရင် သင့်ခန္ဓါကိုယ်က ကယ်လ်စီယမ်ဓါတ်ကို ကောင်းကောင်း မစုပ်ယူတော့ပါဘူး။ အဲ့ဒီအချိန်မှာ သင့်ရဲ့ နှလုံးနဲ့ အာရုံကြောတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ သွေးတွင်း ကယ်လ်စီယမ်ပမာဏ ညီမျှနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်ခန္ဓါကိုယ်ကနေ ပါရာသိုင်းရွိက်လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထုတ်ပါတယ်။ အဲ့ဒီ ဟော်မုန်းက နှလုံးနဲ့ အာရုံကြောတွေရဲ့ လုပ်ငန်းဆောင်တာတွေ ရပ်ဆိုင်းမသွားဖို့အတွက် လိုအပ်နေတဲ့ ကယ်လ်စီယမ် ပမာဏကို အရိုးထဲကနေ သွေးထဲကို ဆွဲယူသုံးစွဲစေပါတော့တယ်။ အချိန်ကြာလာတာနဲ့ အမျှ သင့်အရိုးတွင်းက ကယ်လ်စီယမ်တွေရဲ့ သိပ်သည်းဆ ကျဆင်းလာပြီး အရိုးကျိုးလွယ်တာတွေ ဖြစ်လာပါတော့တယ်။ ဒါ့အပြင် သိပ္ပံပညာရှင်တွေက ဗီတာမင် ဒီ ချို့တဲ့ခြင်းနဲ့ အမျိုးအစား ၁ ဆီးချို (လူငယ်တွေမှာ အဖြစ်များသော)၊ ကြွက်သား နာကျင်ခြင်းနဲ့ ရင်သား၊ အူမကြီး၊ ဆီးကျိတ်၊ သားဥအိမ် စတဲ့ နေရာတွေမှာ ဖြစ်တဲ့ ကင်ဆာတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သက်သေတွေ တွေ့ရှိနေပါပြီ။

    နောက်တခါ သင့်ဆရာဝန်ဆီ ကျန်းမာရေး စစ်ဆေးဖို့ သွားတဲ့အခါ သင့်ရဲ့ ဗီတာမင် ဒီ ပမာဏကို စစ်ဆေးဖို့ တောင်းဆိုသင့်ပါတယ်။ လူအများစုက သူတို့ကိုယ် သူတို့ မသိဘဲ ဗီတာမင် ဒီ ချို့တဲ့နေတတ်ကြပါတယ်။ တကယ်လို့ သင့်မှာလည်း ဗီတာမင် ဒီ ချို့တဲ့နေတယ်ဆိုရင် ဗီတာမင် ဒီ အားဆေးကို သောက်သုံးသင့်ပါတယ်။ ဘယ်လောက် ပမာဏ သောက်သုံးသင့်တယ်ဆိုတာကတော့ သင့်ကျန်းမာရေးအခြေအနေနဲ့ နေထိုင်မှု ပုံစံအပေါ် မူတည်ပါတယ်။ သင့်ဆရာဝန်နဲ့ တိုင်ပင် အကြံဉာဏ် ရယူလိုက်ပါ။ ဗီတာမင် ဒီ ရရှိဖို့အတွက် သင့်အသားအရည်ကို နေပူပြဖို့ အလောတကြီး မလိုအပ်ပါဘူး။ နေပူပြလိုက်သည့်တိုင်အောင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေ အန္တရာယ်က ရှိနေတုန်းပါပဲ။ နေပူဒဏ်ကို ကာကွယ်ပေးတဲ့ ခရင်မ်တွေ လိမ်းဖို့ မမေ့သင့်ပါဘူး။ သင့်အသားအရည်ကို နေမလောင်စေဘဲ ဗီတာမင်ဒီ လုံလုံလောက်လောက် ရဖို့လည်း ဖြစ်နိုင်ပါတယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement