တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ပုံမှန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာက မိုးတွင်းကာလဆိုရင် တုပ်ကွေး၊ ငှက်ဖျားတွေ စတင်ဖြစ်ပြီး အေးတဲ့ ဆောင်းရာသီမှာတော့ ဒီလိုဖျားနာခြင်းတွေဟာ ပုံမှန်ထက်ပိုပြင်းထန်နိုင်သလို တစ်ဦးကနေ နောက်တစ်ဦး ကူးစက်ဖို့လည်း အရမ်းမြန်တာကို မမေ့သင့်ပါဘူး။

ဘာကြောင့်လည်းဆိုတော့ ဒီလိုတုပ်ကွေးကို ဖြစ်စေတဲ့ ရောဂါပိုးတွေဟာ အေးမြပြီး ခြောက်သွေ့တဲ့ ရာသီမှာ အသက်ရှင်ရလွယ်ကူသလို ချမ်းစိမ့်တဲ့လေတွေထဲမှာလည်း အမြဲလိုလို ပါနေတတ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးဗဟုသုတ နည်းလွန်းတဲ့သူအများစုရဲ့ လက်ကိုင်ပဝါနဲ့ ပါးစပ်ကို မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးတတ်တဲ့ အကျင့်ဆိုးကြောင့် ပုံမှန်ထက်ပိုပြီး တုပ်ကွေးတွေ အဖြစ်များနိုင်ပါတယ်။ ဆင်တုပ်ကွေးက အခုတလော နည်းနည်းပြန်ငြိမ်သွားပါပြီဆိုပေမယ့် လုံးဝမဖြစ်နိုင်တော့တာ မဟုတ်ပါဘူးနော်။ အခုချိန်ထိကို ဆင်တုပ်ကွေးလက္ခဏာတွေ ပြပြီး ဆေးခန်းရောက်လာတဲ့ လူနာတွေလည်း အများကြီးပါပဲ။

နောက်တစ်ချက် ဂရုစိုက်သင့်တာကတော့ ခြင်ပါ။ ခြင်ဆိုတာက ပူတဲ့အချိန်မှာ ပွားတာများတယ်၊ အေးတဲ့အချိန်မှာ သိပ်မတွေ့ရဘူးဆိုပေမဲ့ လုံးဝလျစ်လျူရှုထားလို့ မရပါဘူး။ အထူးသဖြင့် ဒီလိုဆောင်းတွင်းမှာက အပြင်သိပ်မသွားဘဲ အိမ်မှာပဲ အမြဲအောင်းနေတတ်တာဆိုတော့ ခြင်ကိုက်ခံရဖို့ ပိုလွယ်ကူနိုင်ပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ ရောဂါပိုးဟာ လေထဲမှတစ်ဆင့် ကူးစက်ရုံသာမက ခြင်ကိုက်ခံရတဲ့အခါမှာလည်း ကူးစက်တတ်တာကြောင့် ကိုယ့်ကျန်းမာရေးနဲ့ အိမ်သန့်ရှင်းရေးကို အမြဲတမ်း သတိပြုထားသင့်ပါတယ်။

အဲ့တော့ တုပ်ကွေးမဖြစ်အောင် ဘယ်လိုပြုမူနေထိုင်ကြမလဲ။

• တုပ်ကွေးကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် မှန်မှန်ထိုးပါ။ ဒီနှစ်အတွက် မထိုးရသေးဘူးဆိုရင် ခုကတည်းက စထိုးထားသင့်ပါပြီ။
• အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်သွားရင်ဖြစ်ဖြစ် လက်သုတ်ပဝါ၊ တစ်သျှူးအမြဲ ဆောင်ထားပါ။ ကိုယ်နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်ကိုအုပ်ပါ။ တခြားသူတွေ နှာချေ၊ ချောင်းဆိုးရင်လည်း ကိုယ့်နှာခေါင်းနဲ့ ပါးစပ်ကို ချက်ချင်းအုပ်ပါ။ ကိုယ့်ကျန်းမာရေးအတွက် ဘယ်သူ့မျက်နှာကိုမှ ထောက်ကြည့်နေစရာ မလိုပါဘူး။
• ကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေကို သေချာဂရုစိုက်ပါ။ အထူးသဖြင့် ခြင်ကိုက်မခံရအောင် ထားပေးပါ။
• အစာမစားခင်နဲ့ ပစ္စည်းတစ်ခုခု ကိုင်ပြီးတိုင်း လက်ဆေးတတ်တဲ့ အကျင့်လုပ်ပါ။ အပြင်ရောက်နေရင် လက်သန့်စင်ဆေးရည်နဲ့ လက်ကိုသေချာဆေးပါ။
• အစာအာဟာရကို သေချာဂရုစိုက်ပြီး ပြင်ဆင်ချက်ပြုတ်ပါ။ အပြင်က ယင်နားစာတွေ၊ အာဟာရမဖြစ်တာတွေ စားတာရှောင်ပါ။
ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆန်၊ နွားနို့ များများစားပါ။ မုန့်ပဲသရေစာအနေနဲ့ အချဉ်ဓာတ်များတဲ့ သစ်သီးတွေကို စားသုံးပေးပါ။
• ဗီတာမင် စီ အားဆေးတွေကို တစ်နေ့ တစ်လုံးမှီဝဲပါ။
• အိပ်ချိန်ကို တစ်နေ့ အနည်းဆုံး ၇နာရီရအောင် အိပ်ပါ။
• အိမ်နဲ့ ကိုယ်အိပ်တဲ့ အခန်းတွေကို ဖုန်မတက်အောင်၊ ခြင်မအောင်းနေအောင် သေချာသန့်ရှင်းရေးလုပ်ပါ။ ဆေးကြောတိုက်ချွတ်ပါ။
• လေ့ကျင့်ခန်းလုပ်ပေးပါ။ Gym သွားဖို့ အချိန်မပေးနိုင်ရင် မနက်စောစော ခပ်သွက်သွက် လမ်းလျှောက်ပါ၊ ပြေးပါ၊ ပိတ်ရက်တွေမှာ ရေကူးတာ၊ စက်ဘီးစီးတာမျိုး လုပ်ပေးပါ။ မိသားစုအတူတကွ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်နိုင်ရင်လည်း ပိုကောင်းပါတယ်။

ကဲ ဒါဆိုရင် တုပ်ကွေးရာသီမှာ ကိုယ်ရော ကိုယ့်မိသားစုပါ ကျန်းမာပျော်ရွှင်နေဖို့ မလိုလားအပ်တဲ့ ဖျားနာခြင်းတွေ မဝင်လာအောင် ခုကတည်းက ကာကွယ်ကြဖို့ အကြံပေးလိုက်ပါတယ်နော်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ကျန်းမာရေး စိုထိုင်းဆ ရာသီဥတု စိတ်ဖိစီးမှု စိတ်ဓာတ်ကျ ဖျော်ရည် အရိုး ကယ်လ်ဆီယမ် အရိုးပွ ကင်ဆာ အသားအရေ အစာကြေ ကျန်းမာရေးပြဿနာ အစာခြေစနစ် အမျှင်ဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အိမ်မှာနေရင်း COVID-19ကို တိုက်ခိုက်ရအောင်။

COVID-19 ဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ရောဂါပိုး lockdown ခုခံအား တရားထိုင် လက်ဆေးပါ လေ့ကျင့်ခန်း လမ်းလျှောက် လှုပ်ရှားမှု ကိုရိုနာဗိုင်းရပ်စ် mask

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

ကလေး ခန္ဓာကိုယ် မိဘ အလေ့အကျင့် အလေ့အထ နှလုံး သွေးကြော အဆုတ် သွေးတွင်းသကြားဓာတ် ကိုယ်အလေးချိန် သွေးတိုး ကိုယ်ခံအား စိတ်ရောကိုယ်ပါ အပြေး ကြွက်သား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကီဝီသီး၏ အကျိုးကျေးဇူးများ

ပန်းနာရင်ကြပ် ကီဝီသီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း အမျှင်ဓာတ် အမြင်အာရုံ သွေးခဲနိုင်ခြေ သွေးတိုးကျ ရောဂါအခြေအနေ ကိုယ်ခံအား အစာကြေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
COVID-19 (ကိုဗစ်) ကာကွယ်ဆေးမျှော်လင့်ချက်

COVID-19 (ကိုဗစ်) ကာကွယ်ဆေးမျှော်လင့်ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020

ဘာကြောင့် ငယ်ရွယ်လွန်းတဲ့ ကလေးတွေကို Mask ပေးမတပ်သင့်တာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020