၄။ ထိုင်ထလုပ်ပါ။
ထိုင်ထပုံမှန် လုပ်ပေးတဲ့ အမျိုးသားတွေဟာ ပေါင်နဲ့ ခြေသလုံးတွေ ပိုသန်မာလာမယ်။ အလေးအပင်တွေ မတဲ့နေရာမှာလည်း ခါးကို သက်သောင့်သက်သာဖြစ်စေပြီး အားအင်ပိုစိုက်ထုတ်လာနိုင်မယ်။ ဒါ့အပြင် အဓိကအားသာချက်ကတော့ တင်ပါးကြွက်သားတွေကိုလည်း သန်လာစေတာပါပဲ။ တင်ပါးကြီးဖို့ဆိုတာ အမျိုးသမီးတွေအတွက်ပဲ လိုအပ်တယ်လို့ ထင်ရင်တော့ အမှားကြီး မှားသွားပါလိမ့်မယ်။ လိင်မှုကိစ္စ ထမ်းဆောင်ရာမှာ အမျိုးသားတွေအတွက် သက်လုံကောင်းဖို့ လိုအပ်တဲ့အပြင် ကိုယ့်ရဲ့ အဖော်ကိုပါ လိင်မှုဆိုင်ရာ စိတ်တိုင်းကျစေဖို့၊ အားသွန်ခွန်စိုက် စွမ်းဆောင်ပေးဖို့အတွက် တင်ပဆုံရိုးကြွက်သားက ကူညီပေးနိုင်ပါတယ်။
၅။ အိပ်ထ မ တင် လေ့ကျင့်ခန်းပြုလုပ်ပါ။
အမျိုးသားတွေရဲ့ ဝမ်းဗိုက်က မလိုအပ်တဲ့ အဆီပိုတွေကို ကျစေတယ်။ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။ ဝမ်းဗိုက်ကြွက်သားကိုလည်း ကြံ့ခိုင်စေပါတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေနိုင်တယ်နော်။
Gym ကို တကူးတက သွားပြီး အချိန်ကုန်မခံချင်တဲ့ အမျိုးသားတွေအတွက် တခြားပစ္စည်းကိရိယာတွေလည်း မလိုအပ်ဘဲ လုပ်ချင်စိတ်တစ်ခုတည်းရှိရုံနဲ့ ကိုယ်တိုင်လုပ်လို့ရတဲ့ လေ့ကျင့်ခန်း ၅ မျိုးကို ပြောပြပေးလိုက်တယ်နော်။ မနက်ပိုင်း နိုးလာတဲ့အချိန် လေ့ကျင့်ခန်းလုပ်ပြီး ချွေးနည်းနည်းတိတ်အောင် စောင့်ပြီးမှ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြီး မနက်စာစားလိုက်ရုံပဲဆိုတော့ အချိန်လည်း သိပ်ပေးစရာမလိုတော့ပါဘူး။ လေ့ကျင့်ခန်း စတင်လုပ်ဖို့ နောက်ကျသွားတဲ့အချိန်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ကျန်းမာကြံ့ခိုင်ပြီး သာယာလှပတဲ့ ဘဝလေးပိုင်ဆိုင်ရဖို့ လေ့ကျင့်ခန်း မှန်မှန်လုပ်ကြစို့။