အဆစ်ရောင်နာ ခံစားနေရသူတွေအတွက် နနွင်းရဲ့ ဆေးဖက်ဝင်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အာရှဟင်းလျာ တော်တော်များများကို အရောင်နဲ့အရသာတိုးစေတဲ့ နနွင်းက ဟင်းခတ်အမွှေးအကြိုင် တစ်ခုတင်မဟုတ်ဘဲ ဆေးဖက်ဝင်တယ်ဆိုတာကို ရှေးယခင်ကတည်းက လက်ခံလာခဲ့ကြတာပါ။ နနွင်းက အနာဝက်ခြံလည်ချောင်းနာတာလေပြွန်ရောင်တာနဲ့ အဆစ်ရောင်တာတွေကိုသက်သာစေနိုင်တယ်လို့လည်း လက်ခံထားကြပါတယ်။ ဒါက ဘယ်အချက်ပေါ်မှာ မူတည်ပြီးလက်ခံထားတာလဲဆိုတေ့ နနွင်းက အရောင်ကျစေနိုင်တယ်ဆိုတဲ့ အချက်အပေါ်မှာပါ။

အဆစ်ရောင်နာအတွက် နနွင်း

အဆစ်ရောင်နာက လူတော်တော်များများခံစားရလေ့ရှိတဲ့ ပြဿနာတစ်ရပ်ပါ။ လေ့လာမှုတွေအရသိရတာက အဆစ်ရောင်နာဝေဒနာ ခံစားရသူတွေအနေနဲ့ နနွင်းပုံမှန် စားသုံးပေးမယ်ဆိုရင်

အဆစ်တွေရောင်တာ၊ နာတာကိုသက်သာစေနိုင်တယ်

နနွင်းက ရောင်ရမ်းမှုကိုသက်သာစေနိုင်ပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တဲ့ အာနိသင်တွေရှိပါတယ်။ လေ့လာမှုအရ နနွင်းစားသုံးပေးတာက လေးဖက်နာကြောင့် အဆစ်တွေနာတာ၊ အဆစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်နေ့ကို နနွင်း ၂ ၈ရမ်လောက်ပုံမှန် စားသုံးမှုက အဆစ်ရောင်ရောဂါကြောင့် နာကျင်မှုကို သက်သာစေနိုင်ပြီး ဒူးအကွေးအဆန့် ကောင်းလာသလို လှေကားတွေကိုလည်း ကောင်းကောင်းတက်လာနိုင်တယ်၊ လို့ဆိုပါတယ်။

ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

ရောင်ရမ်းမှုက နာကျင်မှုကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပါ။ လေ့လာမှုတွေအရသိရတာက နနွင်းမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်က နနွင်းမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်အပြင် ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်တဲ့ ပရိုတင်း၊ အင်ဇိုင်းတွေနဲ့ အခြားသော အစွမ်းသတ္တိတွေရှိနေပါသေးတယ်။ နနွင်းမှာပါတဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်က အရိုးပွတာ၊ အဆစ်ရောင်နာ ကနေစလို့ ဆီးချို နဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေအထိ ရောဂါတော်တော်များများကို သက်သာစေနိုင်ပါတယ်။

အရိုးနုလေးတွေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ်

တစ်နေ့တာလှုပ်ရှားမှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အရိုးနုလေးတွေ ပျက်စီးမှုက ရေရှည်မှာ အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အရိုးကျန်းမာရေးကို ဂရုစိုက်ချင်တယ်ဆိုရင် အရိုးနုလေးတွေကို ဂရုစိုက်ဖို့ကလည်း မေ့ထားလို့ မဖြစ်ပါဘူး။ နနွင်းက အရိုးနုလေးတွေကို ကျန်းမာစေနိုင်သလို အဆစ်ရောင်နာကြောင့် အရိုးနုလေးတွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဂေါက်ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

နနွင်းက ယူရစ်အက်ဆစ်ပမာဏကို ကျစေနိုင်ပါတယ်။ ယူရစ်အက်ဆစ်များတာက ဂေါက်ရောဂါဖြစ်စေဖို့ တွန်းအားပေးပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့က နနွင်းစားသုံးပေးတာပါ။ နနွင်းစားသုံးတာက ယူရစ်အက်ဆစ်ကို ကျစေနိုင်သလို သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်ဖို့ နနွင်းကို စားသုံးပေးလို့ရပါတယ်။

Oxidative Stress တွေကြောင့် အဆစ်ရောင်နာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်

Oxidative Stress တွေက အဆစ်ရောင်နာဖြစ်စေဖို့ အဓိကတွန်းအားပေးနေပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကို စားသုံးဖို့ပါ။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့်နည်းလမ်းက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ နနွင်းကို စားသုံးပေးတာပါ။ လေ့လာမှုတွေအရ နနွင်းစားသုံးတာက အဆစ်ရောင်နာရောဂါ ရှိသူတွေမှာ oxidative stress ကြောင့်  အဆစ်ရောင်ရမ်းနာကျင်တာကို သက်သာစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် နနွင်းကို ဟင်းချက်တဲ့အခါမှာဖြစ်ဖြစ်။ နွားနို့နဲ့ရောစပ်ပြီးဖြစ်ဖြစ်။ ပျားရည်နဲ့ရောစပ်ပြီးဖြစ်ဖြစ် ပုံမှန်လေးစားသုံပေးလို့ အဆစ်ရောင်နာကြောင့် နာကျင်မှုတွေကို သက်သာအောင်လုပ်ဆောင်ပေးလို့ရပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးသေစေတဲ့ သဘာဝအစားအစာတွေ

ပိုးသတ်ဆေး ဘက်တီးရီးယား ရောဂါ အစားအစာ ဗီတာမင် ပျားရည် ကြက်သွန်ဖြူ ကိုယ်ခံအားစနစ် အချဉ်ဓာတ် အသီးအနှံ သစ်ကြံပိုးခေါက် ချင်း ပန်းသီးရှာလကာရည် အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်မျက်နှာကို လှပစေမယ့် အက်ဆစ်အမျိုးအစားတွေ

အက်ဆစ်၊ အလှအပ၊ မျက်နှာ၊ အသားအရည်၊ Skincare၊ အဆီ၊ အဖုအပိမ့်၊ အနာ၊ တင်းတိပ်၊ နေလောင်ကွက်၊ အမည်းစက်၊ နေလောင်ဒဏ်၊ မှဲ့ခြောက်၊ ဝက်ခြံ၊ Toner၊ Moisturizer၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဆီးချို သမားတွေ အသီးစားလို့ရလား

ဆီးချို အသီး ဗီတာမင် သတ္တုဓာတ် အမျှင်ဓာတ် သစ်သီးခြောက် သစ်သီးဖျော်ရည် သစ်သီးယို Glycemic index glycemic load နောက်ဆက်တွဲရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ

အပူအစပ်၊ မျက်ရည်ကျ၊ ပါးစပ်၊ နှုတ်ခမ်း၊ လျှာ၊ အာခေါင်၊ မာလာရှမ်းကော၊ ငါးပိထောင်း၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည်၊ ကစီဓာတ်၊ ခရမ်းချဉ်သီး၊ သံပုရာ၊ ရေခဲမုန့်၊ Mint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

Safflower ကပေးတဲ့ အသားအရေ ကျန်းမာမှု

Safflower oil ကပေးတဲ့ အသားအရေ ကျန်းမာမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read
ပင်ပန်းတဲ့ မနက်ခင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ပင်ပန်းတဲ့ မနက်ခင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read

မျက်နှာမသစ်ဘဲ Face Mask ကပ်လို့ ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 3, 2020 . 2 mins read

ဆီးချိုရှိလည်း အသက်ရှည်ရှည်နေလို့ရမယ့် လျှို့ဝှက်ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read