ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် တွက်ချက်ခြင်း (Pregnancy Weight Gain Caculator)

ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သွေးလေးဖွံ့ဖြိုးလာတာနဲ့အမျှ ကိုယ်အလေးချိန်တဖြည်းဖြည်းတိုးလာတာက ပုံမှန်ဖြစ်ပြီး ကျန်းမာတဲ့အနေအထားပါ။ ဒါပေမယ့် ကိုယ်အလေးချိန်ဘယ်လောက်ရှိတာက သင်နဲ့ကလေးအတွက် ကျန်းမာတဲ့အနေအထားဖြစ်မလဲ။
START

သင့်ခန္ဓာကိုယ်ညွှန်းကိန်းများ

ကိုယ်ဝန်မရှိခင်က ကိုယ်အလေးချိန်ကို မူတည်ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးချိန်တိုးလာခြင်းရဲ့ ကျန်းမာမှုအတိုင်းအတာကို သိရှိလိုတဲ့ အမျိုးသမီးတွေအတွက် ဒီတွက်ချက်မှုကိရိယာကို အသုံးပြုနိုင်ပါတယ်။

1

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ တဖြည်းဖြည်းနဲ့ ကိုယ်အလေးချိန်တိုးလာပါမယ်။ များသောအားဖြင့်ကတော့ ကိုယ်ဝန်နောက်ဆုံး ၃ လမှာ ကိုယ်အလေးချိန်က သိသိသာသာတိုးလာမှာဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်မှာ တိုးလာသင့်တဲ့ ကိုယ်အလေးချိန်က အောက်ပါအတိုင်းလို့ဆိုထားပါတယ်။

  • ကိုယ်ဝန် ပထမ ၃ လပတ်မှာ ကိုယ်အလေးချိန်က သိပ်တိုးမလာနိုင်ပါဘူး။ တိုးလာရင်တောင် ၂ ကီလိုဂရမ်လောက်ပဲတိုးလာပါလိမ့်မယ်။ လုံးဝမတိုးမလာတာမျိုးလည်းရှိနိုင်ပါတယ်။
  • ဒုတိယ နဲ့ တတိယ ၃ လပတ်မှာဆိုရင် ဘေဘီလေးကြီးထွားဖွံ့ဖြိုးနေလားဆိုတာကို သိရှိဖို့အတွက်က ကိုယ်အလေးချိန်မှန်မှန်တိုးလာဖို့လိုပါမယ်။ တစ်လမှာ ကိုယ်အလေးချိန်က ၁ ကီလိုဂရမ် ကနေ ၂ ကီလိုဂရမ်အထိတိုးလာဖို့လိုပါမယ်။

သတိထားရမှာတစ်ခုက အခုပြောပြထားတဲ့ ကိုယ်အလေးချိန်ဟာ ပျမ်းမျှရှိသင့်တဲ့ ကိုယ်အလေးချိန်ခန့်မှန်းချက်သာဖြစ်ပြီး သင့်အတွက်အသင့်တော်ဆုံးဖြစ်မယ့်ကိုယ်အလေးချိန်ကိုတော့ သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်သူက ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ တိုးလာရမယ့် ကိုယ်အလေးချိန်က ကိုယ်ဝန်စရှိချိန်မှာ သင့်မှာရှိနေတဲ့ ကိုယ်အလေးချိန်ပေါ်မှာ မူတည်မှာဖြစ်ပါတယ်။  မေမေရော ဘေဘီလေးပါကျန်းမာစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ယခင်ကရှိတဲ့ ကိုယ်အလေးချိန်ထက် ၂၅ ပေါင် ကနေ ပေါင် ၃၅ ပေါင်အထိတိုးလာရမှာဖြစ်ပါတယ်။ ဒီအကြံပြုချက်ကကိုယ်ဝန်မဆောင်မီကတည်းက ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေသူတွေနဲ့ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်နည်းနေသူတွေမှာတော့ အကျုံးဝင်မှာမဟုတ်ပါဘူး။

 

info
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

ဒီကျန်းမာရေးစစ်ဆေးမှုအက်ပ်ဟာ ကျန်းမာရေးစစ်ဆေးချက်အဖြစ် အသုံးပြုရန်မဟုတ်ပါ။ ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပေးနိုင်မယ့် အချက်အလက်တွေကို ပေးရုံသာဖြစ်ပါတယ်။ တတ်ကျွမ်းနားလည်သူတွေရဲ့ အကြံပြုချက်တွေ၊ ရောဂါရှာဖွေစစ်ဆေးချက် နှင့် ကုသမှုများနေရာတွင် အစားထိုးအသုံးပြုရန်မဟုတ်ပါ။ Hello ဆရာဝန်ဝဘ်ဆိုက်တွင်ဖော်ပြထားသောအကြောင်းအရာများကို ကုသမှုပေးနေသောဆရာဝန်များ၏ အကြံပြုစစ်ဆေးချက်များနေရာတွင် အစားထိုးခြင်းမျိုးမပြုလုပ်ပါနှင့်။ အကယ်၍ အရေးပေါ်ကျန်းမာရေးအခြေအနေတစ်ရပ်ကို ခံစားနေရသည်ဟု ယူဆပါက ဆရာဝန်နှင့်ချက်ချင်းပြသပေးပါ။