backup og meta

နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား။

နေ့ခင်းဆို တမှေး အိပ်လိုက်ရမှ၊ နေ့လည်စာလေးစားပြီး ထမင်းလုံးစီလိုက်ရမှ ဆိုတဲ့သူတွေ ရှိပါသလား။ တချို့ နေ့လယ်ခင်း တရေးအိပ်တာ ကို ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောတဲ့သူရှိသလို တချို့ကျတော့လည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ပြောကြတဲ့သူတွေလည်းရှိပါတယ်။ ဒီလို နှစ်ခြမ်းကွဲနေတဲ့ အုပ်စုကြီး ဘယ်သူက မှန်လဲ ဘယ်သူမှားလဲ။

နေ့လယ်ခင်း တရေးအိပ်ခြင်း။ 

အရာရာတိုင်းက အကောင်းနဲ့ အဆိုးအမြဲဒွန်တွဲနေတာပါ။ အသွားမတော် တစ်လှမ်း အစားမတော်တစ်လုတ်ဆိုသလိုပဲ မှန်ကန်တဲ့ ဘောင်ထဲက လုပ်မှသာ ကောင်းကျိုးတွေ ပြည့်ပြည့်ဝဝ ခံစားရမှာပါ။ ဒီလိုပဲ နေ့လယ်ခင်း တရေးအိပ်တာ မှာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။

နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား။

  • နေ့လယ်ခင်း တရေးအိပ်တာ ဟာ ညဘက်အိပ်မပျော်တဲ့သူတွေအတွက်တော့ တကယ်ကို အားပြည့်စေမယ့် အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။ ခဏလောက် မှေးကနဲ အိပ်ပျော်သွားရင်တောင် လိုနေတဲ့ အားအင်တွေ ပြည့်ဝသွားသလို ခံစားရစေမှာပါ။
  • နေ့လယ် တရေးမှေးတဲ့သူတွေဟာ မှတ်ဉာဏ် ပိုပြီး ရင့်သန်တယ်လို့ ဆိုပါတယ်။
  • နေ့လယ်ခင်း တရေးအိပ်တာ ဟာ သွေးပေါင်ချိန်ကိုလည်း လျှော့ချပေးလို့ သွေးတိုးနေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုပါ။
  • Narcolapsy ရောဂါလို့ခေါ်တဲ့ နာတာရှည် အာရုံကြော ဝေဒနာခံစားနေရတဲ့ သူတွေ နေ့လယ်ခင်းမှာ တရေး အိပ်ပေးရင် ခံစားနေရတဲ့ ဝေဒနာတွေ သက်သာသွားတယ်လို့ ဆိုပါတယ်။

ကောင်းတဲ့ အချက်တွေပြီးတော့ ဆိုးတဲ့အချက်တွေ လာပါပြီ။

  • နေ့လယ်ခင်း မှာ အိပ်လွန်းရင် အချိန်ကြာလာတာနဲ့ အမျှ ညဘက် အိပ်မပျော်တဲ့ ဝေဒနာတွေ စတင်ခံစားရတတ်ပါတယ်။
  • နေ့လယ် တရေးမှေးတယ်ဆိုတာ လုပ်ကိုလုပ်ရမယ်လို့ မဆိုလိုပါဘူး။ မအားလို့ မအိပ်ရင်လည်း ဘာခံစားမှုမှ ဖြစ်မနေရပါဘူး။ ဒါပေမယ့် နေ့ခင်းရောက်ပြီဆိုတာနဲ့ မအိပ်ဘဲ မနေနိုင်ဘူးဆိုရင်တော့ ညဘက်အိပ်စက်ခြင်း စက်ဝန်းမှာ ပြဿနာတစ်ခုခုရှိနေပါပြီ။
  • နေခင်းဘက် အိပ်စက်ချိန် များတဲ့သူတွေဟာ ဆီးချိုဖြစ်နိုင်ချေ ပိုများတယ်လို့ဆိုပါတယ်။
  • နေ့ခင်းဆို တက်ကြွမှု မရှိဘဲ အိပ်ချင်နေတဲ့သူတွေဟာ စိတ်ဓာတ်ကျဝေဒနာ ခံစားရဖို့ ပို လွယ်တယ်လို့လည်း ဆိုပါတယ်။

ကဲ ဒီတော့ နေ့လည်ဘက် တရေးမှေးတာမှာ ကောင်းတဲ့ အချက်တွေ ရှိသလို ဆိုးတဲ့အချက်တွေလည်း ရှိပါတယ် စာဖတ်ပရိသတ်ကြီးရေ။

ဒီလိုဆို ကိုယ်က နေ့လယ် တရေးလည်း မှေးချင် ကျန်းမာရေးကိုလည်း မထိခိုက်စေချင်ဘူးဆို ဘယ်လို အကျိုးရှိအောင် အိပ်ရမလဲဆိုတဲ့ အချက်တွေကို ပြောပြပေးမယ်နော်။

  • မိနစ် ၂၀ ထက် ကြာအောင် မအိပ်ပါနဲ့။ မိနစ် ၂၀လောက်ပဲ တရေးမှေးမှ ပြန်နိုးလာတဲ့အချိန်မှာ အားအင်တွေပြည့်ဝနေပါလိမ့်မယ်။ မိနစ် ၂၀ ထက်ကြာသွားရင် ပြန်နိုးလာတဲ့အခါ နုန်းနေသလို ခံစားရပါလိမ့်မယ်။
  • နေ့လယ်ဘက်ဆို ပတ်ဝန်းကျင်က ဆူနေတာများတဲ့အတွက် ဆိတ်ငြိမ်တဲ့ ဝန်းကျင်ကို ရွေးပြီးမှ တရေးမှေးပါ။
  • နေ့လယ် ၂ နာရီနောက်ပိုင်းမှ တရေးအိပ်ရင် ညဘက် အိပ်စက်ခြင်းစက်ဝန်းကို ထိခိုက်စေတတ်လို့ ၂ နာရီ မတိုင်ခင် တရေးအိပ်တာကသာ အကောင်းဆုံးပါ။

ကဲ ဒီတော့ နေ့လယ် တရေးမှေးတတ်တဲ့ အကျင့်ဟာ ကောင်းတဲ့အချက်တွေလည်းရှိသလို နည်းလမ်းမှားနေရင် ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေလည်း ရှိတယ်ဆိုတဲ့ အကြောင်းကို သိသွားလောက်ပြီလို့ထင်ပါတယ်နော်။

ရေးသားသူ- Dr Thin Yadanar@ Frances

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.youbeauty.com/life/napping-pros-and-cons/ Accessed Date 27.12.2018

https://www.health.com/health/gallery/0,,20445820,00.html? Accessed Date 27.12.2018

https://www.sleepresolutions.com/blog/pros-and-cons-of-napsAccessed Date 27.12.2018

ယခုပုံစံ

22/08/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ်

အိပ်တိုင်း ကျန်မားရေးအတွက် အကျိုးရှိသလား ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement