ကလေးရဲ့ဝမ်းက ပုံမှန်ဘယ်လိုအနေအထားဖြစ်နေသင့်တာလဲ

ကလေးမွေးဖွားပြီးကာစ မိဘအများစုက ကလေးရဲ့ဝမ်းနဲ့ပတ်သက်ပြီး ပူပင်တတ်ကြပါတယ်။ ဒါပေမယ့် ကလေးရဲ့ဝမ်းဟာ အတွေ့အကြုံရှိပြီးသားမိဘတွေတောင် မမြင်တွေ့ဖူးတဲ့ ပုံသဏ္ဍာန်တွေနဲ့ အပျော့အမာအနေအထားတွေ အမျိုးမျိုးရှိနေပါတယ်။
FIND OUT

စတင်ဆန်းစစ်ဖို့ သင့်ကလေးရဲ့ဝမ်းအနေအထားနဲ့ အနီးစပ်ဆုံးကို အောက်မှာ ရွေးချယ်ပါ

ကိုယ့်ရဲ့ကလေးငယ် ဖွံ့ဖြိုးနေဆဲအရွယ်၊ နို့မှုန့် သို့မဟုတ် မိခင်နို့ကိုသောက်သုံးနေဆဲအရွယ်၊ အစာအမာစစားကာစအရွယ်တို့မှာ ဝမ်းအနေအထားက ပုံမှန်ဟုတ်ရဲ့လား၊ ပုံမှန်မဟုတ်ဘူးလားဆိုတာကို ဒီဓါတ်ပုံအညွှန်းက ဖော်ပြပေးမှာပါ။ သင့်အနေနဲ့ ဘယ်အချိန်မှာ စိုးရိမ်စရာမလိုဘူးလဲ၊ ဘယ်အချိန်မှာ စိုးရိမ်ရမလဲ သိလာပါလိမ့်မယ်။

ဝမ်းအရောင်က အမည်းရောင်၊ အနီရောင် သို့မဟုတ် အဖြူရောင်ဖြစ်လာရင် ကလေးဆရာဝန်နဲ့ ချက်ချင်းပြဖို့လိုအပ်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်မှာ မွေးကင်းစကလေးငယ်တစ်ယောက်ရှိတယ်ဆိုရင် ဝမ်းသွားတဲ့အလေ့အထနဲ့ပတ်သက်ပြီး မေးမြန်းလိုတာရှိရင် ဆရာဝန်ပြဖို့ နှောင့်နှေးမနေပါနဲ့။