Dementia in head injury

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်။

Dementia in head injury

( ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း)

ဆိုတာဘာလဲ။

Dementia in head injury

( ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း)

ဟာ ထင်ရှားတဲ့ ပြည်သူ့ကျန်းမာရေး ပြသနာတစ်ခုပါ။

အမျိုးအစားနှင့် ခေါင်းထိခိုက်ခြင်းနေရာ ပေါ်မူတည်ပြီး dementia ရဲ့ တွေ့ရပုံချင်းက ကွာပါတယ်။

ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ဟာ အခြားသော မှတ်ဉာဏ်ချို့ယွင်းခြင် များနှင့် ကွာခြားမှု ရှိပါတယ်။ ဥပမာ Alzheimer’s disease ဟာ အချိန်ကြာလာသည်နှင့် ပိုဆိုးလာပါတယ်။ သို့သော် ခေါင်းထိခိုက်ပြီး ဖြစ်သော မှတ်ဉာဏ်ချို့ယွင်းခြင် က အချိန်ကြာလာသည်နှင့် ပိုဆိုးမလာနိုင်ပါ။ ပိုတောင် ကောင်းလာနိုင်ပါတယ်။ သို့သော် ပြန်ကောင်းလာမှုက နှေးကွေးပြီး လများ၊ နှစ်များထိကြာနိုင်ပါတယ်။

ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

တွေးခေါ်ခြင်း၊ အာရုံစိုက်ခြင်း၊ မှတ်ဉာဏ်၊ ဆက်သွယ်ခြင်း၊ ကိုယ်ပိုင်ပုံစံ၊ စိတ်အခြေအနေ နှင့် အမူအယာ တို့ကို ထိခိုက်စေပါတယ်။ ထိုလက္ခဏာများဟာ ထိခိုက်သော ခေါင်းနေရာ၊ ထိခိုက်မှု အား၊ ထိခိုက်မှု ပမာဏ နှင့် မထိခိုက်ခင် လူရဲ့ အခြေအနေ တို့ပေါ်မူတည်ပါတယ်။ အချို့လက္ခဏာများဟာ လျင်မြန်စွာ ဖြစ်ပေါ်ပြီး အချို့ဟာ နှေးကွေးစွာ တွေ့ရပါတယ်။

အများစုဟာ ထိခိုက်ပြီး တစ်လအတွင်း ရောဂါ လက္ခဏာပြပါတယ်။

ရောဂါလက္ခဏာများမှာ-

-ရှင်းလင်းစွာ မတွေးနိုင်ခြင်း

-မှတ်ဉာဏ် ပျောက်ဆုံးခြင်း

-အာရုံစူးစိုက် မရခြင်း

-တွေးခြင်းများ နှေးခြင်း

-စိတ်တို၊ စိတ်ရှုပ်လွယ်ခြင်း

-စိတ်သည် တက်လိုက်ကျလိုက် ဖြစ်ခြင်း

-ရန်လိုခြင်း

-လူအများကြား မသင့်တော်သော အမူအရာများလုပ်ခြင်း

-ဂနာမငြိမ်ဖြစ်ခြင်း

-ညအိပ်မပျော်ခြင်း

-ခေါင်းကိုက်ခြင်း

-ပင်ပန်းနွမ်းနယ်ခြင်း

-အပြုအမူများ ပုံမမှန်ခြင်း

-တက်ခြင်း( dementia ကိုကုသခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးလည်းဖြစ်နိုင်ပါတယ် )

အောက်ပါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဟာ လည်း နှစ်ခု သို့မဟုတ် နှစ်ခုနှင့် အထက် တစ်ပြိုင်တည်း ဖြစ်တတ်ပါတယ်။

-စိတ်ဓါတ်ကျခြင်း- ဝမ်းနည်းခြင်း၊ ငိုကြွေးခြင်း၊ နှုံးခြင်း၊ အားမရှိသလိုခံစားရခြင်း၊ စိတ်ဝင်စားမှ ုနည်းသွားခြင်း၊ အိပ်မပျော်ခြင်း သို့မဟုတ် အအိပ်များခြင်း၊ ပိန်ခြင်း၊ ဝခြင်း ။

-စိုးရိမ်ခြင်း- အလွန်အမင်း ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း ကြောင့် နေ့စဉ် လှုပ်ရှားမှုများနှင့် ပေါင်းသင်းဆက်ဆံရေးများထိခိုက်လာခြင်း။ ဂနာမငြိမ်ဖြစ်ခြင်း၊ ပင်ပန်းခြင်း၊ ကြွက်သားများ တင်းခြင်း၊ အိပ်မပျော်ခြင်း သို့မဟုတ် အအိပ်များခြင်း၊

စိတ်ကြွခြင်း- ပြင်းထန်စွာ စိတ်လှုပ်ရှားခြင်း၊ ဂနာမငြိမ်ခြင်း၊ တက်ကြွခြင်း၊ စကားပြောအရမ်းမြန်ခြင်း၊ ရန်လိုခြင်း

-psychosis – ကြိုးကြောင်း ဆီလျော်အောင်း မတွေးနိုင်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မရှိတာကို ရှိသည်ဟု ထင်ခြင်း၊

သံသယလွန်ကဲခြင်း၊ ပိုဆိုးပါက ပုံမှန်မဟုတ်တဲ့ အပြုအမူများဖြစ်တတ်ပြီး မပြင်းထန်ပါက ရောဂါလက္ခဏာ အသေးစားများသာ တွေ့နိုင်ပါတယ်။

Obsessive compulsive လက္ခဏာများ- ထိန်းချုပ်မရသော စွဲလမ်းသော အတွေးများ၊ ယုံကြည်မှုများ နှင့် ထိုအတွေးများကို ထိန်းချုပ်ရန်ကြိုးစားသော အမူအရာများ၊ ပြောင်းလဲလွယ်မှုမရှိဘဲ အစွဲအလမ်းကြီးခြင်း

-သေကြောင်းကြံနိုင်ခြင်း- လောကမှာ အသက်ရှင်ရတာ အသုံးမဝင်ဘူး ဟူသော အတွေးများ ဝင်လာကာ သေကြောင်းကြံခြင်းများ အကြောင်းသာ ပြောနေခြင်း၊ ကြံစည်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

(ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ဖြစ်ပွားစေသလဲ။

-အမြင့်မှ ပြုတ်ကျခြင်း(၄၀%)

-တိုက်မိခြင်း(၁၅%)

-ကားအက်စီးဒင့်(၁၄%)

-ညှင်းပန်းနှိပ်စက်ခြင်းများ(၁၁%)

-unknown (၁၉%)

-အရက်နှင့် အခြားဆေးဝါးများ သုံးခြင်း

အချို့လူများသည် ပို၍ ခေါင်းထိခိုက်နိုင်ကြပါတယ်။

-ကလေးများတွင် စက်ဘီး မတော်တဆမှုများ ကြောင့် အဓိက ခေါင်းထိခိုက်နိုင်ကြပါတယ်။

-ကလေးညှင်းပန်း နှိပ်စက်ခြင်းဟာလည်း အဖြစ်များပါတယ်။ baby syndrome ဟုခေါ်ကြပါတယ်။

-အသက်ကြီးသူများမှ ာ အမြင့်မှ ပြုတ်ကျခြင်း၊ ချော်လဲခြင်း တို့ ကြောင့် ခေါင်းထိခိုက်နိုင်ကြပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

အနက်ရောင်တောက်တောက်ဖြင့် ထည့်သွင်းဖော်ပြပါ)

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ခေါင်းထိခိုက်ခြင်းနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်း ဖြစ်ခြင်းဟာ အများအားဖြင့် ဆက်နွယ်မှု ရှိပါတယ်။ ဆရာဝန်က ရောဂါလက္ခဏာ အသေးစိတ်ကို မေးမြန်းပါလိမ့်မယ်။

-ထိခိုက်မှု အသေးစိတ်၊ မည်သို့ဖြစ်ခဲ့သည်

-အရေးပေါ်သို့ ပြခဲ့သော မှတ်တမ်း

-ထိခိုက်မိပြီး လူ၏ အခြေအနေ

-ထိုလူသောက်နေသော ဆေးဝါးများ အသေးစိတ်

-ရောဂါလက္ခဏာ အသေးစိတ်

-ထိခိုက်ပြီး ခံယူခဲ့သော ကုသမှုများ

-တရားဝင် စစ်ဆေးနိုင်ခြင်း ရှိမရှိ

ဆေးပညာအရ မေးမြန်းခြင်းများဟာ ယခုသာမက အရင်က ခံစားရဖူးသော ရောဂါများ၊ သောက်နေသော ဆေးများအကုန်၊ မိသားစုရောဂါ ရာဇဝင်၊ အလုပ်ရာဇဝင်၊ နေထိုင်မှု ပုံစံ တို့ကို မေးမြန်းရပါတယ်။ ထိခိုက်မိသူ၏ မိဘ၊ အိမ်ထောင်ဘက်၊ သားသမီး၊ နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေ တို့ကို မေးမြန်းနိုင်ပါတယ်။

ထိုသို့ ထိခိုက်မိသူကို ဦးနှောက်နှင့် အာရုံကြော အထူးကုဌာနသို့ လွှဲပြောင်းပေးရပါတယ်။

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ကိုအဓိက ထား၍ စမ်းသပ်မှုများ ပြုလုပ်ရပါတယ်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူ၊ စိတ်နေစိတ်ထား စသည်တို့ကိုလည်း အသေးစိတ် စစ်ဆေးစမ်းသပ်ရပါတယ်။

ထိခိုက်မိသူကို ဦးနှောက်နှင့် အာရုံကြော အထူးကုဌာနသို့ လွှဲပြောင်း ရခြင်းမှာ ထိုသို့ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ တို့ကိုစစ်ဆေးမှုများပြုလုပ်ရန်ဖြစ်ပါတယ်။ ဒီနည်းဟာ အသင့်တော်ဆုံးနဲ့ စိတ်အချရဆုံးဖြစ်ပါတယ်။

Dementia အတွက် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ စမ်းသပ်ခြင်း

Dementia အတွက် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ စမ်းသပ်ခြင်း

ဟာ ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ကို စစ်ဆေးရာမှာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ အထူးကုဆရာဝန်ဟာ နှုန်းထားများအရ လူနာ၏အခြေအနေ မည်သို့ရှိသည်ကို စစ်ဆေးခြင်းဖြစ်ပါတယ်။ ထိုစစ်ဆေးမှုများအရ အချိန်နှင့် လူနာအခြေအနေ ပြောင်းလဲလာမှုများကို လည်းသိနိုင်ပါတယ်။

ဦးနှောက်၏ မည်သည့် အစိတ်အပိုင်းများ ထိခိုက်သွားသည်ကို ဦးနှောက် scan ရိုက်ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။

ကွန်ပြူတာ ဓါတ်မှန်ဟာ ဦးနှောက်ရဲ့ အသေးစိတ်ကို ဖေါ်ပြနိုင်တဲ့ ဓါတ်မှန်တစ်မျိုးဖြစ်ပါတယ်။ ခေါင်းထိခိုက်သူအတွက် အသင့်တော်ဆုံး စစ်ဆေးမှုဖြစ်ပါတယ်။ ထိခိုက်ပြီး ၂-၃ လမှရိုက်ပါက ထိခိုက်ပြီးပြီးချင်းမမြင်ရသော ဒါဏ်ရာများကို ပါတွေ့ပါတယ်။

သံလိုက်ဓါတ်မှန်ဟာ ကွန်ပြူတာဓါတ်မှန်ထက် ပိုတိကျပါတယ်။ single-photon emission ကွန်ပြူတာ ဓါတ်မှန်သည် နည်းအသစ်ဖြစ်ပြီး အချို့ထိခိုက်မှုများတွင် အသုံးပြုပါတယ်။ မှတ်ဉာဏ်ချို့ယွင်းခြင်း နှင့် အခြား ဦးနှောက် ပိုင်းဆိုင်ရာ ရောဂါ များကြောင့်ဖြစ်သော ဦးနှောက် ထိခိုက်မှုများကို စစ်ဆေးရာမှာ သံလိုက်ဓါတ်မှန်နှင့် ကွန်ပြူတာဓါတ်မှန်ထက် ပိုတိကျပါတယ်။ ထိုနည်းသည် ဆေးရုံကြီးများတွင်သာ ရှိပါတယ်။

အခြားစမ်းသပ်မှုများ

သံလိုက်ဓါတ်မှန် ရိုက်ခြင်း ဟာ ဦးနှောက်ရဲ့ လျှပ်စစ်လှုပ်ရှားမှုလေးများကို စမ်းသပ်သော နည်းဖြစ်ပါတယ်။ တက်ခြင်းများနှင့် ပုံမှန်မဟုတ်တဲ့ ဦးနှောက်လှုပ်ရှားမှုလေးများကို စစ်ဆေးခြင်းဖြစ်ပါတယ်။

ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ကို ဘယ်လိုကုသလဲ။

ခေါင်းထိခိုက်မိပါက coping crisis ကိုဖြစ်စေပါတယ်။ ရုတ်တရက် ပြေင်းပြန် ပြောင်းလဲမှုများ ဟာ စိတ်ခံစားချက်များကို ဖြစ်စေပါတယ်။ စိုးရိမ်ပူပန်ခြင်းဟာ အဖြစ်များပြီး စိတ်ဓါတ်ကျခြင်းကို လည်းတွေ့ရပါတယ်။ ခေါင်းထိခိုက်ခြင်းဖြင့် ထိုလူ၏ ပတ်ဝန်းကျင်ကို လိုက်ရောညီထွေနေနိုင်ခြင်း စွမ်းရည်ကို ထိခိုက်စေပါတယ်။

ခေါင်းထိခိုက်သော လူနာများဟာ အခြားထိခိုက်မိသူများထက် စိတ်ဓါတ်ကျခြင်း နှင့် ပတ်ဝန်းကျင်ကို လိုက်ရောညီထွေနေနိုင်ခြင်း ကိုပိုထိခိုက်ပါတယ်။

အများအားဖြင့် လူနာအတွက် မိသားစုဝင်တစ်ဦး က တာဝန်ယူ လုပ်ဆောင်ပေးရပါတယ်။ ထိုသို့ လုပ်ဆောင်ရန် မိသားစုဝင် တစ်ဦးထက်ပိုလိုပါတယ်။ ထိုသို့ဖြင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ပါဘူး။

လူနာအား ဂရုစိုက် သူများနှင့် ကျန်းမာရေးဝန်ထမ်းများဟာ အတူတကွ ကူညီဖေးမကြရပါမယ်။

ဂရုစိုက်သူများဟာ လူနာအား စွမ်းဆောင်ရည်မြင့်လာအောင် အားပေးခြင်းကို ပြုလုပ်သင့် ပါတယ်။ ထို့ပြင် ဂရုစိုက်သူများဟာ စိတ်ရှည်ရန်လိုအပ်ပါတယ်။

လူနာဟာ ပင်ပန်းခြင်း၊ ဖျားနာခြင်း သို့မဟုတ် စိတ်ဖိစီးခြင်း တို့ဖြစ်နေသည် ကို သိထားရပါမယ်။

ထိုသို့ဖြင့် လူနာအား စာနာ ထောက်ထားခြင်းဖြင့် ကူညီထောက်ထား သင့်ပါတယ်။

ပထမခြောက်လ ကြာသော် တိုးတက်လေ့ရှိကြပါတယ်။ ၄-၅ နှစ်ထိနောက်ကျပြီးမှ တိုးတက်ကြပါတယ်။

ထိုသို့ဖြင့် လူနာသည် အောက်ပါတို့ တိုးတက်လာပါတယ်။

-အမူအရာများ တိုးတက်ခြင်း

-ဟန်ချက်ညီအောင် လေ့ကျင့်ခြင်း

-အချို့ရောဂါများအတွက် သောက်ဆေးများ

-မိသားစု ဆက်ဆံရေး တိုးတက်လာခြင်း

-ပတ်ဝန်းကျင် နှင့် ဆက်ဆံရေး တိုးတက်လာခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဦးခေါင်းထိခိုက်ရာမှ မှတ်ဉာဏ်ချို့ယွင်းခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

လူနာသည် သူ၏ ထိခိုက်မှုပေါ်မူတည်ကာ မိမိကိုယ်ကို မိမိ ဂရုစိုက်ပေးနိုင်ပါတယ်။ မိမိကိုယ်မိမိ ဂရုစိုက်နိုင်ပါက ကျန်းမာရေးဝန်ထမ်း များနှင့် မိသားစုဝင်များကြား အစီအစဉ်တစ်ခု ပြုလုပ်သင့်ပါတယ်။ ထို ကူညီသူများအဖွဲ့ဟာ လူနာ၏ မိမိကိုယ်မိမိ ဂရုစိုက်နိုင်စွမ်းကို စောင့်ကြည့်သင့်ပါတယ်။ ထို့ပြင် လူနာ၏ လုံခြုံမှုကိုလည်း ဂရုပြုသင့်ပါတယ်။

လူနာနေသော ပတ်ဝန်းကျင်ဟာ မဆူညံလွန်း၊ မတိတ်ဆိတ်လွန်း ဖို့လိုအပ်ပါတယ်။ လူနာဟာ ပုံမှန် အလင်းအမှောင်၊ စားသောက်ခြင်း၊ အိပ်ခြင်း၊ အိမ်သာ တက်ခြင်း၊ အပန်းဖြေခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။ ထိုသို့ဖြင့် လူနာ၏ စိတ်ပိုင်းဆိုင်ရာ ပုံမှန်ဖြစ်ရန် ပြုလုပ်သင့်ပါတယ်။

လူနာ၏ ပတ်ဝန်းကျင်ကို အန္တရာယ်ရှိသော ပစ္စည်းများမရှိစေခြင်း၊ လိုအပ်ပါက လက်ကိုင်၊ လက်တန်းများကို အိမ်ထဲထားရှိခြင်း ၊ တံခါး လော့ဂ်များ ထားခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

လူနာဟာ တစ်ယောက်တည်း အပြင်ထွက်နိုင်ပြီ ဆိုပါက မည်သည့်နေရာကို သွားမည်ကိုသိခြင်း၊ မိမိအကြောင်း ကို medic alert လက်ပတ်လေးတွင် ထားရှိခြင်း၊ လက်ကိုင်ဖုန်း သုံးတတ်အောင် သင်ထားခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။

လူနာအား ဂရုစိုက်သူများ ဟာ လူနာသည် ဘဏ်အကောင့်များ၊ အကြွေးကတ်များ သုံးနိုင်အောင် ပြုလုပ်ပေးထားခြင်းဖြင့် လူနာဟာ မိမိငွေမိမိ လိုအပ်သလို ကိုင်သုံးနိုင်မည် ဖြစ်ပါတယ်။

ဂရုစိုက်သူဟာ လူနာ၏ ငွေရေးကြေးရေးများကို ကိုင်တွယ်ခွင့် ယူထားခြင်း ပြုလုပ်သင့်ပါတယ်။ လူနာက ငွေရေးကြေးရေးများကို ကိုင်တွယ် နိုင်ခြင်းမရှိတော့သောအခါ တွဲပြီးသုံးနိုင်အောင် ခွင့်ပြုချက်များ ယူသင့်ပါတယ်။

ဆရာဝန်ညွှန်ကြားချက်မပါသော ဆေးများဟာ ညွှန်ကြားထားသော ဆေးကို အနှောက်အယှက်ပြုနိုင်ပါတယ်။

ထိုဓါတ်ပြုမှုဟာ ညွှန်ကြားထားသော ဆေး၏ အာနိသင်ကို ကျစေပါတယ်။ ထို့ကြောင့် ဂရုစိုက်ပေးသူများဟာ လူနာမည်သည့် ဆေးများသုံးနေသည်ကို သတိထားသင့်ပါတယ်။

အကယ်၍ လူနာဟာ စားမဝင်၊ အိပ်မပျော်ခြင်း၊ အလွန်အကျွံစားခြင်း၊ ဆီး/ဝမ်းမထိန်း နိုင်ခြင်း၊ ရန်လိုခြင်း၊ များပြုလုပ်ပါက အကူအညီရှာသင့်ပါတယ်။ ပုံမှန်မဟုတ်သော အပြုအမူများပြုလုပ်ပါ က ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မျှဝေမည်

တည်းဖြတ်သည့်နေ့ မတ် 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 27, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။