ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဂေါက်ရိုက်ခြင်းဟာ လူကြိုက်များရေပန်းစားတဲ့အားကစားတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဂေါက်ရိုက်ခြင်းဟာ သင့်ရဲ့ခါးပခုံး ၊ လက်ကောက်ဝတ် နှင့် ဒူးနာခြင်းတို့ကိုဖြစ်စေနိုင်ပြီး အသက်အရွယ်မရွေး ၊ အပျော်တမ်းရိုက်သူနှင့် ကျွမ်းကျင်ပညာရှင်မရွေးဖြစ်နိုင်ပါတယ်။

ယခုဆောင်းပါးကတော့ ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်းတို့အကြောင်းကိုဖော်ပြသွားမှာဖြစ်ပါတယ်။ ဂေါက်ရိုက်ခြင်းဟာ သင့်ရဲ့ဒူးကိုဘယ်လိုသက်ရောက်စေသလဲဆိုတာနဲ့ ကာကွယ်ဖို့သင်ဘာတွေလုပ်နိုင်လဲဆိုတာကိုကြည့်ကြပါစို့ ။

ဂေါက်ရိုက်ခြင်းနှင့် ဒူးနာခြင်း ။

ဂေါက်ရိုက်ခြင်းဆိုသည်မှာ လှုပ်ရှားမှုပုံစံမျိုးစုံ ၊ ကိုယ်နေဟန်ထားမျိုးစုံပါဝင်ပါတယ်။ ဂေါက်ရိုက်စဉ်မှာ ဒဏ်ရာရရှိခြင်းဟာ ဒူးနာခြင်းကိုဖြစ်စေနိုင်ပါတယ် ။

သင်ဂေါက်ရိုက်တဲ့အခါမှာ ဒူးနာခြင်းဖြစ်ပေါ်လာနိုင်ပါတယ် ။ မတော်တဆထိခိုက်ဒဏ်ရာများဟာ သင်ဂေါက်ရိုက်တံကိုလွှဲလိုက်တဲ့အခါ ခန္ဓါကိုယ်အမြန်လည်သွားခြင်းနှင့် ဆက်စပ်နေပါတယ် ။ ဒါဟာ အရွတ်တွေကိုဖိအားပိုမိုသက်ရောက်စေပါတယ်။ သင့်ဒူးမှာရှိတဲ့ အရွတ်များဟာ ဒူးကိုတည်ငြိမ်နေစေဖို့အတွက်အရေးကြီးပါတယ် ။

ဥပမာ ဒူးအရှေ့ဘတ်ရှိ အရွတ်ဟာ ဒူးအလယ်ကနေဖြတ်သွားနေပြီး သင့်ရဲ့ဦးတည်ချက်ကိုအမြန်ပြောင်းလိုက်တဲ့အခါ ဒူးမှာဒဏ်ရာရရှိပြီး ထိုအရွတ်ဟာစုတ်ပြဲသွားနိုင်ပါတယ် ။

သင်ဟာဒူးကိုအမြန်ကွေးခြင်း (သို့မဟုတ်) လှည့်ခြင်းပြုလုပ်တဲ့အခါအရိုးနုအရွတ်ပြားလေးဟာလည်းစုတ်ပြဲသွားနိုင်ပါတယ် ။ အပျော့စား (သို့မဟုတ်) သာမန်ကိစ္စတွေမှာသင်ဟာ ဒူးတွင်တောင့်တင်းနေခြင်းနှင့် နာကျင်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။ ဒူးကိုကွေးရာမှာလည်းခက်ခဲနေနိုင်ပါတယ် ။ ဒူးပတ်လည်မှာလည်းရောင်ရမ်းနေနိုင်ပါတယ်။ ပိုပြီးပြင်းထန်တဲ့ကိစ္စတွေမှာတော့စုတ်ပြဲနေတဲ့အရိုးနုပြားလေးဟာ ဒူးဆီသို့ရွေ့လာနိုင်ပါတယ် ။ ဒါဟာ သင်လှုပ်ရှားတဲ့အခါအသံကြားနေရမည်ဖြစ်ပြီး ဒူးကိုဖြောင့်တန်းဖို့ရာ ခက်ခဲနေပါလိမ့်မယ်။

အကယ်၍သင့်မှာ အရိုးနုပြားစုတ်ပြဲနေပြီဆိုရင်တော့ သင့်ဒူးမှာအရိုးအဆစ်ရောင်ရမ်းခြင်း ဖြစ်ဖို့အလားအလာပိုများပါတယ်။ သင်ဂေါက်ရိုက်တဲ့အခါ ထပ်ခါထပ်ခါလှုပ်ရှားမှုများဟာလည်း ဒီရောဂါကိုဖြစ်စေနိုင်ပါတယ်။ သင့်မှာအရိုးအဆစ်ရောင်ရမ်းနေတဲ့အခါသင့်ဒူးထဲမှာရှိတဲ့အရိုးနုဟာ စုတ်ပြဲသွားပြီး အရိုးများကိုအကာအကွယ်အနည်းငယ်သာပေးနိုင်ပါတော့တယ်။ ထိုအခါဒူးရှိအရိုးများသည် အချင်းချင်းပွတ်တိုက်ကြပြီး နာကျင်ခြင်း ၊ တောင့်တင်းခြင်း ၊ ရောင်ရမ်းခြင်းတို့ကိုဖြစ်ပေါ်စေနိုင်ပါတယ် ။ တစ်ခါတရံမှသင်ဟာခါတိုင်းလိုလှုပ်ရှားမရနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

  • ဂုတ်ညှင်းရိုးရှိအရွတ်ရောင်ခြင်း။

သင့်ရဲ့ဒူးတွင် ဂုတ်ညင်းရိုးနှင့် ခြေသလုံးရိုးကိုဆက်သွယ်ထားသည့်အရွတ်တစ်ခုရှိပါတယ်။ ထိုအရွတ်ဟာ သင့်ကို ကန်ရာ ပြေးရာမှာကူညီပေးပါတယ်။ ဂုတ်ညှင်းရိုးအရွတ်ရောင်ခြင်းဟာသင့်ဒူးကိုဂေါက်ရိုက်ရာတွင်အလွန်အကျွံအသုံးပြုတဲ့အခါ ဖြစ်ပေါ်လာပါတယ်။ ထိုအရွတ်ပေါ်ကို ဖိအားများထပ်ကာထပ်ကာသက်ရောက်တဲ့အခါ သင့်ရဲ့ဂုတ်ညှင်းရိုးအရွတ်ဟာ စုတ်ပြဲသွားနိုင်ပါတယ် ။

ဂေါက်ရိုက်စဉ်မှာဒူးနာကျင်ခြင်းကိုဘယ်လိုကာကွယ်ကြမလဲ။

ဂေါက်ရိုက်ခြင်းဟာ ဒူးပြဿနာအချို့ဖြစ်စေနိုင်သော်လည်း ဂေါက်ရိုက်ခြင်းကို ရှောင်ရှားဖို့အထိတော့မလိုအပ်ပါဘူး ။ နည်းလမ်းအချို့ကိုလိုက်နာပြီး ဒဏ်ရာမရရှိဘဲနှင့် ဂေါက်ရိုက်နိုင်ပါတယ် ။

– အကယ်၍သင့်ဒူးမှာအနည်းငယ်နာကျင်ခြင်းရှိပြီး ဂေါက်ဆက်လက်ရိုက်နိုင်သေးတယ်ဆိုရင်တော့ အနီးရိုက်ချက်လေးတွေနဲ့ပဲပေါ့ပေါ့ပါးပါးစတင်သင့်ပါတယ် ။ သင်ဘယ်လိုခံစားနေရတယ်ဆိုတာကို သတိထားပြီး သင့်ကိုသင်ပြန်မေးဖို့အရေးကြီးပါတယ်။ မသက်မသာဖြစ်လာလျှင် လျစ်လျူရှုပြီးမနေသင့်ပါဘူး ။

အကယ်၍ ဂေါက်ရိုက်ရာတွင်မသက်မသာခံစားရပါက သင်ဂေါက်ရိုက်တာကို အကန့်အသတ်တစ်ခုထားပြီးရိုက်ရပါမယ်။ သင့်ကိုယ်သင်ပင်ပင်ပန်းပန်း မစေခိုင်းသင့်ပါဘူး ။

– ဂေါက်ရိုက်တိုင်း ညင်ညင်သာသာနဲ့စတင်ရပါမယ် ။သင့်ခန္ဓါကိုယ်ဟာ အသားကျဖို့အချိန်လိုတဲ့အတွက်ဖြစ်ပါတယ်။ သင့်ရဲ့ဒူးတွင်နာကျင်မှုနဲ့မသက်မသာ မှုတွေ မခံစားရမီ ဂေါက်ရိုက်ခြင်းကို ရပ်တန့်ရပါမယ် ။

– ဂေါက်ရိုက်တဲ့အခါ ဂေါက်ရိုက်ဖိနပ်ကိုဝတ်ဆင်ရပါမယ်။ ဒီဖိနပ်မျိုးဟာ သင်လွှဲလိုက်တဲ့အခါ ဒူးကိုလိမ်သွားစေမယ့်အားကိုလျော့နည်းစေပါတယ် ။

ဂေါက်မရိုက်မီနှင့် ဂေါက်ရိုက်ပြီးတိုင်း အကြောလျှော့ခြင်းဖြင့် သွေးပူလေ့ကျင့်ခန်းလုပ်ရပါမယ် ။ ဒီလိုလုပ်ခြင်းဟာ သင့်ကိုတက်ကြွစေပါလိမ့်မယ်။

အကယ်၍သင့်တွင် ဒူးဒဏ်ရာရှိတယ်လို့ထင်ပါက ဂေါက်မရိုက်သင့်ပါဘူး ။ ဒဏ်ရာရရှိနေစဉ်မှာ ဂေါက်ရိုက်ခြင်းဟာ သင့်ရဲ့ဒူးကိုပိုမိုဆိုးဝါးသွားစေပါလိမ့်မယ်။

– သင်အသက်ကြီးလာတဲ့အခါမှာဂေါက်ရိုက်တဲ့အကြိမ်ရေကို လျှော့ဖို့စဉ်းစားရပါမယ်။အသက်ကြီးလာတဲ့အခါဒူးနာခြင်းဟာ ပိုမိုဆိုးဝါးလာနိုင်ပါတယ် ။

လူအများစုဟာ ဂေါက်ရိုက်ရခြင်းကို နှစ်သက်ကြပါတယ် ။ ဒါပေမယ့် သူတို့အားလုံးဟာ ဂေါက်ရိုက်ခြင်းဟာ ဒူးနာခြင်းကိုဖြစ်စေတယ်ဆိုတာ မသိကြပါဘူး ။ သို့သော်လည်း ဂေါက်ရိုက်ရာတွင်ဒူးနာခြင်းကို သင့်တော်တဲ့အထောက်အကူပစ္စည်းများ နှင့် နည်းပညာများအသုံးပြု၍ ကာကွယ်နိုင်ပါတယ်။

Hello health group သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသား တွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း(၅)သွယ်

အမျိုးသား ယောကျာ်းလေး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှု ကျန်းမာရေး အသားအရေ အရွယ်တင်နုပျို နည်းလမ်း အားကစား ကိုယ်လက်လှုပ်ရှားမှု အာဟာရ ဗီတာမင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်ဒူးဆစ်လေး မနာစေဖို့ ဆောင်ရန်၊ ရှောင်ရန် နည်းနာများ

ဒူးနာ ကိုယ်အလေးချိန် အဆစ်အမြစ်ရောင် ဒူးဒဏ်ရာ အရိုးကျိုးခြင်း ရုပ်ပိုင်းဆိုင်ရာ အပ်စိုက်ကုထုံးနည်းလမ်း အပူချိန် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဘူနီယွန် ကြောင့် ခြေမအဆစ်ရောင်ရမ်းကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း (၅) ခု

ဘူနီယွန် ခြေမ အဆစ် အဆစ်နာ ရောင်ရမ်း နာကျင်ကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း ကုသမှု ခြေထောက် ခြေဖဝါး အရိုးအဆစ် ဖိနပ် ရေနွေး ရေခဲကပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အားကစားလုပ်လို့ဖြစ်တဲ့ ဒဏ်ရာနဲ့ နာကျင်ကိုက်ခဲမှုတွေ အမြန်သက်သာစေမယ့် အကြံပေးချက် (၁၀) ခု

အားကစား ထိခိုက်ဒဏ်ရာတွေ ကိုယ်လက်ကျန်းမာရေး ကိုယ်လက်လေ့ကျင့်ခန်း ထိခိုက်ဒဏ်ရာ ဆေးပလာစတာ အသားအရေ ကြွက်သား ကိုယ်ခံအား ခန္ဓာကိုယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ဆီးချိုရှိလည်း အသက်ရှည်ရှည်နေလို့ရမယ့် လျှို့ဝှက်ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 30, 2020 . 2 mins read
ကျော နဲ့ ခါးမှာ ပေါက်တဲ့ ဝက်ခြံ ဘယ်လိုကုသကြမလဲ

ကျော နဲ့ ခါးမှာ ပေါက်တဲ့ ဝက်ခြံ ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read