ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 11, 2020 . 2 mins read
Share now

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာက autoimmune disorder တစ်မျိုးပါ။ မြင်သာတဲ့ လက္ခဏာ အနေနဲ့ အရေပြားမှာ နီမြန်းတာ၊ အဖက်တွေ လန်တာမျိုး တွေ့ရနိုင်ပါတယ်။

အရေပြားပေါ်မှာဖြစ်လို့ အရေပြားတစ်ထောက်စာကနေ စလာတဲ့ ရောဂါ မဟုတ်ပါဘူး။ ဒီရောဂါက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ စလာတာပါ။ T ဆဲလ်လို့ ခေါ်တဲ့ သွေးဖြူဆဲလ်တွေက စဖြစ်ပေါ်လာတာပါ။

ဆိုရီရေးစစ် အရေပြားပြဿနာ ရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

အရေပြားကို နီမြန်းယားယံစေပြီး အရေပြားအဖက်တွေ လန်တဲ့ ဆိုရီရေးစစ် အရေပြားပြဿနာ ခံစားနေရပြီဆိုရင်

အသားအရေ မခြောက်စေဖို့ ဂရုပြုပါ

အရေပြား ခြောက်သွေ့မှုက ဆိုရီးရေးစစ် အရေပြား ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် အရေပြားကို အစိုဓာတ် ထိန်းဖို့ လိုပါမယ်။ ဒါကြောင့် အစိုဓာတ်ထိန်းစက် ဖွင့်ထားတာမျိုး လုပ်ပေးပါ။

အမွှေးနံ့ပြင်းတာတွေ ရှောင်ပါ

ဆပ်ပြာတွေ အများစုမှာ အမွှေးနံ့တွေ ပါသလို ဆိုးဆေးတွေလည်း ပါပါတယ်။ ဒါတွေက အရေပြားကို မသက်မသာဖြစ်စေပါတယ်။ ဒီဆပ်ပြာတွေက အနံ့ကောင်းတာ မှန်ပေမယ့် ဆိုရီရေးစစ် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။

ဒါကြောင့် ဆပ်ပြာ ရွေးချယ်တဲ့အခါ အမွှေးနံ့ ပြင်းလွန်းတာ၊ ဓာတုပစ္စည်းများလွန်းတာတွေကို ရှောင်ပါ။ “sensitive skin”  အတွက်လို့ ထုတ်ထားတာကို ရွေးပေးပါ။

ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ

အစားအသောက်ကလည်း ဆိုရီရေးစစ်ကို ထိန်းချုပ်တဲ့ နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် အစားအစာ ရွေးချယ်တဲ့အခါ အနီရောင် အသား၊ ပြည့်ဝဆီ၊ သန့်စင်ထားတဲ့ သကြား၊ ကာဗိုဟိုက်ဒရိတ်၊ အယ်လ်ကိုဟော စတာတွေကို ရှောင်ပါ။ ဒီအစားအစာတွေက အရေပြားပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။

ငါး၊ အစေ့အဆန်၊ အခွံမာသီး၊ omega-3 fatty acids ကြွယ်ဝတာတွေကို စားပေးပါ။ ဒီအစားအစာတွေက ဆိုရီရေးစစ်ကို သက်သာစေနိုင်ပါတယ်။

သံလွင်ဆီ လိမ်းပါ

သံလွင်ဆီက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ သံလွင်ဆီကို အရေပြားပေါ်မှာ လိမ်းပြီး ခပ်ဖွဖွလေး နှိပ်နယ်ပေးတာက အရေပြားကို ကျန်းမာစေပြီး ဆိုရီရေးစစ် ပြဿနာကို သက်သာစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

ဆိုရီရေးစစ် အပါအဝင် ကျန်းမာရေး ပြဿနာ အများစုရဲ့ အရင်းခံက စိတ်ဖိစီးတာပါ။ စိတ်ဖိစီးတဲ့အခါ အရေပြားပြဿနာက ပိုဆိုးလာပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ ယောဂလေ့ကျင့်တာမျိုး ပုံမှန် လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။

အရက် ရှောင်ပါ

အရက်ကလည်း ဆိုရီရေးစစ် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ် ပြဿနာ ရှိမယ်ဆိုရင် အရက်မသောက်ပါနဲ့။ အယ်လ်ကိုဟောပါတဲ့ သောက်စရာကို ရှောင်ပါ။

နနွင်း စားပါ

နနွင်းက ရောဂါတွေကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်နေ့ကို နနွင်း ၁.၅ ဂရမ် ဒါမှမဟုတ် ၃.၀ ဂရမ် စားပေးတာက ဆိုရီရေးစစ်ကို သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဆေးလိပ် မသောက်ပါနဲ့

ဆေးလိပ် သောက်တတ်တယ်ဆိုရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်က ဆိုရီရေးစစ် ပြဿနာကို ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ် အရေပြားပြဿနာကို သက်သာစေဖို့ဆိုရင် ဆေးလိပ် မသောက်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးနီဥဆဲလ်များ ကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

ပြဿနာတခုခုကြောင့် သွေးနီဥဆဲလ်များဟာ ပုံမှန်ထက် အရွယ်အစား ကြီးမားနေတတ်ပါတယ်။ သွေးဆဲလ်တွေ ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အခါ သွေးအားနည်းတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
anemia, ကျန်းမာရေးစင်တာ အောက်တိုဘာ 12, 2020 . 2 mins read

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ကိုဗစ်ကြောင့် အနံ့ပျောက်တယ်လို့ ယူဆရင် ဆေးအရင်စစ်ပါ။ အနံ့ပြန်ရဖို့ အရင်မကြိုးစားပါနဲ့။ အနံ့ပျောက်တာက ယာယီပါ။ ဆေးစစ်ပြီး သူများကို မကူးအောင် အရင်ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 12, 2020 . 3 mins read

ကိုဗစ် antigen test kit တွေ ဘယ်သူတွေပဲ စစ်လို့ရလဲ။

ကိုဗစ်Antigen test kitတွေဟာ ကန့်သတ်ချက်ရှိတဲ့အတွက် ရောဂါလက္ခဏာရှိတဲ့သူတွေကို ဦးစားပေး စစ်ပါတယ်။ အဖြေပေါ်မူတည်ပြီး လိုအပ်သလို ထပ်စစ်ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19 Positive လူနာတစ်ယောက်က ဘယ်လိုနေထိုင် စားသောက်ရမလဲ

ရောဂါမပြင်းထန်တဲ့ Positive လူနာတစ်ချို့ကို နေအိမ်မှာပဲ Quarantine လုပ်ခိုင်းထားတာကြောင့် နေအိမ်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာက အရေးပါတဲ့မေးခွန်းတစ်ခုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read