Chronic Bronchitis (နာတာရှည်လေပြွန်ရောင်ရောဂါ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

Chronic bronchitis ဆိုတာဘာလဲ။

Bronchitis ဟာ လေပြွန်တွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ လေကို အဆုတ်အထဲကို သယ်ပေးတဲ့ လေပြွန်တွေ ရှိပါတယ်။ လေပြွန်ရောင်တဲ့သူတွေဟာ ကြာရှည်စွာ ချောင်းဆိုးပြီး ပျစ်တဲ့၊ အရောင်ပြောင်းနေတဲ့ ချွဲတွေ ထွက်နိုင်ပါတယ်။ လေပြွန်ရောင်ခြင်းဟာ ရုတ်တရက်ဖြစ်နိုင်သလို နာတာရှည်လဲဖြစ်နိုင်ပါတယ်။

နာတာရှည် လေပြွန်ရောင်ခြင်းဟာ COPD ရဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ရောင်နေတဲ့ လေပြွန်တွေဟာ ချွဲများစွာဖြစ်စေပြီး ချောင်းဆိုးခြင်းနဲ့ အသက်ရှူကျပ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

Chronic bronchitis ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဒီအခြေအနေက အလွန်အဖြစ်များပြီး အမျိုးသမီးတွေမှာ အမျိုးသားတွေမှာထက် ပိုဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

Chronic bronchitis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Chronic bronchitis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ချောင်းဆိုးခြင်း
  • အဖြူရောင်၊ အဝါရောင်၊ မီးခိုးရောင်၊ အစိမ်းရောင် ချွဲထွက်ခြင်း
  • ပင်ပန်းခြင်း
  • မောခြင်း
  • အနည်းငယ် ဖျားခြင်း၊ ချမ်းတုန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း တွေပဲဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

ယေဘူယျအသိပေးချက် – သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • သုံးပတ်ထက်ပိုကြာရင်
  • မအိပ်နိုင်ရင်
  • 38F ထက်ပိုပြီး ဖျားရင်
  • အရောင်ပါတဲ့ ချွဲထွက်ရင်
  • အသက်ရှူစဉ်အသံမြည်ခြင်းနဲ့ မောခြင်းတို့ရှိရင်

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက Chronic bronchitis ဖြစ်ပွားစေသလဲ။

ရုတ်တရက်လေပြွန်ရောင်ခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အအေးမိခြင်းကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တဲ့ တူပါတယ်။ ပိုးသတ်ဆေးတွေဟာ ဗိုင်းရပ်စ်ပိုးကို မသတ်နိုင်တာကြောင့် ဒီဆေးတွေဟာ လေပြွန်ရောင်ခြင်း အခြေအနေ အတော်များများအတွက် အသုံးမဝင်ပါဘူး။

နာတာရှည် လေပြွန်ရောင်ခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ စီးကရက်သောက်ခြင်းပဲဖြစ်ပါတယ်။ လေထုညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင်မှာ ဖုန်၊ အဆိပ်ငွေ့တွေရှိခြင်း ဟာလည်း နာတာရှည် လေပြွန်ရောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက Chronic bronchitis ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Chronic bronchitis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • စီးကရက်သောက်ခြင်း – ဆေးလိပ်သောက်သူ၊ ဆေးလိပ်သောက်သူနဲ့ နေသူတွေဟာ ရုတ်တရက်နဲ့ နာတာရှည် လေပြွန်ရောင်ခြင်း အဖြစ်များပါတယ်။
  • ကိုယ်ခံအားနည်းခြင်း – အခြားနာမကျန်းခြင်းတွေဖြစ်တဲ့ အအေးမိခြင်း၊ အခြားကိုယ်ခံအားနည်းစေတဲ့ နာတာရှည် အခြေအနေ တစ်ခုခုရှိခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေ၊ ကလေးငယ်တွေနဲ့ ငယ်ရွယ်သူတွေဟာ ရောဂါပိုး ပိုဝင်နိုင်ပါတယ်။
  • အလုပ်မှာ ယားယံစေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ခြင်း – အဆုတ်ကို ယားယံစေတဲ့ ပစ္စည်းတွေနဲ့ အလုပ်လုပ်ရခြင်းဟာ နာတာရှည် လေပြွန်ရောင်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။

Gastric reflux – မကြာခဏ ရင်ပူခြင်းဟာ လည်ချောင်းကို ယားစေပြီး နာတာရှည် လေပြွန်ရောင်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Chronic bronchitis ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

စစ်ဆေးမှုကို အရင်ပြုလုပ်မှာဖြစ်ပြီး သင်အသက်ရှူနေစဉ်မှာ ဆရာဝန်က နားကျပ်နဲ့ အဆုတ်ကို နားထောင်မှာဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာတော့ ဆရာဝန်က အောက်ပါတို့ကို အကြံပြုနိုင်ပါတယ်။

  • Chest X-rays – Chest X-rays တွေဟာ သင့်မှာ အဆုတ်အအေးမိခြင်း (သို့) ချောင်းဆိုးစေတဲ့ အခြားအခြေအနေတွေ ရှိမရှိသိရှိုဖို့ ကူညီပေးနိုင်ပါတယ်။ ဒါဟာ သင်က အခု ဆေးလိပ်သောက်သူ (သို့) အရင်က သောက်ဖူးသူဖြစ်မယ်ဆိုရင် အရေးကြီးပါတယ်။
  • သလိပ်စစ်ဆေးခြင်း – သင့်မှာ ကြက်ညှာချောင်းဆိုးရှိမရှိ (သို့) ပိုးသတ်ဆေးနိုင်တဲ့ နာမကျန်းမှုရှိမရှိ စစ်ဆေးနိုင်ပါတယ်။ သလိပ်ကို ဓါတ်မတည့်မှုအတွက်လည်း စစ်ဆေးနိုင်ပါတယ်။
  • အဆုတ်လုပ်ငန်းဆောင်တာ စစ်ဆေးခြင်း – ဒီစစ်ဆေးမှုကိုတော့ ပန်းနာရင်ကျပ် (သို့) emphysema ရှိမရှိ စစ်ဆေးဖို့ အသုံးပြုမှာဖြစ်ပါတယ်။

Chronic bronchitis ကို ဘယ်လိုကုသလဲ။

ရုတ်တရက် လေပြွန်ရောင်ခြင်းအများစုဟာ ကုသရန်မလိုအပ်ပဲ နှစ်ပတ်အတွင်း ပြန်ကောင်းသွားကြပါတယ်။ အချို့အခြေအနေတွေမှာတော့ ဆရာဝန်က ပိုးသတ်ဆေး၊ ချောင်းဆိုးပျောက်ဆေးနဲ့ inhaler တွေကို ပေးနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Chronic bronchitis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Chronic bronchitis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆေးလိပ်မသောက်ပါနဲ့။ လေထုမသန့်ရှင်းရင် (သို့) ယားယံစေတဲ့ အရာတွေဖြစ်တဲ့ သုတ်ဆေး၊ အိမ်သုံး သန့်ရှင်းဆေးတွေ၊ အငွေ့တွေနဲ့ ထိတေ့ွမယ်ဆိုရင် မျက်နှာဖုံးအသုံးပြုသင့်ပါတယ်။
  • Humidifier အသုံးပြုပါ။ နွေးထွေးစိုစွတ်တဲ့လေဟာ ချောင်းဆိုးခြင်းကို သက်သာစေပြီး ချွဲကြေစေပါတယ်။ သူ့ကို ရေအတွင်းမှာ ဘက်တီးရီးယားနဲ့ မှိုတွေ မပေါက်ပွားနိုင်အောင် သန့်ရှင်းရေး သေချာပြုလုပ်သင့်ပါတယ်။
  • အပြင်ထွက်တဲ့အခါ မျက်နှာဖုံးစွပ်ပါ။ တကယ်လို့ လေအေးဟာ ချောင်းဆိုးခြင်းနဲ့ မောခြင်းကို ဖြစ်စေတယ်ဆိုရင် အပြင်မထွက်ခင် cold-air face mask ကို အသုံးပြုပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဓာတ်ကျနေသလား၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ

—Meta description not set.

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဆေးဖက်ဝင်ဂျင်ဆင်း၏ အကျိုးကျေးဇူးများ

ဂျင်ဆင်းမှာ မျိုးကွဲတွေလည်း ရှိပါတယ်။ ဂျင်ဆင်းမှာအဓိက ပါဝင်တဲ့ ginsenosides နဲ့ gintonin ကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း ဖြစ်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

ကလျာဏီပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သုံးစွဲသလို ဆေးဖက်ဝင်အပင်အဖြစ်လည်းသုံးပါတယ်။လတ်လတ်ဆတ်ဆတ်ဖြစ်စေ၊ အခြောက်ခံပြီးဖြစ်စေ၊ အဆီထုတ်ပြီးဖြစ်စေ သုံးလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အင်ဆူလင်အာနိသင် ပိုမိုထိရောက်စေမည့် နေထိုင်စားသောက်ပုံများ

အင်ဆူလင်ဟာ ပန်ခရိယကနေ ထုတ်လုပ်လိုက်တဲ့ ဟော်မုန်းပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ မရှိမဖြစ်အရေးပါပါတယ်။ သွေးချိုထိန်းပေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read

နေအိမ်မှာအလုပ်လုပ်ခြင်းကို အကောင်းဘက်က ရှုမြင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

ကိုယ်ထဲမှာ စတီးရွိုက်တွေ များလာတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
Cloth Mask နဲ့ လမ်းခွဲဖို့လိုပြီ

Cloth Mask နဲ့ လမ်းခွဲဖို့လိုပြီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 3 mins read