ခြေထောက်အောက်ပိုင်း ဆန့်သွားတယ်လို့ ခံစားရသည်အထိ ပဝါစကို ဆွဲဆန့်ပြီး ခြေထောက်ဆီကို ဖြည်းဖြည်းချင်း ကိုယ်ကို ကိုင်းချပါ။ အိပ်ရာထဲက မထွက်သေးခင် ၃ကြိမ်ကနေ ၅ကြိမ်အထိ အခါခါပြုလုပ်လို့ ရပါတယ်။
(၃) ရေခဲ နင်းခြင်း
ခြေထောက် နာကျင်ကိုက်ခဲတာတွေကို ရေခဲက အရောင်ကျ စေပါတယ်။ ဒါကတော့ အကြောအခြင်တွေကို ရေခဲနဲ့ နှိပ်နယ်တဲ့ နည်းပါပဲ။
အရင်ဆုံး သက်တောင့်သက်သာ ရှိတဲ့ခုံမှာ ထိုင်ပါ။ ကြမ်းပြင်ပေါ်မှာ ရေခဲပုလင်းကို ထားပါ။ ခြေဖဝါးကို ပုလင်းပေါ်တင်ပြီး ခြေဖဝါး အစကနေ အဆုံးအထိ ၅မိနစ်လောက် ဖြည်းဖြည်းချင်း လှိမ့်ပေးပါ။
ခြေဖနောင့် နှစ်ခုလုံး နာနေတယ်ဆိုရင် နှစ်ဖက်လုံးအတွက် အသုံးပြုနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခြေဖဝါး အရွတ်ပြားကို ဖြည်းဖြည်းချင်း ဆွဲဆန့်ပေးပါတယ်။ ခြေဖဝါး အရွတ်ပြားရောင်ခြင်းကြောင့် အဖြစ်များတဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေဖို့ လေ့ကျင့်ခန်း ပြုလုပ်စဉ်မှာ သင့်ခြေထောက်ကို ဒီလိုမျိုး အအေးဓာတ်ပေးနိုင်ပါတယ်။
(၄) လှေကားထစ် အကြောလျှော့ခြင်း
ဘယ်လှေကား အထစ်မှာဖြစ်ဖြစ် ခြေထောက်နှစ်ဘက်လုံးနဲ့ လှေကားထစ်မှာ မတ်မတ်ရပ်ပါ။ လက်ရန်းကို မြဲမြဲ ကိုင်ထားပြီး ဘယ်ခြေထောက်ကို အနောက်ဆုတ်လိုက်ပါ။ ခြေဖျားနဲ့ ခြေချောင်းလေးတွေပဲ ချန်ထားပြီး ဖနောင့်လွတ်တဲ့အထိ လှေကားထစ်မှာ ခြေတခြမ်းပဲ တင်ထားပါ။
ပြီးရင် အဲဒီဘယ်ဘက်ခြေထောက်ရဲ့ ဖနောင့်ကို ဖြည်းဖြည်းချင်း အောက်ကိုနှိမ့်ချပါ (စက္ကန့် ၃၀ လောက်)။ ခြေဖနောင့်ကို အပေါ်ဘက် ပြန်ကြွပေးပါ (၁၀ စက္ကန့်လောက်)။ ၃ ကြိမ်လောက် လုပ်ပြီး ညာဘက်ခြေထောက်ကို ပြောင်းလုပ်ပါ။
(၅) ခြေဖဝါး အကြောလျှော့ခြင်း
ကြမ်းပြင်ပေါ်မှာ ထိုင်ချပြီး ခြေထောက်တွေကို ရှေ့ ဆန့်ထုတ်လိုက်ပါ။ ညာခြေထောက်ကို ဒူးမှာ ကွေးလိုက်ပြီး ညာခြေဖျားကို ခြေချောင်းတွေ အထက်က နေပြီး ဆုပ်ကိုင်ထားပါ။ ခန္ဓာကိုယ် ဘက်ကို ဆွဲယူပြီး ၁၅ စက္ကန့်ကနေ၂၀ အထိ ကိုင်ထားပါ။
ဒီလေ့ကျင့်ခန်းက ခြေဖဝါး တစ်လျှောက် ရှိနေတဲ့ ခြေဖဝါး အရွတ်ပြားကို ပြေလျော့စေပါတယ်။ နေ့စဉ် ပြုလုပ်ပေးခြင်းဖြင့် ခြေဖနောင့်နာကျင်ခြင်း ကို တစ်ပတ်အတွင်း သက်သာသွားစေပါလိမ့်မယ်။
ရိုးရှင်းဘေးကင်းတဲ့ အကြောလျှော့ နည်းလမ်းတွေနဲ့ ခြေထောက် နာကျင်ခြင်းကို အိမ်မှာပဲ ကုသမှု ပေးနိုင်ပါတယ်။ မသက်သာဘူးဆိုရင်တော့ သင့်ဆရာဝန်ဆီမှာ စမ်းသပ်စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။