ကလေးရဲ့ဝမ်း က ပုံမှန်ဘယ်လိုအနေအထားဖြစ်နေသင့်တာလဲ

အတွေ့အကြုံမရှိသေးတဲ့ မိဘအများစုက ကလေးရဲ့ဝမ်းနဲ့ပတ်သက်ပြီး ပူပင်တတ်ကြပါတယ်။ ဒါပေမယ့် ကလေးရဲ့ဝမ်းဟာ အတွေ့အကြုံရှိပြီးသားမိဘတွေတောင် မမြင်တွေ့ဖူးတဲ့ ပုံသဏ္ဍာန်တွေနဲ့ အပျော့အမာအနေအထားတွေ အမျိုးမျိုးရှိနေပါတယ်။
FIND OUT

အရည်ပါတဲ့ ခပ်ပျောပျော့ အညိုရောင် ကလေးဝမ်း

ရှင်းလင်းဖော်ပြချက်

ဝမ်းပျက်ခြင်း

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဝမ်းကအရမ်းကို ဆက်တိုက်ထွက်နေပြီး အခဲထက် အရည်ပိုများတတ်ပါတယ်။ အရောင်က အဝါ၊ အစိမ်း၊ အညို ဖြစ်နိုင်သလို သေးခံအပြင်ကိုထိ ယိုစိမ့်ထွက်၊ ပေါက်ထွက်တတ်ပါတယ်။

 

ဘာလုပ်ပေးသင့်သလဲ

ကလေးက ၃ လ ဒါမှမဟုတ် ၃ လအောက်အရွယ်ဖြစ်ပြီး ဝမ်းပျက်တာ နှစ်ရက်ထက်ပိုကြာရင် ဆရာဝန်ပြပါ။ ကလေးက ငယ်လေ ဝမ်းမကြာခဏပျက်တတ်လေဖြစ်ပြီး ရေဓါတ်ဆုံးရှုံးမှုအတွက် ပိုစိုးရိမ်ရလေဖြစ်ပါတယ်။ ကျွမ်းကျင်ဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲ ကလေးကို ဝမ်းပျက်ဝမ်းလျှော့အတွက် ဆေးမတိုက်ပါနဲ့။ ကလေးရဲ့ဝမ်းမှာ သိသာတဲ့ သွေး ဒါမှမဟုတ် ချွဲပါနေတာဆိုရင် ဆရာဝန်ပြသင့်ပါတယ်။