ဖျားနေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်ကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အစားအစာပါပဲ။ နူးညံ့တဲ့အသားနဲ့ ဝါးစားလို့လည်း လွယ်ကူတဲ့အပြင် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ အများအပြားပါဝင်တာကြောင့် ဆော်လ်မွန်ငါးကို တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်ပါတယ်။
တုပ်ကွေးဖြစ်နေစဉ်မှာ ခန္ဓာကိုယ်ကို ရေဓာတ်မခမ်းခြောက်သွားဖို့အတွက် အရည်များများသောက်ပေးဖို့ အရေးကြီးပါတယ်။ ရေ၊ စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်၊ ပျားရည်၊ ရေနွေးကြမ်းနဲ့ သစ်သီးဖျော်ရည်တွေဟာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်တဲ့အပြင် ရောဂါဝေဒနာတွေကို အမြန်သက်သာစေလို့ ဖျားနေစဉ်အချိန်အတွင်းမှာ များများသောက်ပေးဖို့ လိုအပ်ပါတယ်။
ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်သင့်လဲ။
အရက်၊ ကဖင်းဓာတ်ပါဝင်တဲ့ ဖျော်ရည်၊ အမာစာနဲ့ အသင့်စား အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အရက်ဟာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတဲ့အပြင် ရေဓာတ်ကို ခမ်းခြောက်စေတယ်။ ကော်ဖီ၊ ဆိုဒါလိုမျိုး ကဖင်းဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေဟာ သကြားပါဝင်တဲ့အပြင် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ကုန်ဆုံးစေလို့ ဖျားနေစဉ်မှာ ရှောင်ကြဉ်ရပါမယ်။
အာလူးကြော်လိုမျိုး ဆီကြော်တွေကို လည်ချောင်းနာနေချိန်၊ ချောင်းဆိုးနေချိန်မှာ မစားသင့်ပါဘူး။ ဖျားနေစဉ်မှာ ခန္ဓာကိုယ်က ရောဂါပိုးတွေကို တိုက်ထုတ်ဖို့အတွက် အာဟာရဓာတ်တွေကို လိုအပ်နေမှာ ဖြစ်လို့ အသင့်စား အစားအစာမျိုးတွေကို တုပ်ကွေးဖြစ်နေစဉ်အတွင်းမှာ ရှောင်ကြဉ်သင့်ပါတယ်။
တုပ်ကွေးဟာ တစ်ပတ်ကနေ ၂ပတ်အထိ ကြာနိုင်တဲ့အတွက် ရောဂါဖြစ်နေတဲ့အချိန်မှာ အာဟာရဖြစ်စေမယ့် အစားအစာတွေကို စားသုံးပေးဖို့နဲ့ ခန္ဓာကိုယ်တွင်း ရေဓာတ်လုံလောက်မှုဟာ အလွန်အရေးကြီးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။