Coronary Calcium Scan (နှလုံးသွေးကြော အတွင်းရှိ ကယ်လ်ဆီယမ် ပမာဏ စစ်ဆေးခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 5 mins read
Share now

အခြေခံကို သိခြင်း။

နှလုံးသွေးကြော အတွင်းရှိ ကယ်ဆီယမ် ပမာဏ စစ်ဆေးခြင်းဆိုတာ ဘာလဲ

ရုတ်တရက် နှလုံး အမောဖောက်ခြင်းနဲ့ သေဆုံးခြင်းကို အများဆုံး ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ နှလုံးသွေးကြော (coronary artery) ရောဂါတွေ ဖြစ်ပါတယ်။ နှလုံးသွေးကြော နံရံတွေမှာ plaque လို့ခေါ်တဲ့ အဖတ်လေးတွေ ဖြစ်ပေါ်လာပြီး သွေးကြောလေးတွေကို ကျဉ်းစေတဲ့အတွက် နှလုံးသွေးကြောရောဂါ ဖြစ်လာရတာပါ။

အဲဒီ အဖတ်လေးတွေက အဆီတွေ၊ ကိုလက်စထရောတွေနဲ့ ကယ်လ်ဆီယမ် သတ္တုဓါတ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ နှလုံး ဓါတ်မှန် စစ်ဆေးခြင်းဖြင့် အဲဒီ plaque လို့ ခေါ်တဲ့ အဖတ်လေးတွေထဲမှာ ကယ်လ်ဆီယမ် ဘယ်လောက် ရှိနေလဲဆိုတာကို သိရှိနိုင်ပါတယ်။

ကယ်လ်ဆီယမ် ဘယ်လောက်ရှိနေလဲ သိခြင်းနဲ့ တခြားသော ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေနဲ့ ပေါင်းစပ်လိုက်ရင် နှလုံသွေးကြောရောဂါ သို့မဟုတ် နှလုံးအမောဖောက်ခြင်း ဖြစ်နိုင်ခြေကို သိရှိနိုင်ဖို့ ကူညီပေးပါတယ်။

နှလုံးသွေးကြော အတွင်းရှိ ကယ်လ်ဆီယမ် ပမာဏ စစ်ဆေးခြင်းဟာ CT လို့ ခေါ်တဲ့ အထူးပြု ဓါတ်မှန် စစ်ဆေးချက်ကို အသုံးပြုပြီး နှလုံးသွေးကြော နံရံတွေမှာ ရှိနေတဲ့ ကယ်လ်ဆီယမ်တွေကို စစ်ဆေးတာ ဖြစ်ပါတယ်။

ဒီစစ်ဆေးချက်ကို အစောပိုင်း နှလုံးရောဂါကို စစ်ဆေးနိုင်ဖို့နဲ့ ရောဂါ ဘယ်လောက် ပြင်းထန်တယ်ဆိုတာ ဆုံးဖြတ်ဖို့ အသုံးပြုနိုင်ပါတယ်။ နှလုံးသွေးကြော အတွင်းရှိ ကယ်လ်ဆီယမ် ပမာဏ စစ်ဆေးခြင်းကို cardiac calcium scoring လို့လည်း ခေါ်ပါသေးတယ်။

လက္ခဏာများ။

Coronary arteries (နှလုံးသွေးကြော) တွေဟာ နှလုံးဆီကို သွေးတွေ ပို့ပေးပါတယ်။ ပုံမှန်အားဖြင့် နှလုံးသွေးကြောတွေ ထဲမှာ ကယ်လ်ဆီယမ် ပါလေ့ မရှိပါဘူး။ နှလုံးသွေးကြောတွေ ထဲမှာ ကယ်လ်ဆီယမ် ရှိနေတာက နှလုံးသွေးကြောရာဂါ ဖြစ်နေပြီ ဆိုတာကို ပြတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

CT scan က နှလုံးကို အလွှာပါးပါးလေးတွေ အနေနဲ့ ဖြစ်အောင် ပုံရိပ်ဖမ်းယူပါတယ်။ အဲဒီ ပုံရိပ်တွေကို ကွန်ပြူတာထဲမှာ ဆက်လက်လေ့လာ သိရှိဖို့ သိမ်းဆည်းထားနိုင်ပါတယ်။ သို့မဟုတ် ဓါတ်ပုံ အနေနဲ့လည်း ထုတ်ယူနိုင်ပါတယ်။

အကြောင်းရင်းကိုသိရှိခြင်း။

နှလုံးသွေးကြော အတွင်းရှိ ကယ်လ်ဆီယမ် ပမာဏ စစ်ဆေးခြင်းကို ဘာကြောင့် လုပ်ဆောင်ရသလဲ

နှလုံး ဓါတ်မှန်ရိုက်ခြင်းက နှလုံးအမောဖောက် ဖြစ်နိုင်ခြေ အလယ်အလတ်ရှိတဲ့ အုပ်စုထဲမှာ ပါဝင်တဲ့ သူတွေအတွက် နှလုံးအမောဖောက်ဖို့ ဖြစ်နိုင်ခြေကို သိရှိနိုင်ဖို့ သတင်း အချက်အလက်တွေ ပေးနိုင်ပါတယ်။ သင့်ရဲ့ရောဂါ ဖြစ်နိုင်ခြေ ရှိတဲ့ အချက်အလက်တွေ အပေါ်မူတည်ပြီး နောင် ၁၀ နှစ်မှာ နှလုံး အမောဖောက်ဖို့ ဖြစ်နိုင်ခြေဟာ ၁၀ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်း ကြားလောက် ကျဆင်းသွားတာ ဖြစ်ပါတယ်။

ဥပမာ – သင်ဟာ အသက် ၅၅ နှစ် မှ ၆၅ နှစ် ကြားလောက် ဖြစ်ပြီး သင့်မှာ ကိုလက်စထရော သို့မဟုတ် သွေးပေါင်ချိန်ဟာ ပုံမှန်ထက် များလုနီးနီး ဖြစ်နေရင် သို့မဟုတ် သင်ဟာ ဆေးလိပ်သောက်သုံးနေသူ ဖြစ်ရင် သင်ဟာ နှလုံးအမောဖောက် ဖြစ်နိုင်ခြေ အလယ်အလတ်ရှိတဲ့ အုပ်စုထဲ ပါဝင်မှာ ဖြစ်ပါတယ်။

သင်ဟာ အလယ်လတ် အုပ်စုထဲ ပါဝင်နေရင်၊ သင့်မှာ ရင်ဘတ်အောင့်တာမျိုး ရှိနေရင်၊ အထူးသဖြင့် ဒီလို ဖြစ်နေတာတွေက နှလုံးကြောင့် ဟုတ်၊ မဟုတ် မသေချာတဲ့ အခါမျိုးမှာ နှလုံးဓါတ်မှန် ရိုက်ခြင်းဟာ အသုံးဝင်ပါတယ်။

နှလုံးဓါတ်မှန် မစစ်ဆေးလိုက်တဲ့ သူတွေထက်စာရင် စစ်ဆေးချက်လုပ်ပြီး ကယ်ဆီယမ် ပမာဏ တိုင်းတာပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကိုသိရှိသွားတဲ့ သူတွေဟာ ကိုယ်အလေးချိန် ချခြင်း၊ နှင့် ဆေးလိပ်ဖြတ်ခြင်း စတဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေ လုပ်ဖို့ ပိုပြီး စိတ်အားထက်သန်တယ် ဆိုတဲ့ အထောက်အထားလည်း ရှိပါတယ်။

စစ်ဆေးချက် မပြုလုပ်ခင် သိရမယ့် အချက်များ။

နှလုံးသွေးကြော အတွင်းရှိ ကယ်လ်ဆီယမ် ပမာဏ စစ်ဆေးခြင်း မလုပ်ခင် ဘာတွေ သိထားသင့်သလဲ

နှလုံး ဓါတ်မှန်ကို အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဖြစ်နေခဲ့ပါတယ်။ သင့်မိသားစု နောက်ခံ ကျန်းမာရေးနဲ့ ရောဂါ ဖြစ်စေတဲ့ အကြောင်းတွေအရ နှလုံးအမော ဖောက်နိုင်ခြင်းအတွက် အဖြစ်နည်းနိုင် သို့မဟုတ် များနိုင်တဲ့ အုပ်စုထဲမှာ သင်ဟာ ပါဝင်မယ် ဆိုရင်တော့ နှလုံးဓါတ်မှန် အသုံးပြုခြင်းဟာ သင့်အတွက် အကျိုးထူးမှာ၊ အသုံးဝင်မှာ မဟုတ်ပါဘူး။

သင့်မှာ အောက်ပါ အခြေအနေတွေ ရှိမယ်ဆိုရင်လည်း နှလုံးဓါတ်မှန် အသုံးပြုခြင်းက အသုံးမဝင်ပါဘူး။

  • နှလုံးအမော ဖောက်နိုင်ခြေ နည်းခြင်း။

ဥပမာ – သင်ဟာ အသက် ၅၅ နှစ်အောက် ငယ်ပြီး၊ သွေးထဲမှာ ကိုလက်စထရော ပမာဏ ပုံမှန်ရှိနေရင်၊ သွေးပေါင်ချိန် ပုံမှန်ဖြစ်နေရင်၊ ဆေးလိပ် မသောက်ရင် သင့်အတွက် နှလုံးအမော ဖောက်နိုင်ခြေဟာ ၁၀ ရာခိုင်နှုန်းအောက် လျော့နည်းတဲ့ အတွက် ဖြစ်နိုင်ခြေနည်းတဲ့ အုပ်စုထဲ ပါဝင်ပါတယ်။

ဆိုလိုတာက သင့်မှာ နှလုံးအမော ဖောက်တာကို ပိုဖြစ်စေတဲ့ အချက်တွေ နည်းနည်းပဲ ရှိတဲ့အတွက် နောက် ၁၀ နှစ်မှာ နှလုံးအမော ဖောက်နိုင်ခြေဟာ ၁၀ ရာခိုင်နှုန်းအောက် နည်းပါတယ်။ ဖြစ်နိုင်ခြေ နည်းတာကြောင့် နှလုံးကို စစ်ဆေးတာက သင်နဲ့ သင့်ဆရာဝန် မသိသေးတဲ့ ဘယ်အချက်ကိုမှ ပြောနိုင်မှာ မဟုတ်ပါဘူး။

  • နှလုံးအမော ဖောက်နိုင်ခြေ များခြင်း။

နောက် ၁၀ နှစ်မှာ နှလုံး အမောဖောက်နိုင်ခြေ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်းထက် များနေခြင်းကို ဖြစ်နိုင်ခြေ များခြင်းလို့ သတ်မှတ်ပါတယ်။ သင့်မှာ ကိုလက်စထရော ပမာဏ များနေရင်၊ သွေးပေါင်ချိန် တက်နေရင်၊ ဆေးလိပ်သောက်ရင်နဲ့ အသက် ၆၅ နှစ်အထက် ဖြစ်နေရင် သင်ဟာ ဖြစ်နိုင်ခြေများတဲ့ အုပ်စုမှာ ပါဝင်ပါတယ်။

ဖြစ်နိုင်ခြေ များနေတဲ့အတွက် နှလုံးစစ်ဆေးတဲ့ အဖြေရလဒ်ဟာ အရမ်းကြီး အသုံးဝင်တာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သင်နဲ့ သင့်ဆရာဝန် အနေနဲ့ သင့်မှာ ဖြစ်နိုင်ခြေ များနေတယ်ဆိုတာ သိပြီးသား ဖြစ်တဲ့အတွက် နောက်ထပ် အမော ဖောက်တာမျိုး မဖြစ်အောင် ဆေးသောက်ခြင်း၊ နေထိုင်မှု ပုံစံ ပြောင်းလဲပစ်ခြင်း စတဲ့ ကာကွယ်မှုတွေပဲ လုပ်ဆောင်နေသင့်လို့ပါ။

သင့်မှာ နှလုံးအမော ဖောက်တာ ဖြစ်ဖူးတယ်ဆိုရင်၊ နှလုံးသွေးကြော ရောဂါတွေကို ကုသဖို့အတွက် ခွဲစိတ်ကုသမှု တစ်မျိုးမျိုးကို ခံယူခဲ့ဖူးရင် နှလုံးဓါတ်မှန်ရိုက် စစ်ဆေးတာတွေ မလုပ်သင့်တော့ပါဘူး။

ဒီလို ကိစ္စတွေမှာ ဆိုရင်တော့ ဆရာဝန်က သင့်မှာ နှလုံးရောဂါ ရှိပြီးသားဆိုတာ သိပြီး၊ အမောပြန် ဖောက်နိုင်တယ်ဆိုတာ သိပြီး ဖြစ်လို့ပါ။ နှလုံးဓါတ်မှန် ရိုက်ခြင်းက သင့်အခြေအနေကို ဘယ်လို ကုသရမယ်ဆိုတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ထပ်မပေးနိုင်ပါဘူး။

စစ်ဆေးခြင်း နှင့် အဖြေရှာခြင်း။

နှလုံးသွေးကြော အတွင်းရှိ ကယ်လ်ဆီယမ် ပမာဏ စစ်ဆေးဖို့ ဘယ်လို ပြင်ဆင်ထားသင့်သလဲ

ဒီစစ်ဆေးချက် မလုပ်ခင်မှာ ဘာမှတော့ ထွေထွေထူးထူး လုပ်ထားစရာ မလိုပါဘူး။ ဒါပေမယ့် စစ်ဆေးချက် မလုပ်ခင် နာရီပိုင်းအတွင်း ဆေးလိပ်မသောက်ဖို့နဲ့ caffeine ပါတဲ့ အစားအသောက်တွေ မစား၊ မသောက်ဖို့တော့ ပြောပါလိမ့်မယ်။

သင့်မှာ ကိုယ်ဝန် ရှိနေနိုင်ရင်၊ ကိုယ်ဝန်ရှိနေရင် ဆရာဝန်ကို ကြိုကို ပြောပြထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို စစ်ဆေးချက်ကို ကိုယ်ဝန်ဆောင် မိန်းမတွေမှာ မလုပ်လို့ပါ။

ဒီစစ်ဆေးချက်အတွက် လိုအပ်မယ် ထင်တာတွေ၊ ဖြစ်နိုင်ခြေတွေ၊ ဘယ်လို လုပ်မယ်ဆိုတာတွေ၊ စစ်ဆေးချက် အဖြေက ဘာတွေ ဖြစ်နိုင်တယ် ဆိုတာတွေနဲ့ ပတ်သက်တာတွေကို သိချင်ပါက ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။

နှလုံးသွေးကြော အတွင်းရှိ ကယ်လ်ဆီယမ် ပမာဏ စစ်ဆေးနေစဉ်မှာ ဘာတွေ ဖြစ်နိုင်သလဲ

နှလုံးသွေးကြော အတွင်းရှိ ကယ်လ်ဆီယမ် ပမာဏ စစ်ဆေးခြင်းကို ဓါတ်မှန်နည်းပညာရှင် တစ်ယောက်က လုပ်ပေးနိုင်ပါတယ်။ ထွက်လာတဲ့ ဓါတ်မှန် အဖြေတွေကို ဓါတ်မှန်ကျွမ်းကျင် ဆရာဝန်က ကြည့်ပြီး ရလဒ်အဖြေကို ပြောပါလိမ့်မယ်။

မိသားစု ဆရာဝန်၊ နှလုံးအထူးကု၊ သို့မဟုတ် ခွဲစိတ်ဆရာဝန် ကဲ့သို့သော တခြား ဆရာဝန်များကလည်း ဒီစစ်ဆေးချက် အဖြေကို ကြည့်ရှုနိုင်ပါတယ်။

ဓါတ်မှန်မှာ အနှောင့်အယှက် အဟန့်အတား ဖြစ်စေနိုင်မယ့် ကျောက်မျက် ရတနာတွေကို မရိုက်ခင်မှာ ဖယ်ရှားဖို့ လိုအပ်ပါတယ်။ တချို့ အဝတ်အစားတွေကို ချွတ်ဖို့လည်း လိုချင် လိုအပ်ပါလိမ့်မယ်။

ချွတ်ဖို့ လိုအပ်လာခဲ့ရင်လည်း စစ်ဆေးနေစဉ်မှာ ဝတ်ဖို့ အဝတ်တစ်ထည် ပေးပါလိမ့်မယ်။ တချို့ CT scan တွေ ရိုက်ရင်တော့ အဝတ်အစား ဝတ်လို့ ရပါတယ်။ ဝတ်လို့ရတယ်ဆိုရင် ချောင်ချောင်ချိချိနဲ့ ဇစ်မပါတဲ့ အဝတ်အစားတွေ ဝတ်ဆင်သွားသင့်ပါတယ်။

Electrodes လို့ခေါ်တဲ့ သတ္တုပြားလေးတွေကို သင့်ရဲ့ ရင်ဘတ်မှာ တပ်ဆင်ပါလိမ့်မယ်။ အဲဒီ သတ္တုလေးတွေကို နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို စာရွက်လေး တစ်ရွက်ပေါ်မှာ ဖော်ပြနိုင်တဲ့ EKG ကင်မရာ နဲ့ ဝါယာကြိုးလေးတွေက တစ်ဆင့် တွယ်ဆက်ပေးထားပါတယ်။ EKG ဟာ သင့်နှလုံး အနားယူတဲ့ အချိန်ကို မှတ်သားထားပေးပါတယ်။ အဲဒီအချိန်ဟာ CT ရိုက်ဖို့ အသင့်လျော်ဆုံး ဖြစ်ပါတယ်။

သင့် နှလုံးခုန်နှုန်းက တစ်မိနစ်မှာ ၉၀ ချက် သို့မဟုတ် ၉၀ ထက် ပိုနေရင် သင့်နှလုံးခုန်နှုန်းကို လျှော့ချဖို့ ဆေးပေးပါလိမ့်မယ်။

စစ်ဆေးနေချိန်မှာ CT ရိုက်တဲ့ စက်နဲ့ ဆက်ထားတဲ့ စားပွဲကြီး တစ်ခု အပေါ်မှာ လှဲလျောင်းနေရပါမယ်။ CT ရိုက်တဲ့ စက်က ဒိုးနတ်မုန့်နဲ့ ဆင်တူတဲ့ ပုံစံရှိတဲ့စက် ဖြစ်ပါတယ်။

အဲဒီ သင်လှဲနေတဲ့ စားပွဲဟာ စက်ရဲ့ ဝိုင်းဝန်းတဲ့ အပေါက်ထဲကို ရွေ့သွားပြီး စက်က သင့်တစ်ကိုယ်လုံးကို စစ်ဆေးပါလိမ့်မယ်။ စက္ကန့် အနည်းငယ်ကြာတိုင်း ပုံရိပ်အသစ်တွေ ရဖို့အတွက် သင်လှဲနေတဲ့နေရာက အနည်းငယ် ရွေ့လျားပါလိမ့်မယ်။ ရွေ့လျားချိန်မှာ အရမ်းမကျယ်တဲ့ အသံတစ်ခုခု ကြားရနိုင်ပါတယ်။

သင့်နှလုံး ပုံရိပ်တွေ ရိုက်ယူနေချိန်မှာ စက္ကန့် ၂၀ မှ ၃၀ ခန့်လောက်အထိ အသက်ရှု အောင့်ထားဖို့ ပြောပါလိမ့်မယ်။ အဲဒီလို ပုံရိပ်ရိုက်နေစဉ်မှာ အပြည့်အဝ အသက်ရှု ရပ်ထားဖို့က အရမ်း အရေးကြီးပါတယ်။

စစ်ဆေးချက် လုပ်ဆောင်နေစဉ်မှာ စစ်ဆေးတဲ့ အခန်းထဲမှာ တစ်ယောက်တည်း ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် နည်းပညာရှင် တစ်ယောက်က သင့်ကို ပြတင်းပေါက် (အပေါက်) တစ်ပေါက်ကနေ စောင့်ကြည့်နေပါလိမ့်မယ်။ ဓါတ်မှန် နည်းပညာရှင်ကိုတော့ စကားပြောလို့ ရပါတယ်။

ဒီ နှလုံးသွေးကြော အတွင်းရှိ ကယ်လ်ဆီယမ် ပမာဏ စစ်ဆေးချက်ကို လုပ်ဆောင်ဖို့ မိနစ် ၃၀ လောက် ကြာနိုင်ပါတယ်။

နှလုံးသွေးကြော အတွင်းရှိ ကယ်လ်ဆီယမ် ပမာဏ စစ်ဆေးချက် လုပ်ဆောင် အပြီးမှာ ဘာတွေ ဖြစ်နိုင်သလဲ

စစ်ဆေးချက် ပြီးတဲ့အခါ ရလဒ်အဖြေနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။

ဒီစစ်ဆေးချက်လုပ် အပြီးမှာ ရှောင်ရမယ့် အချက်အလက် တွေတော့ အထွေအထူး မရှိပါဘူး။ သင့်အိမ်ကို ကိုယ့်ဘာသာ ကားမောင်းပြန်နိုင်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ပြန်လည် လုပ်ဆောင်နိုင်ပါတယ်။

နှလုံးသွေးကြော အတွင်းရှိ ကယ်လ်ဆီယမ် ပမာဏ စစ်ဆေးချက်နဲ့ ပတ်သက်ပြီး မေးစရာရှိပါက ဆရာဝန်နဲ့ ဆက်လက် ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။

ရလဒ်အဖြေကို သိနားလည်ခြင်း။

စစ်ဆေးချက်ရလဒ်က ဘာကို ဆိုလိုသလဲ

ဒီစစ်ဆေးချက်ရဲ့ နည်းစနစ် တစ်ခုကတော့ သင့်နှလုံးရောဂါ ပိုဆိုးလေလေ၊ အနည်ထိုင်ပြီး ကျောက်တည်တာ များလေလေ ဖြစ်ပါတယ်။ သင့်မှာ ကယ်လ်ဆီယမ် ပမာဏ အနည်းငယ်သာ ရှိတယ်ဆိုရင်တောင် ရောဂါဖြစ်နိုင်တာကို တားမြစ်နိုင်တဲ့ အချက်တွေ (ကျန်းမာစေတဲ့ အစားအစာတွေ စားသောက်တာ၊ ကိုလက်စထရော လျှော့ချတာ၊ ဆေးလိပ် မသောက်တော့တာ) တွေကို မလုပ်ဆောင်ဘူးဆိုရင် နှလုံးရောဂါ ဖြစ်လာနိုင်ပါတယ်။

နှလုံးသွေးကြောထဲမှာ ကယ်လ်ဆီယမ် ရှိနေရုံနဲ့ နှလုံးသွေးကြောရောဂါ၊ သို့မဟုတ် နှလုံးအမော ဖောက်တာတွေ သေချာပေါက် ဖြစ်လာမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့်လည်း စစ်ဆေးချက်အရ ကယ်လ်ဆီယမ် ရှိနေပြီဆိုရင် သင့်ကျန်းမာရေး အတွက် မလိုအပ်ဘဲ ပူပန်နေရတာမျိုး မဖြစ်ရအောင် coronary angiography (နှလုံးသွေးကြော အတွင်းအထိ စစ်ဆေးခြင်း) လိုမျိုး တခြား သိပ်မလိုတဲ့ စစ်ဆေးချက်တွေလည်း လုပ်ဆောင်ရနိုင်ပါတယ်။

စစ်ဆေးချက် အဖြေအနေနဲ့တော့ ကယ်လ်ဆီယမ် ပမာဏကို ကိန်ဂဏန်းတစ်ခု အနေနဲ့ ရရှိပါလိမ့်မယ်။ ရမှတ်ကတော့ ၀ မှ ၄၀၀ ထက် ကျော်နိုင်ပါတယ်။ ၁၀၀ ထက် ကျော်ရင်တော့ နှလုံးရောဂါ ရှိနေတာ ဖြစ်နိုင်ပါတယ်။

ရမှတ်များနေလေလေ နှလုံးရောဂါ ဖြစ်ဖို့၊ နှလုံးအမော ဖောက်ဖို့ ပိုဖြစ်နိုင်လေလေ ဖြစ်ပါတယ်။

၁၀၀ နဲ့ ၄၀၀ ကြား သို့မဟုတ် ၄၀၀ အထက် ရလဒ် ရရှိတဲ့ သူတွေကတော့ နှလုံးရောဂါ ဖြစ်နိုင်ခြေ အလယ်အလတ်ရှိပြီး ရလဒ် ၀ ရတဲ့ သူတွေထက်စာရင် နောင် ၃ နှစ်မှ ၅ နှစ် အတွင်းမှာ နှလုံးအမော ဖောက်ခြင်း ဖြစ်နိုင်ဖို့ ပိုများပါတယ်။

ဓါတု စစ်ဆေးခန်းတွေနဲ့ ဆေးရုံတွေအပေါ် မူတည်ပြီး နှလုံးသွေးကြော အတွင်းရှိ ကယ်ဆီယမ် ပမာဏ စစ်ဆေးချက် ပုံမှန်ပမာဏ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါက ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ရေညှိ ထမင်းလိပ်တယ်။ ဘေဘီးက နည်းနည်းဆိုပြီး ပါးစပ်ဟတယ်။ ရေညှိကြော်လေး စားလည်း မေမေ သားသားဆိုပြီး ပါးစပ်ဟတယ်။ ဘေဘီလေးကို ရေညှိကျွေးရမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

 နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ်

နှလုံးရောဂါဆိုတာ တစ်ကမ္ဘာလုံးမှာ လူသေဆုံးမှုအများဆုံးဖြစ်စေတဲ့ရောဂါဖြစ်နေဆဲပါ။ နှလုံးနဲ့ပတ်သက်တဲ့ရောဂါကြောင့် သေဆုံးသူတစ်ကမ္ဘာလုံးမှာ ၁၈ သန်းနီးပါးရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သွေးကြောမကြီး ပြဲခဲ့ရင်

သွေးကြောမကြီး သွေးကြောမကြီးပြဲ နှလုံးရောဂါ နှလုံးရောဂါလက္ခဏာ ရင်ဘတ်အောင့် နှလုံးသွေးကြောပိတ် လေဖြတ် သွေးတိုးရောဂါ ကိုကင်းသုံး သွေးပေါင်ချိန်ထိန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read
သီးသီးအကြောင်း သိကောင်းစရာ

သီးသီးအကြောင်း သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 2, 2020 . 1 min read
ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read