သားသမီး ကင်ဆာဝေဒနာခံစားနေရတာကို သိရှိလိုက်ချိန်မှာ မိဘတွေအနေနဲ့ ဘယ်လိုတုန့်ပြန်လေ့ရှိကြသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 5 mins read
Share now

ကင်ဆာရောဂါဖြစ်နေတယ်လို့ သိရှိခြင်းဟာ မိသားစု တစ်ခုလုံးကို ထိခိုက်မှု ရှိနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အသည်းကင်ဆာ ဖြစ်နေတဲ့ ကလေးရဲ့ မိဘဆိုရင် သင်ဟာခံစားရလွန်းလို့ ဘယ်လိုဖြေသိမ့်ရမှန်းတောင်မသိ ဖြစ်နေနိုင်ပါတယ်။ သင် ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သင်နဲ့ အခြေအနေတူ မိဘ ဘယ်နှစ်ယောက်ရှိလဲ ဆိုတာပဲ ဖြစ်ပါတယ်။

ရှောခ့်

ရှောခ့်ရတယ် ဆိုတာ မိဘတွေ အပြောများတဲ့ အရာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဘာတွေ ဘယ်လို ခံစားနေရမှန်းကို မသိနိုင်ကြပါဘူး။ ခံစားမှုတွေနဲ့ မေးခွန်းတွေဟာ ခေါင်းထဲမှာ များပြားနေတာကြောင့် အစပိုင်းမှာ ထုံထိုင်းမှုကို ခံစားရနိုင်ပါတယ်။ ဆရာဝန်က သူတို့ကလေးရဲ့ အခြေအနေကို ရှင်းပြတဲ့အခါမှာ မိဘတွေဟာ စိတ်ရှုပ်ထွေးခြင်း ဖြစ်သွားကြပါတယ်။ မိဘတွေဟာ ဆရာဝန်က ပြောပြတဲ့ ရောဂါအခြေအနေ (သို့) ကလေးရဲ့ ကုသမှု အစီအစဉ်ကို မမှတ်မိနိုင် (သို့) မစဉ်းစားနိုင်ကြပါဘူး။ ဒီလို ထုံပေပေဖြစ်သွားခြင်းဟာ ပုံမှန်ဖြစ်ပြီး သူတို့ ကို အချိန်ယူပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ရင်ဆိုင်နိုင်စေပါတယ်။

ရှောခ့် ကို ဘယ်လိုကျော်ဖြတ်ရမလဲ။

ပထမဦးစွာ ဒီခံစားမှုဟာ ပုံမှန်ဖြစ်ပြီး ပြန်ကောင်းသွားမယ် ဆိုတာ သတိရသင့်ပါတယ်။ သင့်ခံစားချက်တွေ အကြောင်းကို အခြားမိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ဆရာဝန်တွေ၊ ဆရာမတွေကို ပြောပြနိုင်ပါတယ်။

တကယ်လို့ သင့်ဆရာဝန်နဲ့ တွေ့ဆုံချိန်တွေမှာ အာရုံမစိုက်နိုင်ဘူးဆိုရင် အခြားတစ်ယောက်ကို အကူအညီတောင်းနိုင်ပါတယ်။ မိသားစုဝင် (သို့) သူငယ်ချင်းတစ်ယောက်ယောက်ကို အတူလိုက်ပြီးတော့ လိုက်မှတ်ဖို့ အကူအညီတောင်းသင့်ပါတယ်။ တကယ်လို့ သူတို့ကို အကူအညီမတောင်းနိုင်ဘူးဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းကို နောက်တစ်ခေါက်ထပ်ပြောပြဖို့ အကူအညီတောင်းသင့်ပါတယ်။

မယုံကြည်ခြင်းနဲ့ ငြင်းပယ်ခြင်း

သင့်ကလေးမှာ ကင်ဆာရှိတယ်ဆိုတာ သင့်အတွက် မယုံကြည်ဖွယ်ရာ လက်မခံနိုင်စရာ ဖြစ်ပါတယ်။ သင့်ကလေးဟာ အသည်းကင်ဆာ ဖြစ်နေရလောက်အောင် ဖျားနာနေခြင်းလဲ မရှိပါဘူးဆိုပြီးတော့ ဒါကို ငြင်းပယ်ဖို့အတွက် အကြောင်းပြချက်တွေကို ရှာဖွေနိုင်ပါတယ်။ ဒါဟာ စစ်ဆေးမှု မှားယွင်းခြင်း (သို့) အခြားလူတစ်ယောက်ရဲ့ အဖြေတွေနဲ့ ရောထွေးနေတယ်လို့ သင်ထင်နိုင်ပါတယ်။ ဆေးရုံကို အပြစ်တင်ခြင်း (သို့) နောက်တစ်ယောက်ရဲ့ အကြံဉာဏ်ကို ယူခြင်း တွေကို ပြုလုပ်နိုင်ပါတယ်။

မယုံကြည်ခြင်း (သို့) ငြင်းပယ်ခြင်းတွေဟာ စစချင်းတွေမှာ နာကျင်ဖွယ် ခံစားချက်တွေကို နှောင့်နှေးစေနိုင်ပါတယ်။ မယုံကြည်ခြင်းနဲ့ ငြင်းပယ်ခြင်းတွေဟာ မိဘတွေကို သူတို့ရဲ့ ကလေးရဲ့ ရောဂါအခြေအနေကို အမှန်အတိုင်း လက်ခံဖို့ အချိန်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေက သင့်ကလေးကို သင့်လျော်တဲ့ ကုသမှုခံယူစေဖို့ အနှောင့်အယှက် မဖြစ်စေသင့်ပါဘူး။

မယုံကြည်တဲ့ အဆင့်ကို ဘယ်လိုကျော်ဖြတ်မလဲ။

မယုံကြည်ခြင်းတွေကို ဖယ်ထုတ်ဖို့အတွက် မေးခွန်းတွေ မေးပြီး အဖြေရှာသင့်ပါတယ်။ ရောဂါအကြောင်း အချက်အလက်တွေ ရှာဖွေခြင်းဟာ ရောဂါအတည်ပြုဖို့ ကူညီပေးနိုင်ပါတယ်။ အသည်းကင်ဆာ၊ ကုသမှုတွေနဲ့ အသည်းရောဂါရှိတဲ့ ကလေးတွေရဲ့ မိဘတွေအနေနဲ့ သိထားသင့်တဲ့ အချက်အလက်တွေကို ရှာဖွေသင့်ပါတယ်။ နာမည်ကျော်ကြားပြီး အရည်အချင်းရှိတဲ့ ကျန်းမာရေးဆေးခန်း (သို့) ဆေးရုံ တွေကို ရှာဖွေသင့်ပါတယ်။

စိတ်ပူပန်ခြင်းနဲ့ ကြောက်ရွံ့ခြင်း

လူတိုင်းဟာ ကင်ဆာကို ကြောက်ရွံ့ကြပါတယ်။ စိတ်ပူပြီး ကြောက်ရွံ့တာဟာ သင်နဲ့ မရင်းနှီးတဲ့ အဖြစ်အပျက်တွေ၊ မထိန်းချုပ်နိုင်တဲ့ အရာတွေကို ရင်ဆိုင်ရချိန်တွေအတွက် ပုံမှန်ပဲဖြစ်ပါတယ်။ သတင်းတွေမှတစ်ဆင့် (သို့) သင်နဲ့ဘဝတူ ကင်ဆာဖြစ်နေတဲ့သူငယ်ချင်းတွေမှတစ်ဆင့် ကင်ဆာ အကြောင်း ပုံပြင်တွေ ဆောင်းပါးတွေကို ကြားဖူးနိုင်ပါတယ်။ ကင်ဆာရဲ့ အဆိုးဆုံးအခြေအနေကို တွေးမိပြီး ကင်ဆာရှိခြင်းဟာ သင့်ကလေးအတွက် သေမိန့်ပေးလိုက်သလိုပဲလို့ ထင်ကောင်း ထင်နေပါလိမ့်မယ်။

ဆရာဝန်တွေက သင့်ကလေးဟာ အသည်းကင်ဆာကုသမှုကို ကောင်းကောင်းတုန့်ပြန်လိမ့်မယ် (သို့) ဒီကင်ဆာဟာ သင့်ကလေးနဲ့ သင်တို့မိသားစုကို အကျိုးသက်ရောက်မှု ရှိမှမဟုတ်ဘူးလို့ ကတိမပေးနိုင်ပေမယ့် အကောင်းဆုံးတော့ ကြိုးစားပြီး ကုသပေးမှာ ဖြစ်ပါတယ်။

သင့်ကလေးကို ကာကွယ်ဖို့က သင့်တာဝန်ဖြစ်ပြီး ဒါကို ပျက်ကွက်နေပြီလို့ ခံစားရနိုင်ပါတယ်။ အခုတော့ သင့်ကလေးရဲ့ အသက်ကို အခြားသူတစ်ယောက်ထံမှာ အပ်နှံထားရတော့မှာပါ။ ဒါဟာ အလွန်ခက်ခဲတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ အခြားသူတစ်ယောက်ရဲ့ ဗဟုသတနဲ့ ကျွမ်းကျင်မှုတွေမှာ သင့်ကလေးအတွက် ယုံကြည်စွာ အပ်နှံရခြင်းဟာ ကြောက်စရာကောင်းပါတယ်။

သင့်မိသားစုဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သင်ဟာ ဒီပြောင်းလဲမှုတွေအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားရနိုင်ပါတယ်။ ဒါအပြင် သင့်ကလေး ကုသမှုကို တုန့်ပြန်မည်မဟုတ်ဆိုတဲ့ ကြောက်ရွံ့ခြင်း (သို့) ကုသမှုဟာ သင့်ကလေးရဲ့ ကိုယ်ခန္ဓါကို ထိခိုက်လိမ့်မယ်ဆိုတဲ့ ကြောက်ရွံ့မှုတွေလဲရှိနိုင်ပါတယ်။ မသိရှိတဲ့အရာတစ်ခုကို ကြောက်ရွံ့ခြင်းဟာ ဒီလိုအခြေအနေမျိုးမှာတော့ တကယ်ဖြစ်နိုင်ပါတယ်။

ကြောက်ရွံ့မှုကို ဖြေရှင်းဖို့ ဘယ်လိုအကူအညီတွေ ရနိုင်မလဲ။

အကောင်းဆုံးလုပ်နိုင်တာကတော့ တိကျတဲ့ အချက်အလက် ရယူဖို့ဖြစ်ပြီး သင့်ကလေးကင်ဆာကုသမှု မှာပါတဲ့ အဖွဲ့ကသူတွေနဲ့ ပွင့်လင်းစွာ စကားပြောခြင်းပဲ ဖြစ်ပါတယ်။ ကင်ဆာရှိတဲ့ ကလေးငယ်တွေရဲ့ မိခင်တွေဆီက အတွေ့အကြုံတွေကို ဝေမျှနိုင်ပြီး ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာပါ သင်ယူနိုင်ပါတယ်။ ဒါဟာ သင့်ဘဝမှာ သေးငယ်တဲ့အရာတွေကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်ပြီး အခြားသူတွေဆီက အားအင်တွေကို သင့်ကိုယ်သင် ပြန်လည် ထိန်းညှိဖို့ ယူနိုင်ပါတယ်။

အပြစ်တင်ခြင်း

သင့်ကလေးမှာ အသည်းကင်ဆာရှိတယ်ဆိုတာ လက်ခံလိုက်တာနဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နိုင်ပါတယ်။ မိဘတွေရဲ့ နံပါတ်တစ် တာဝန်ကတော့ သူတို့ကလေးအတွက် အကောင်းဆုံးကို ပေးပြီး သူတို့ကို ကာကွယ်ပေးဖို့ပဲဖြစ်ပါတယ်။ သင်ဟာ သင့်ကိုယ်သင် စတင် မေးခွန်းထုတ်လာနိုင်ပြီး ဒါဖြစ်ဖို့အတွက် ကလေးကို ပြုစုစောင့်ရှောက်တဲ့အချိန်မှာ သင်ဘယ်လိုအမှားတွေ လုပ်ခဲ့သလဲ၊ သင့်ကလေးကို များလျစ်လျူရှုခဲ့မိသလား အစရှိတာတွေကို တွေးမိနိုင်ပါတယ်။ ကင်ဆာမျိုးရိုးရှိတဲ့ မိသားစုတွေကတော့ ဒီမကောင်းတဲ့ မျိုးရိုးဗီဇ တွေကို ကလေးဆီကို ပေးမိတယ်ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နိုင်ပါတယ်။ သင့်ပတ်ပတ်လည်က အရာတွေကို မေးခွန်ထုတ်လာနိုင်ပြီး ရေတွေကများ ရောဂါဖြစ်စေတာလား၊ အိမ်နီးချင်း ပတ်ဝန်းကျင်ကပဲ ကျန်းမာရေးနဲ့ မညီညွတ်တာလား၊ ဘယ်အရာက ကင်ဆာကို ဖြစ်စေတာလဲ၊ သင့်မိသားစု စားနေတဲ့ အစာတွေကရော စိတ်ချရရဲ့လား အစရှိတာတွေပဲ ဖြစ်ပါတယ်။

ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှာဖွေဖေါ်ထုတ်ခြင်းဟာ အကူအညီဖြစ်စေပေမယ့် လူတစ်ယောက် ဘာကြောင့်ကင်ဆာဖြစ်စေတယ်ဆိုတာကို ဘယ်သူကမှ သေချာ သိရှိခြင်း မရှိပါဘူး။ ဒါ့ပြင် ဒါသင့်အပြစ် မဟုတ်ပါဘူး။

အသည်းကင်ဆာဟာ များသောအားဖြင့် အခြားကင်ဆာတွေထက် နောက်ကျပြီးမှ သိရှိရတတ်ပါတယ်။ ရောဂါလက္ခဏာတွေကို သတိမထားမိခြင်းအတွက် အပြစ်တင်မှုကို ခံစားရနိုင်ပါတယ်။ ဆရာဝန်ဆီကို စောစီးစွာ မသွားမိခြင်း (သို့) ကလေးအတွက် လုံလောက်စွာ လုပ်ပေးနိုင်မှု မရှိခြင်းတွေကို တွေးပူတတ်ကြပါတယ်။

တကယ်လို့ ကိုယ့်ကိုယ်ကို အပြစ်မြင်လာပြီဆိုရင် စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်နဲ့ စကားပြောသင့်ပါတယ်။ သင့်ကလေးမှာ ကင်ဆာရှိနေပြီဆိုရင် ကြုံတွေ့မယ့် အလုပ်တွေကနေ စိတ်ပြောင်းစေမယ့် အပြစ်တင်မှုတွေကို ခွင့်မပြုဖို့ အရေးကြီးပါတယ်။

အပြစ်တင်မှုတွေအတွက် ဘယ်လိုလုပ်ရမလဲ။

သင့်ကလေးမှာ အသည်းကင်ဆာဘာကြောင့်ဖြစ်သလဲဆိုတာကို သင်ဘယ်တော့မှ မသိနိုင်တာ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို လက်ခံရမှာ ဖြစ်ပါတယ်။ အကြောင်းရင်းကို သိရှိခြင်းဟာလည်း ဖြစ်ခဲ့တယ်ဆိုတဲ့အချက်ကို မပြောင်းလဲနိုင်ပါတယ်။ အခြားကင်ဆာရှိတဲ့ ကလေးမိဘတွေနဲ့ စကားပြောခြင်း (သို့) သင့်ကလေးကို ကုသပေးနေတဲ့ အဖွဲ့နဲ့ စကားပြောခြင်းတွေဟာလည်း ဒီခံစားချက်တွေကို ကျော်လွှားဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သင့်အိမ်ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ဖြစ်နေရင် သင်နေပိုကောင်းသွားအောင် ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ပါတယ်။

ဝမ်းနည်းခြင်းနဲ့ စိတ်ဓါတ်ကျခြင်း

သင်တွေ့ကြုံရမယ့် ယေဘုယျခံစားချက်က ဝမ်းနည်းခြင်းပဲ ဖြစ်ပါတယ်။ မိဘတိုင်းဟာ သူတို့ရဲ့ ကလေးတွေကို ကျန်းမာပျော်ရွှင်စေချင်မှာ ဖြစ်ပါတယ်။ ကလေးငယ် နေမကောင်းဖြစ်တာကို မြင်နေရခြင်းဟာ ဝမ်းနည်းခြင်းနဲ့ စိတ်ကျခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ သင့်ကလေးဟာ သူ့ရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေကို လက်လွတ်ဆုံးရှုံးလိုက်ရပြီလို့ ခံစားရနိုင်ပါတယ်။ ကုသမှုကို မျှော်လင့်ချက်မရှိဘူးလို့ ခံစားရနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးရဲ့ ပုံပန်းသဏ္ဍန်ဟာ ဆိုးရွားနေရင်တော့ ဒီခံစားချက်တွေ ပိုမို ပြင်းထန်လာနိုင်ပါတယ်။

သင့်ရဲ့ လူမှုဘဝမှာ ဒီခံစားမှုတွေကြောင့် ဆုံးရှုံးခြင်းတွေ ဖြစ်နိုင်ပါတယ်။ အိပ်မပျော်၊စားမဝင်၊ လေးလံထိုင်းမှိုင်းပြီး၊ ပုံမှန် နေ့စဉ် လုပ်ငန်းဆောင်တာတွေအတွက် အကူအညီလိုနေနိုင်ပါတယ်။

ဝမ်းနည်းမှု၊ စိတ်ကျမှုတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ။

စကားပြောခြင်း၊ စာရေးခြင်း၊ ငိုကြွေးခြင်း တွေဟာ သင့်ခံစားချက်တွေကို ပွင့်ထွက်စေပါတယ်။ သင့်မိသားစုတွေ၊ သူငယ်ချင်းတွေဆီက အကူအညီတောင်းဖို့ကို မရှက်ရွံ့သင့်ပါဘူး။ သင့်အလုပ်တူတူလုပ်သူတွေ၊ အလုပ်ရှင်၊ ဆေးရုံမှ ဆရာမ၊ စိတ်ရောဂါအထူးကု ဆရာဝန်ဆီမှ အကူအညီယူသင်သင့်ပါတယ်။ ဘဝတူ အခြားမိဘ တစ်ဦးဦးနှင့် စကားပြောခြင်း၊ တရားထိုင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တွေ လုပ်ခြင်းအားဖြင့် အကူအညီရနိုင်ပါတယ်။ မိမိကိုယ်ကို ဂရုစိုက်ခြင်းဟာ သင့်ကလေးငယ်ကို ဂရုစိုက်ခြင်းလိုပဲ အရေးကြီးပါတယ်။ သင့်ကလေးကို ကူညီပေးနိုင်ဖို့အတွက် ကိုယ့်လိုအပ်ချက်တွေကိုလဲ ဂရုစိုက်သင့်ပါတယ်။

စိတ်တိုခြင်း

စိတ်တိုခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ ဘဝရဲ့ တရားမမျှတမှုတွေအပေါ် စိတ်တိုမိတာ ပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် စိတ်တိုခြင်းဟာ တခါတရံမှာ သင့်ကလေးရဲ့ ဆရာဝန် (သို့) ကျန်းမာရေးစောင့်ရှောက်သူတွေဆီကို ဦးတည်သွားတတ်ပါတယ်။ ရှုပ်ထွေးတဲ့ ကုသမှုစနစ်တွေနဲ့ ထိတွေ့ရတာကြောင့် စိတ်တိုတတ်ပါတယ်။ သင့်မိသားစုကိုလည်း မကူညီနိုင်တာကြောင့် စိတ်တိုနိုင်ပါတယ်။ တခါတရံမှာ သင့်ကလေးငယ် နေမကောင်းရင်တောင်မှ ဒီအခြေအနေ ဖြစ်စေလို့ (သို့) သူ၊သူမဟာ ဆရာဝန်၊ ဆရာမတွေ ပြောတာလိုက်နာဖို့ ငြင်းဆန်နေလို့ သူတို့ကိုလည်း စိတ်တိုနိုင်ပါတယ်။

ဒီလို စိတ်ဖိစီးမှုတွေ စုပြုံပြီး စိတ်တိုခြင်းအဖြစ် ပွင့်ထွက်လိုက်ခြင်းဟာ အခြားသူတွေအတွက်သော်လည်းကောင်း၊ သင့်ကလေးအတွက်သော်လည်းကောင်း အကူအညီ မဖြစ်နိုင်ပါဘူး။ အချို့မိဘတွေဟာ စိတ်တိုခြင်းတွေကို မျိုသိပ်ထားပါလိမ့်မယ်။ အချို့ကတော့ စိတ်တိုခြင်းကို ရန်လို ပေါက်ကွဲတဲ့နည်းတွေနဲ့ ဖေါ်ပြပြီး အခြားသူတွေပေါ်မှာ ပုံချနိုင်ပါတယ်။ သင့်မိဘတွေနဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေဟာ အတူတကွ အလုပ်လုပ်ပြီး သင့်ကလေးကို ကူညီပေးဖို့ ကြိုးစားသင့်တာကြောင့် စိတ်တိုမှုကို ဖေါ်ပြဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းတွေ လိုအပ်ပါတယ်။ ဖြစ်လာတဲ့ မကျေနပ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းကောင်းတွေလည်း လိုအပ်ပါတယ်။

စိတ်တိုခြင်းကို ဖြေရှင်းဖို့ ဘာတွေ လုပ်နိုင်သလဲ။

အခြားခံစားမှုတွေကို ဖြေရှင်းသလိုပဲ အကောင်းဆုံးကတော့ ဒေါသဖြစ်နေတာကို သိနေသင့်ပါတယ်။ သင့်ကို စိတ်တိုစေတဲ့ အရာတွေကို ရှာဖွေဖို့ လိုအပ်ပြီး သင့်စိတ်တိုခြင်းတွေကို ဖေါ်ပြပေးမယ့် ကျန်းမာတဲ့ နည်းလမ်းတွေ လိုအပ်ပါတယ်။ စကားပြောဆိုခြင်းဟာလည်း အကူအညီပေးနိုင်ပါတယ်။ တခါတရံမှာ သင့်ခံစားမှုတွေကို ဖေါ်ပြနိုင်တဲ့ တစ်ဖက်သက် စကားပြောခြင်းမျိုးဟာလည်း အကျိုးရှိပါတယ်။ စိတ်တည်ငြိမ်ပြီး တင်းကျပ်မှုတွေ လျော့ကျနိုင်စေမယ့် လေ့ကျင့်ခန်းမျိုး (လမ်းလျှောက်ခြင်း) တွေဟာလည်း အကျိုးရှိပါတယ်။ စိတ်တိုခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဒါကြောင့် ဒါကို ပျောက်ကွယ်အောင် ကြိုစားဖို့နဲ့ သင့်ကလေးရဲ့ ကင်ဆာရောဂါအတွက် ဘယ်သူကမှ အပြစ်မရှိဘူးဆိုတာ လက်ခံနိုင်ဖို့အရေးကြီးပါတယ်။

သင်ဟာ သင့်ကလေးရဲ့ အသည်းကင်ဆာရောဂါ ကုသမှုအတွင်း ဒီခံစားမှုတွေကို ထပ်ခါထပ်ခါ ခံစားရနိုင်ပါတယ်။ သင့်ဘဝအတွင်းက ပြောင်းလဲမှုတွေကို ထိန်းညှိဖို့အတွက် နည်းလမ်းရှာဖွေဖို့ လိုအပ်ပြီး သင်ကိုယ်တိုင်၊ သင့်မိသားစုနဲ့ ကလေးတွေအတွက် ဘဝအရည်အသွေးကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Translated by Phyu Mon Latt

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အသည်းရောင်အသားဝါ ရောဂါကိုဖြစ်စေတဲ့ရောဂါပိုးများနဲ့ဘယ်လိုကာကွယ်ကြမလဲ။

    အသည်းရောင်အသားဝါ အသည်းခြောက် အသည်းကင်ဆာ အသည်းရောင်အသားဝါA ပိုး အသည်းရောင်အသားဝါBပိုး C ပိုး အသည်းရောင်အသားဝါE ပိုး အရက် Bပိုးကာကွယ်ဆေးအကာကွယ်မဲ့လိင်ဆက်ဆံ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    အသည်းရောင်အသားဝါ Bပိုး မကူးအောင်ဘယ်လိုကာကွယ်ကြမလဲ။

    Bပိုး အသည်းရောင်ရောဂါ အသည်းခြောက်ခြင်း အသည်းကင်ဆာ သွေးသွင်းကုသ လိင်ဆက်ဆံဖော်များ ကျောက်ကပ်ဆေး မူးယစ်ဆေး ကာကွယ်ဆေးထို မိခင်မှကလေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    ကင်ဆာ ကာကွယ်ဆေး များ

    ကင်ဆာ ကာကွယ်ဆေး သားအိမ်ခေါင်းကင်ဆာ အသည်းရောင်အသားဝါ ဘီပိုး HPV လိင်ဆက်ဆံ လိင်အင်္ဂါကြွက်နို့ pap smear အသည်းကင်ဆာ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    အသည်းကင်ဆာ နဲ့ပတ်သတ်ပြီးသိသင့်သမျှ

    အသည်းကင်ဆာ Hepatocelluar carcinoma ဘီပိုး စီပိုး အသည်းခြောက်ရောဂါ Wilson disease သာလာဆီးမီးယား ဆီးချိုရောဂါ အသည်းအဆီဖုံးခြင်း Aflatoxin အရက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    အသည်းကင်ဆာ, ကျန်းမာရေးစင်တာ ဖေ‌ဖော်ဝါရီ 3, 2020 . 2 mins read

    သင့်အတွက် ရွေးချယ်ထားသည်

    အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်

    အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 14, 2020 . 2 mins read
    အသည်းရောင် အသားဝါပိုးကြောင့် မဟုတ်လည်း အသည်းရောင်နိုင်ပါတယ်။

    အသည်းရောင် အသားဝါပိုးကြောင့် မဟုတ်လည်း အသည်းရောင်နိုင်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 28, 2020 . 2 mins read
    အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ

    အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 24, 2020 . 2 mins read

    ဆေးလိပ်သောက်ခြင်းကို ကျောခိုင်းပြီးသည့်အခါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် မေ 7, 2020 . 2 mins read