ဒီလေ့လာမှုအတွင်း လူ ၆၃၈ ယောက်ရဲ့ နေ့စဉ် လမ်းလျှောက်မှုနှုန်းကို လေ့လာခဲ့ပါတယ်။ တစ်ခါလမ်းလျှောက်တဲ့အခါတိုင်း ၅ နာရီထက်မနည်း လမ်းလျှောက်ကြပါတယ်။ တစ်နေ့တာမှာ လှမ်းတဲ့ခြေလှမ်းအရေအတွက်ကိုလည်း သေချာမှတ်ထား ပါတယ်။
ဒီလိုလေ့လာမှုနဲ့အတူ သွေးပေါင်ချိန်ကိုလည်း တိုင်းတာကြည့်ခဲ့ပါတယ်။ ဒီလေ့လာမှုကို ၅ လကြာလုပ်ဆောင်ခဲ့တဲ့အခါမှာ တွေ့ရှိရတာက လမ်းပုံမှန်လျှောက်နေတာကြောင့် နှလုံးက ကျန်းမာသလို အသက်ရှူနှုန်းကလည်း ပုံမှန်ပါပဲ။ သွေးပေါင်ချိန် ကလည်း ရှိသင့်တဲ့ ပမာဏအတိုင်းရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။
ခြေလှမ်း၁၀၀၀၀ လှမ်းတိုင်းမှာ သွေးပေါင်ချိန်က ၂.၂၅ mm Hg ကျဆင်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို ပုံမှန် လမ်းလျှောက်နေတာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီးသွေးတိုးကို ကာကွယ်ပေးသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။
တစ်နေ့တာကို မနက်ခင်းစောစောမှာဖြစ်ဖြစ် အလုပ်သွားရင်းဖြစ်ဖြစ် အနည်းဆုံး ၁၅ မိနစ် နာရီဝက်လောက် ပုံမှန် လမ်းလျှောက် ပေးပါ။ ဒီလိုလမ်းလျှောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ သွေးတိုးရောဂါကိုလည်း သက်သာစေမယ်။ ကာကွယ်ပေးမယ်ဆိုမှတော့ ပုံမှန်လမ်းလျှောက်သင့်တယ်ဆိုတာ သိလောက်ပြီပေါ့။
ကဲ……သွေးမတိုးအောင် ကာကွယ်ချင်သူတွေရော၊ သွေးတိုးကြောင့် စိတ်ညစ်နေသူတွေရော နေ့စဉ် အနည်းဆုံး ၁၅ မိနစ် ထက်မနည်း လမ်းလျှောက်ပြီး ကျန်းမာရေးကို စောင့်ရှောက်လိုက်ကြပါလို့ တိုက်တွန်းပါရစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။