ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ချောင်းဆိုးတယ်ဆိုတာ ရာသီမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ စိုးရိမ်စရာတော့ မဟုတ်ပေမဲ့ ဝေဒနာခံစားနေရတဲ့သူအတွက် ဒီချောင်းဆိုးနေရတဲ့ ဒုက္ခက မသေးလှပါဘူး။ လည်ချောင်းထဲက ယားသလိုဖြစ်နေတာကနေ ညဘက်တွေမှာ အိပ်လို့မရတော့တဲ့အထိ ချောင်းတွေ တဟွပ်ဟွပ်ဆိုးနေတာက ကိုယ့်အိပ်ချိန်ကိုလည်း ထိခိုက်စေသလို ဘေးပတ်ဝန်းကျင်ကလူတွေအတွက်လည်း စိတ်ညစ်ရတာပေါ့။

ဒီနေ့ဆောင်းပါးမှာ ညအိပ်နေစဉ် ချောင်းဆိုးတဲ့ ဝေဒနာကို ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ အိပ်နေတဲ့ ခေါင်းအနေအထားကို သေချာပြုပြင်ပါ။

ခေါင်းက လှဲနေတဲ့အချိန်ဆိုရင် လည်ချောင်းက ချောင်းဆိုးချင်စိတ်ကို ဖြစ်စေဖို့ ပိုပြီးလွယ်ကူတတ်ပါတယ်။ ဒါကြောင့် ခေါင်းအောက်မှာ ခေါင်းအုံးနှစ်ထပ်လောက် ခံပြီးမှ အိပ်တာပိုကောင်းပါတယ်။

၂။ အခန်းထဲမှာ အစိုဓါတ်ထိန်းစက်တစ်လုံး ထားထားပါ။

ခုလို နွေရာသီဆိုရင် ခြောက်သွေ့ပူနွေးတဲ့ လေတွေ အမြဲရှိနေတတ်ပါတယ်။ ဒီလေတွေက လည်ချောင်းကို ယားယံစေတယ်။ ဒါ့အပြင် လေထုထဲမှာ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေက အသက်ရှူလမ်းကြောင်းထဲ ရောက်သွားတဲ့အခါ နှာစေး၊ နှာပိတ်တာတွေပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်ခန်း၊ ကိုယ်အလုပ်လုပ်နေတဲ့ ခုံလေးပေါ်မှာ လေထုကို သန့်စင်ပေးပြီး အစိုဓါတ်ထိန်းပေးမယ့် စက်လေးတစ်လုံး ထားထားတာ ပိုကောင်းပါတယ်။

၃။ ပျားရည်သောက်ပါ။

ပျားရည်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေထဲမှာ လည်ချောင်းယားယံတာ၊ ချောင်းဆိုးတာကိုပါ သက်သာစေတဲ့ အာနိသင်တွေလည်း ပါဝင်နေပါတယ်။ ဒီတော့ ကိုယ်က ဒီရက်ပိုင်း ချောင်းတွေအမြဲဆိုးတယ်၊ အိပ်တဲ့အချိန်ထိပါ မခံမရပ်နိုင်အောင် ချောင်းဆိုးနေတယ်ဆိုရင် ရေနွေးကြမ်းထဲ ပျားရည်ရောမွှေပြီး သောက်လို့ ရပါတယ်။ အဲ့လိုမဟုတ်ဘဲ ပျားရည်ကို ရေပူပူလေး သို့မဟုတ် သံပရာရည်နဲ့ ရောသောက်လို့လည်း အဆင်ပြေပါတယ်။ ၁နှစ်အောက် ကလေးေတွ၊ ပျားရည်နဲ့ ဓါတ်မတည့်သူတွေဆိုရင်တော့ ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။

၄။ အစာစားပြီး ချက်ချင်းလှဲမအိပ်ပါနဲ့။

အစာစားပြီး ၃နာရီအတွင်း လှဲလိုက်တာ၊ အိပ်တာမျိုးမလုပ်ပါနဲ့။ အစာအိမ်က အစာကောင်းစွာ ချေဖျက်ပြီးမှ လှဲအိပ်တာက စားချဉ့်ရည်ပြန်တက်တာ၊ လည်ချောင်းယားပြီး ချောင်းဆိုးတာကို သက်သာစေမှာပါ။

၅။ အိမ်မှာရှိတဲ့ ပိုးဟပ်တွေကိုရှင်းလင်းပါ။

ပိုးဟပ်တွေရဲ့ သွားရည်၊ မစင်နဲ့ ကိုယ်လက်အစိတ်အပိုင်းတွေဟာ ချောင်းဆိုးတာ၊ ပန်းနာရင်ကျပ်တာအပြင် တခြားဓါတ်မတည့်တဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ ပိုးဟပ်ကင်းစင်စေဖို့ စားစရာတွေကို အနံ့လုံခြုံအောင် အဖုံးအုပ်ထားပါ။ သတင်းစာ၊ စက္ကူအဟောင်းတွေကို လွှင့်ပစ်ပါ။ အမှိုက်တွေကို အမြဲရှင်းလင်းပါ။

၆။ ကောင်းစွာ အနားယူပါ။

ချောင်းဆိုးနေပြီဆိုရင် အကောင်းဆုံးကတော့ သေချာအိပ်စက်အနားယူဖို့ပါပဲ။ အိမ်မှာ အနားယူပါ။ ချောင်းဆိုးတာ မသက်သာသေးသ၍ အပြင်ထွက်တာ၊ ရုံးသွားတာကို နည်းနည်းရှောင်ပေးပါ။ ကိုယ်က ချောင်းဆိုးလိုက်တဲ့အခါ ကိုယ့်လည်ချောင်းထဲမှာ ရှိတဲ့ ပိုးမွှားတွေက လေထဲကတစ်ဆင့် ပျံ့နှံ့ဖို့ အလွန်လွယ်ကူလို့ပါ။ ရေများများသောက်ပါ။ အိမ်မှာပဲ ပြည့်ဝစွာ အနားယူပါ။

၇။ ဝေဒနာသက်သာစေမယ့် အစားအစာတွေကို အဓိကစားပေးပါ။

ချောင်းဆိုးတာရဲ့ နောက်ကွယ်မှာ လည်ချောင်းနာတာ၊ နှာစေး၊ နှာပိတ်တာအစရှိတဲ့ အအေးမိ၊ တုပ်ကွေးရောဂါလက္ခဏာတွေလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် ဝေဒနာကို သက်သာစေဖို့နဲ့ အမြန်ဆုံးပျောက်သွားအောင် ရေများများသောက်ပါ။ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်၊ သစ်သီးဖျော်ရည် သောက်ပေးပါ။ အမာစာ၊ အဆီကြော်တွေ၊ အပူအစပ်တွေကို နည်းနည်းရှောင်ပေးပါ။

၈။ ဆေးလိပ်ဖြတ်ပါ။

ရေရှည် ဆေးလိပ်ကိုစွဲပြီးသောက်ခြင်းကြောင့် ချောင်းဆိုးတဲ့ ဝေဒနာက ပိုပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ညဘက်ချောင်းဆိုးတာကို သက်သာစေချင်ရင်တော့ အကောင်းဆုံးက ဆေးလိပ်ကို ဖြတ်လိုက်ဖို့ပါပဲ။ ချောင်းဆိုးတာတင်မကဘဲ ကိုယ့်ရဲ့ ကျန်းမာရေးပါ အရင်ကထက် ပြောင်းလဲတိုးတက်လာမှာပါ။

ဒီနည်းလမ်းတွေ သေချာလုပ်မယ်ဆိုရင်တော့ ညဘက်ထပြီး ချောင်းဆိုးနေရတဲ့ ဒုက္ခကနေ ကင်းဝေးနိုင်မှာပါ။ ဒီလိုချောင်းဆိုးတာအပြင် အပြင်းဖျားတာ၊ အသက်ရှူရခက်တာ၊ အစာနင်တာ၊ အစာမြိုချရခက်တာ၊ ခြေထောက်၊ ဝမ်းဗိုက်ရောင်နေတာ၊ ၃ပတ်ထက်ပိုပြီး ချောင်းဆိုးနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်နော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နွေရာသီ နှင့် လေ့ကျင့်ခန်းလုပ်ခြင်း

နွေရာသီ အပူဒဏ် ရေဓါတ်ဆုံးရှုံး အပူလျှပ် လေ့ကျင့်ခန်းလုပ် ခန္ဓာကိုယ်အပူချိန် ချွေးတွေအများကြီးထွက် ဓာတ်ဆားရည် ကြွက်တက် နေရောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းခြင်း

မိခင်နို့ရည် နို့တိုက်မိခင်တွေ နို့ရည်ကို ပြန်နွှေး ဘယ်လိုသိမ်းဆည်း Breast pump နို့သီးခေါင်း ဖျားနာ ရင်သား နို့ရည်ပြုဂလင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့ အစားအစာ ၇ မျိုး

ဘက်တီးရီးယားတွေ ကူးစက်ရောဂါ တုပ်ကွေး ခန္ဓာကိုယ် အစားအသောက်ပျက် သဘာဝသစ်သီးဖျော်ရည် ကြက်သားစွပ်ပြုတ် လက်ဖက်ရည်ကြမ်း ငှက်ပျောသီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ရေနွေး သံပုရာရည် ရေနွေးကြမ်း သဘာဝပစ္စည်း နာကျင်မှုဝေဒနာ ကျောက်ကပ် အသည်း green tea ရေဆာရင် နွေရာသီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020
မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
နွေရာသီမှာ အသားအရည် ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။

နွေရာသီမှာ အသားအရည် ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 20, 2020