သွားနဲ့ခံတွင်းဂရုပြုတာက အသည်းကင်ဆာ ကာကွယ်ရာရောက်တယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

တစ်နေ့နှစ်ကြိမ်သွားတိုက်ဖြစ်ရဲ့လား။ မတိုက်ဖြစ်ဘူးဆိုရင်တော့ ဒီနေ့ကစပြီး သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်တိုက်တတ်တဲ့ အလေ့အကျင့်ကိုမွေးမြူလိုက်ပါနော်။ သွားနဲ့ခံတွင်း သန့်ရှင်းမှုက သင်ထင်မထားလောက်အောင်ကို တာသွားတာပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ရအောင်လား………

သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါလို့ပြောရတဲ့ အကြောင်းအရင်း

သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုစိုက်မှုက ခန္ဓါကိုယ်ကို ကျန်းမာနေစေဖို့ အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။ခံတွင်းက ခန္ဓါကိုယ်ရဲ့ ဝင်ပေါက်ပါ။ ခံတွင်းကျန်းမာရေးကိုသာသေချာဂရုမစိုက်ဘူးဆိုရင် ခန္ဓါကိုယ်တစ်ခုလုံးအတွက်ကောင်းကျိုးမရှိဘဲဆိုးကျိုးတွေပဲဖြစ်လာမှာပါ။ သွားတွေကိုက်မယ်၊ သွားဖုံးကနေသွေးထွက်မယ်၊ခံတွင်းနံ့ဆိုးမယ်။ ဒါတွေက ခံတွင်းကျန်းမာရေးဂရုစိုက်မှုအားနည်းနေတယ်ဆိုတဲ့ လက္ခဏာတွေပါ။ ခံတွင်းကျန်းမာရေးအားနည်းတဲ့အခါ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားလာပြီးသွေးကြောတွေထဲကို ရောက်ရှိသွားမှုကနေတဆင့် ကိုယ်တွင်းမှာရောဂါတွေခံစားရနိုင်ပါတယ်။ ဒါကြောင့်ခန္ဓါကိုယ်ကျန်းမာစေဖို့ သွားနဲ့ခံတွင်းကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။

သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုမစိုက်တာကြောင့် ဘာတွေဖြစ်လာနိုင်လဲ…………..

သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာကြောင့်ဒါတွေဖြစ်လာနိုင်ပါတယ်။

အသည်းကင်ဆာမဖြစ်ချင်ရင် ခံတွင်းကျန်းမာရေးဂရုစိုက်ပါ

ယူကေမှာပြုလုပ်ခဲ့တဲ့လေ့လာမှုအရ ခံတွင်းကျန်းမာရေးအားနည်းသူတွေက သွားဖုံး တွေရောင်တာ၊ သွားဆုံးရှုံးတာတွေအပြင် အသည်းကင်ဆြာဖစ်နိုင်ခြေက ပုံမှန်ထက် ၇၅ ရာခိုင်နှုန်းပိုများနေပါတယ် လို့တွေ့ရှိခဲ့ရပါတယ်။ အစောပိုင်းကလေ့လာမှုတွေအရတော့ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာက အစာရေမြိုကင်ဆာဖြစ်စေနိုင်တယ်လို့ပဲတွေ့ရှိခဲ့ရတာပါ။

အရင်ကလေ့လာမှုရဲ့ ရလဒ်

အစောပိုင်းကလေ့လာမှုရလဒ်တွေအရတော့ ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာက အစာရေမြိုကင်ဆာဖြစ်နိုင်ခြေ ပုံမှန်ထက် ၂၈ ရာခိုင်နှုန်းကျော်ပိုများနေတယ်၊လို့တွေ့ရှိခဲ့ရတာပါ။ ဒါတင်မကသေးပါဘူး သွားနဲ့ခံတွင်းကို ဂရုမစိုက်တာကြောင့် အခြားသော ကင်ဆာရောဂါတွေ ခံစားနိုင်ခြေကလည်းတော်တော်လေးများနေပါတယ်။

အခုနောက်ပိုင်းမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ လူတွေရဲ့နေထိုင်စားသောက်မှုပုံစံတွေပြောင်းလဲလာတာကြောင့် ကင်ဆာဖြစ်ပွားမှုနှုန်းတွေကလည်းမြင့်တက်လာပါတယ်။ ဒီလိုမြင့်တက်လာတဲ့ထဲမှာ ခံတွင်းသန့်ရှင်းမှုအားနည်းတာကြောင့် အစာခြေစနစ်မှာ ကင်ဆာ ခံစားရတာတွေလည်း ပိုများလာပါတယ်။ အစာခြေစနစ်ကင်ဆာဆိုတဲ့အထဲမှာ အစာရေမြိုကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ စအိုကင်ဆာတွေအပြင် သည်းခြေပြွန်ကင်ဆာ၊ ပန်ကရိယကင်ဆာတွေလည်း ခံစားလာရပါတယ်။ အစာခြေစနစ်ဆိုင်ရာ ကင်ဆာခံစားရသူတွေထဲက ၁၃ ရာခိုင်နှုန်းလောက်က ခံတွင်း မသန့်ရှင်းမှုကနေ စတာပါ။ အစာခြေစနစ်ကင်ဆာတွေဖြစ်ရတာကို သက်ရောက်နေစေတဲ့နောက်တစ်ချက်က သွားနဲ့ခံတွင်းသန့်ရှင်းမှုအားနည်းတာအပြင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုနည်းတာကြောင့်လည်း ပါဝင်နေပါတယ်။

ခံတွင်းကျန်းမာရေးနဲ့ အသည်းကင်ဆာဖြစ်နိုင်ခြေ

ဒီလေ့လာမှုအတွက် အမေရိကန် ဆရာဝန်တွေကလေ့လာမှုတွေလုပ်ကြည့်တဲ့အခါမှာ ခံတွင်းသန့်ရှင်းမှုအားနည်းသူတွေက အသည်းကင်ဆာဖြစ်နိုင်ခြေ ပုံမှန်ထက် ၇၅ ရာခိုင်နှုန်းပိုများနေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ခံတွင်းသန့်ရှင်းမှုအားနည်းသူတွေက အသည်းကင်ဆာ၊ သည်းခြေပြွန်ကင်ဆာနဲ့ သည်းခြေအိတ်ကင်ဆာတွေ ခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေကြပါတယ် ။ ဒါ့အပင် အရွယ်ရောက်ပြီးသူတော်တော်များများမှာ ခံစားရတဲ့ ကင်ဆာတွေက အသည်းကနေအစပြုကြတာပိုများပါတယ်။
တကယ်လို့ ခံတွင်းသန့်ရှင်းရေးလည်း အားနည်းမယ်၊ အရက်တွေ၊ဆေးလိပ်တွေသောက်မယ်၊ ကွမ်းစားမယ်စတဲ့ ခံတွင်းကျန်းမာရေးကိုထိခိုက်စေတဲ့ အပြုအမူတွေကို လုပ်မယ်ဆိုရင် သွားနဲ့ သွားဖုံးတွေ ထိခိုက်ပျက်စီးတာအပြင် အသည်းကိုပါထိခိုက်စေနိုင်မှာ အသေအချာပါ။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ် ပုံမှန်သွားတိုက်လို့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပြီး အသည်းကင်ဆာအပါအဝင်အခြားရောဂါတွေ ခံစားရမှုကနေ ကိုယ့်ကိုကိုယ်ကာကွယ်လိုက်ပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား

ကိုယ်အလေးချိန် အသက်အရွယ် ပိန်ခြင်း ဝခြင်း အဝလွန် လေ့ကျင့်ခန်း အဝတ်အစား ခန္ဓာကိုယ် ကျန်းမာရေး ကိုယ်အလေးချိန်ထိန်းခြင်း ဝိတ်ချခြင်း အိပ်ချိန် အစာအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အမွှေးတိုင် တွေက သင့်ကျန်းမာရေးကို ထိခိုက်နိုင်သလား။

အမွှေးတိုင် ဓာတုပစ္စည်း အိမ်တွင်းလေထုညစ်ညမ်းမှု indoor air pollution အမှုန်အမွှား အဆုတ်ကင်ဆာ ပန်းနာရင်ကြပ် ဓာတ်တိုးပစ္စည်း နှလုံးရောဂါ လေဝင်လေထွက်ကောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အဆီ (သို့မဟုတ်) ကိုလက်စထရောနှင့် ပတ်သက်သည့် အယူအဆအလွဲများ

အဆီဓာတ် ကိုယ်ခန္ဓာ ကိုလက်စထရော ကိုယ်အလေးချိန် အစားအစာတွေ နှလုံးရောဂါ ကိုယ်ဝန်ဆောင်ချိန် ဖွံ့ဖြိုးမှု နို့ထွက်ပစ္စည်း တန်ဆေးလွန်ဘေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်းကြောင့် ရောဂါပိုခံစားရနိုင်သလား

အမျိုးသားတွေ နှလုံးရောဂါ ရင်သားကင်ဆာ စိတ်ကျန်းမာရေးပြဿနာ စိတ်ဖိစီးမှု ဆီးလမ်းကြောင်းပြဿနာ အရက်သောက်ခြင်း လေဖြတ်ခြင်း အရိုးအဆစ်ရောင်ရမ်းနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။

ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 ဖတ်ရန် ကြာချိန်

ပါးစပ်ထဲက တံထွေး ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်

လူတွေ ပြောနေတဲ့ Keto Diet ဆိုတာ ဘာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်