ဆီးချိုနဲ့ပျားရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ပျားရည်လို့ဆိုလိုက်တာနဲ့ သဘာဝအားဆေး၊ဆေးဖက်ဝင်အစားအစာဆိုပြီး ဦးနှောက်ထဲအရင်ပေါ်လာတယ်ဟုတ်။ ကလေးကစလို့ လူကြီးတွေအထိ အကုန်လုံး စားလို့ရတယ်၊လို့တော်တော်များများက မှတ်ယူထားကြတာပါ။ ဒါဆိုရင် ပျားရည်ကဆေးဖက်ဝင်အစားအစာတစ်ရပ်အနေနဲ့ လူတိုင်းနဲ့တည့်တာလားဆိုပြီးမေးစရာရှိလာပါတယ်။ ဒီလိုဆိုပျားရည်က အချိုရှောင်ရတဲ့ဆီးချိုဝေဒနာရှင်တွေအတွက်ရောဆေးဖက်ဝင်ရဲ့လား။

ဆီးချိုသမားတွေအနေနဲ့ ပျားရည်ကို သကြားေနရာမှာ အစားထိုးအသုံးပြုလိုက်လို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ထူးပြီးရရှိသွားမှာ မဟုတ်ပါဘူး။ ပျားရည်ဟာလည်း သကြားနည်းတူသွေးတွင်းသကြားဓါတ်ပမာဏအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ တကယ်တော့ပျားရည်က သကြားထက်ပိုချိုပါတယ်။ ဒါကြောင့် သင့်အနေနနဲ့ ပျားရည်ကို သကြားနေရာမှာ အစားထိုးအသုံးပြုမယ်ဆိုရင်တော့ ပမာဏခပ်နည်းနည်းပဲအသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့်နောက်တစ်ချက်အနေနဲ့ကတော့ ပျားရည်က သကြားထက် ကာဗိုဟိုက်ဒရိတ် နဲ့ ကယ်လ်လိုရီပါဝင်မှုများတာပါ။ တကယ်လို့ ဆီးချိုရှိသူတစ်ယောက်အနေနဲ့ ပျားရည်ကို နှစ်သက်တယ်ဆိုရင်တော့ နည်းနည်းပါးပါးစားလို့ရပါတယ်။

သကြား နဲ့ ပျားရည် ဘာတွေကွာလဲ

ပျားရည်နဲ့ သကြားက အချိုဓါတ်ရတာချင်းတူပေမယ့် အာဟာရတန်ဖိုးချင်းကတော့ ကွာခြားမှာပါ။

ပျားရည်

ပျားရည်မှာ သဘာဝပန်းဝတ်မှုန်တွေပါဝင်နေပြီး အာဟာရပိုမိုပြည့်ဝပါတယ်။ ပျားရည်မှာရေဓါတ်ပါဝင်နေသလို ဗီတာမင်တွေနဲ့ သတ္တုဓါတ်တွေလည်းပါဝင်နေပါတယ်။ သကြားဓါတ်ပါဝင်မှုနည်းပြီး ကယ်လ်လိုရီပါဝင်မှုကတော့ များပါတယ်။ ပျားရည်မှာ ဓါတ်တိုးဆန့်ကျင်အာနိသင်အပါအဝင် အခြားသော ခန္ဓါကိုယ်အတွက် အကျိုးပြုတဲ့ ဓါတ်တွေပါဝင်နေပါတယ်။

ပျားရည်ရဲ့ အသုံးဝင်မှု

သကြား

သကြားကတော့ ကြံကနေထုတ်ယူထားတဲ့ အချိုအရသာအတွက်ဖြည့်စွက်စားသုံးတဲ့ အစားအစာတစ်မျိုးပေါ့။ အစားအစာတွေရဲ့ အချိုအရသာကိုလေးစေဖို့ စားကြတာပါ။ အချိုဓါတ်ကခန္ဓါကိုယ်အတွက်လိုအပ်ပေမယ့် တန်ဆေး လွန်ဘေးဆိုသလိုပါ။ သကြားသွေးတွင်းအချိုဓါတ်ကိုမြင့်တက်စေနိုင်သလို သွားတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။

သကြားရဲ့ အသုံးဝင်မှုက

  • ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အချိုဓါတ်ဖြည့်တင်းပေးတယ်။
  • တက်ကြွလန်းဆန်းစေတယ်။
  • သွေးတိတ်စေတယ်။
  • အရေပြားက ဆဲလ်သေတွေဖယ်ရှားဖို့ အသုံးပြုနိုင်တယ်။

သွေးတွင်းသကြားဓါတ်အပေါ်သက်ရောက်မှု

ပျားရည်ရဲ့သွေးတွင်းသကြားဓါတ်အပေါ်သက်ရောက်မှုက သကြားထက်စာရင် နည်းနည်းလေး နည်းပါတယ်။ ။လေ့လာဆန်းစစ်ချက်တွေအရကတော့ ပျားရည်ကြောင့်သွေးချိုတက်နိုင်ခြေက သကြားကြောင့်သွေးချိုတက်နိုင်ခြေနဲ့ ယှဉ်ရင် နည်းပါတယ်။ သကြားစားပြီး မိနစ် ၃၀ အတွင်းသွေးချိုပမာဏမြင့်တက်မှုက ပျားရည်ထက်ပိုများနေပါတယ်။ ပျားရည်က စားပြီးစမှာသွေးချိုမြင့်သွားပေမယ့် တစ်နာရီလောက်အကြာမှာတော့သွေးချိုကပြန်ကျသွားပါတယ်။ သကြားကတော့ စားပြီး ၂ နာရီကြာမှသွေးချိုက ပုံမှန်အနေအထားကိုပြန်ရောက်ရှိတာဖြစ်ပါတယ်။

၁၂ ပတ်ကြာလုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်အရ ပျားရည် ကာလတိုသွေးတွင်းသကြားပမာဏကို တိုးတက်ကောင်းမွန်စေနိုင်သလိုသွေးတွင်း အဆီဓါတ်ကိုလည်း ကျဆင်းစေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ ပျားရည်ရဲ့ အားသာချက်က ခန္ဓါကိုယ်ထဲကိုရောဂါတစ်ခုခုကြောင့်နောက်ဆက်တွဲရောဂါတွေဝင်ရောက်မလာအောင်တားဆီးနိုင်တာပါ။ ကင်ဆာကို ကာကွယ်ပေးနိုင်သလို အနာလည်းကျက်စေနိုင်ပါတယ်။ အနာတွေမှာလိမ်းပေးမယ်ဆိုရင်ပြင်ပကရောဂါပိုးတွေ ဝင်ရောက်မလာအောင်တားဆီးပေးနိုင်စွမ်းလည်းရှိပါတယ်။ ဒါကြောင့်ဆီးချိုဝေဒနာခံစားနေရသူတွေအနေနဲ့ ပျားရည်ကို အနည်းငယ်တော့စားပေးလို့ရပါတယ်။

ပျားရည်က အင်ဆူလင်ပမာဏကိုတိုးစေနိုင်သလိုသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်ပါတယ်။ ပျားရည်မှာ သကြားထက် ကာဗိုဟိုက်ဒရိတ် နဲ့ ကယ်လ်လိုရီပါဝင်မှုများပေမယ့်ပြုပြင်ထားတာမျိုးမရှိဘဲ သဘာဝစစ်စစ်ဖြစ်တာကြောင့် အာစာရကြွယ်ဝပြီး သွေးတွင်းသကြားဓါတ်အပေါ်သက်ရောက်မှုကနည်းပါတယ်။ သကြားအဖြူတွေထက်တော့ ပျားရည်က ပိုသင့်တော်ပါတယ်။ တန်ဆေး လွန်ဘေးဆိုသလိုပါပဲ။ အများကြီးတော့ မစားပါနဲ့။ သကြားအစားတော့ ပျားရည်နည်းနည်းလောက်စားပေးလို့ရပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

မိုးဦးကာလ ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး ပရိုတင်း အမျှင်ဓာတ် ကိုယ်ခံအား အစားအစာ အာဟာရဓာတ် ကြက်သွန်နီ ငရုတ်သီးစိမ်း ဟင်းလျာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ကြောင်လျှာသီး ကျန်းမာရေး အကျိုးကျေးဇူး ခါးသက်သက် ဆေးဖက်ဝင်ပုံ ဘက်တီးရီးယား ခန္ဓာကိုယ် ဓာတ်တိုးဆန့်ကျင် မှိုပိုး နာတာရှည်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အရပ် ပုတာ အားနည်းချက် လား

အရပ် အရပ်ပုခြင်း အရပ်မြင့်ခြင်း Body Shaming ခန္ဓာကိုယ်အချိုးအစား ပြစ်တင်ဝေဖန်ခြင်း အရပ်အမောင်း ကျန်းမာရေး လှောင်ပြောင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, စိတ်ကျန်းမာရေး ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်

ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။

ကလေး ဆံပင်ရိတ်ပေးရင် ကတုံးတုံး ကျန်းမာရေး မေမေဖေဖေ ဆံပင်ပါး အာဟာရ ဘေဘီလေး ခန္ဓာကိုယ်အပူချိန် ကလေး ကျန်းမာရေး ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်လို့ရလား။

ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်လို့ရလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 ဖတ်ရန် ကြာချိန်
တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်
စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
တံထွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများအကြောင်း

တံထွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 1 ဖတ်ရန် ကြာချိန်