နနွင်းက ရောင်ရမ်းမှုကိုသက်သာစေနိုင်ပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တဲ့ အာနိသင်တွေရှိပါတယ်။ လေ့လာမှုအရ နနွင်းစားသုံးပေးတာက လေးဖက်နာကြောင့် အဆစ်တွေနာတာ၊ အဆစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်နေ့ကို နနွင်း ၂ ၈ရမ်လောက်ပုံမှန် စားသုံးမှုက အဆစ်ရောင်ရောဂါကြောင့် နာကျင်မှုကို သက်သာစေနိုင်ပြီး ဒူးအကွေးအဆန့် ကောင်းလာသလို လှေကားတွေကိုလည်း ကောင်းကောင်းတက်လာနိုင်တယ်၊ လို့ဆိုပါတယ်။
ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်
ရောင်ရမ်းမှုက နာကျင်မှုကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပါ။ လေ့လာမှုတွေအရသိရတာက နနွင်းမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နောက်တစ်ချက်က နနွင်းမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်အပြင် ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်တဲ့ ပရိုတင်း၊ အင်ဇိုင်းတွေနဲ့ အခြားသော အစွမ်းသတ္တိတွေရှိနေပါသေးတယ်။ နနွင်းမှာပါတဲ့ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်က အရိုးပွတာ၊ အဆစ်ရောင်နာ ကနေစလို့ ဆီးချို နဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေအထိ ရောဂါတော်တော်များများကို သက်သာစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။