Acute Lymphoblastic Leukemia (ရုတ်တရက်ပြင်းထန် ပြန်ရည်ဆဲလ်ကွဲသွေးကင်ဆာ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 2, 2019 . 4 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Acute Lymphoblastic Leukemia (ရုတ်တရက်ပြင်းထန် ပြန်ရည်ဆဲလ်ကွဲသွေးကင်ဆာ) ကဘာလဲ။

Acute lymphoblastic leukemia ဆိုတာဟာ ရုတ်တရက် ဖြစ်တဲ့ သွေးကင်ဆာ ရဲ့ အမျိုးအစား တစ်မျိုးပဲဖြစ်ပါတယ်။ lymphocytes လို့ခေါ်တဲ့ ပြန်ရည်ဆဲလ်တွေ ပွားနေတဲ့အချိန်မှာ ဖြစ်တဲ့ သွေးကင်ဆာ တစ်မျိုးဖြစ်ပါတယ်။

Acute Lymphoblastic Leukemia (ရုတ်တရက်ပြင်းထန် ပြန်ရည်ဆဲလ်ကွဲသွေးကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ ကလေးဘဝမှာ ဖြစ်လေ့ရှိပါတယ်။ Acute lymphoblastic leukemia ဟာ အထူးသဖြင့် အသက်အရွယ် အုပ်စု နှစ်စုမှာ ဖြစ်နိုင်ပါတယ်။

  • အသက် ၁၀ နှစ်အောက်- ကင်ဆာ ပွားခြင်း အားလုံးရဲ့ သုံးပုံ ပုံတစ်ပုံ ဟာ ကလေးတွေမှာ ဖြစ်တတ်ပါတယ်။
  • အခြားအုပ်စုကတော့ အသက် ၅၀ အထက်ဖြစ်ပြီး ဒီ အသက်အုပ်စုမှာတော့ အနည်းငယ်သာ ဖြစ်တတ်ပါတယ်။

ကလေးဘဝမှာဆိုရင်တောင် Acute lymphoblastic leukemia တွေဟာ များသောအားဖြင့် ကလေးအသက် ၃နှစ်မှ ၇နှစ်အသက်အရွယ်တွေမှာ ပို အဖြစ်များတာတွေ့ရပါတယ်။ ဒါပေမယ့် ဒီရောဂါဟာ မွေးကင်းစလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

သို့ပေမယ့်လည်း ဒီရောဂါကို ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို လျှော့ချ ခြင်းအားဖြင့် ရောဂါကို ထိန်းချုပ်လိုက်နိုင်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Acute Lymphoblastic Leukemia (ရုတ်တရက်ပြင်းထန် ပြန်ရည်ဆဲလ်ကွဲသွေးကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Acute lymphoblastic leukemia ရဲ့ရောဂါလက္ခဏာတွေကတော့

  • ဖျားခြင်း။
  • Neutrophil (သွေးဖြူဥ အမျိုးအစားတစ်မျိုး) အရေအတွက် လျော့နည်းခြင်း။
  • အသားအရောင် ဖျော့တော့ခြင်း၊ မောပန်းလွယ်ခြင်း၊ မူးဝေခြင်း၊ ရင်တုန်ခြင်း၊ နှလုံးမှာ ပုံမှန်မဟုတ်တဲ့ အသံတွေကြားရခြင်း နဲ့ အနည်းငယ်လှုပ်ရှားရင်တောင် မောပြီး အသက်ရှု မဝခြင်း။
  • သွေးထွက်ခြင်း။
  • ၁၀ %လောက်မှာ DIC လို့ခေါ်တဲ့ နေရာအနှံ့ရှိ သွေးကြောများ အတွင်း သွေးခဲခြင်းဖြစ်ပြီးနောက် သွေးအလွန်ထွက်ပြီး သွေးမတိတ်တဲ့ရောဂါ ဖြစ်နိုင်ပါတယ်။
  • စမ်းမိနိုင်သော အလုံးအကျိတ်များ ဖြစ်ပြီး နာခြင်း။
  • အဆုတ်နှစ်ခုကြား ရှိနေရာတွင် ကြီးမားသော အလုံး၊ အခဲများရှိခြင်းကြောင့် ဖြစ်နိင်သော ရောဂါလက္ခဏာများ (ဥပမာ- အသက်ရှုမဝခြင်း)
  • အရိုးများနာခြင်း။
  • ဝမ်းဗိုက်ရဲ့ အပေါ်ဘက် ဘယ်ဘက် အစိတ်အပိုင်းမှာ သရက်ရွက်ကြီးနေခြင်းကြောင့် ပြည့်အင့် သလို ခံစားရခြင်း။( ၁၀% မှ ၂၀% လောက်မှာ)
  • Leukostasis ရောဂါလက္ခဏာများ (ဥပမာ- အသက် ရှုခက်ခဲခြင်း နဲ့ စိတ်အခြေအနေပြောင်းလဲခြင်း။)
  • အကျိတ်ကြီး ကျောက်ကပ် ပျက်စီးခြင်း။
  • အဆုတ်ရောင်ခြင်း အပါအဝင် ရောဂါပိုးဝင်ခြင်း။
  • အထူးသဖြင့် ခြေထောက်တွေမှာ အစက်များဖြစ်ခြင်း၊ အရေပြား အပေါ်တွင် ညိုမဲ ဖြစ်ခြင်း။
  • ကင်ဆာ ဆဲလ်တွေ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို ဝင်ရောက်ခြင်း ၊ အလုံး အကျိတ်များနာခြင်း စတာတွေနဲ့ သတ်ဆိုင်သော လက္ခဏာများ ။
  • ကင်ဆာဆဲလ်တွေ အရေပြားကို ရောက်သွားတာကြောင့် ဖြစ်တဲ့ အင်ပြင်များဖြစ်ခြင်း။

အပေါ်မှာ ဖော်မပြထားတဲ့ ရောဂါ လက္ခဏာတွေ လည်းရှိနိုင်ပါတယ်။ အပေါ်မှာ ပြထားတဲ့ ရောဂါ လက္ခဏာတွေ ကိုလည်း သိသာထင်ရှားတဲ့ ရောဂါ လက္ခဏာတွေ အနေနဲ့ သိမြင်နိုင်ဖို့ ခဲယဉ်းပါတယ်။

ဒါ့ကြောင့် ရောဂါ လက္ခဏာတစ်ခုခုနဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ရပါမယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ?

တကယ်လို့ သင့်မှာ အထက်ပါ ရောဂါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် (သို့)သိလိုတဲ့ အချက်တွေရှိနေရင် တော့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Acute Lymphoblastic Leukemia (ရုတ်တရက်ပြင်းထန် ပြန်ရည်ဆဲလ်ကွဲသွေးကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

ALL ဖြစ်စေတဲ့အကြောင်းရင်းက ALL ဖြစ်စေတဲ့မျိုးရိုးဗီဇမူမမှန်မှုကြောင့်ဖြစ်တဲ့မော်လီကျူး (သို့မဟုတ်) ခရိုမိုဆုန်းမူမမှန်ခြင်းပေါ်မူတည်ပါတယ်။

ခရိုမိုဆုန်းမူမမှန်ခြင်းကိုအမျိုးအစား၂မျိုးခွဲခြားနိုင်ပါတယ်။

  • ပထမဖြစ်စေတဲ့အကြောင်းကတော့ ဆဲလ်တခုချင်းဆီမှာ DNA ပါဝင်မှုပမာဏပုံမှန်မဟုတ်ခြင်း ( DNA ပုံမမှန်ခြင်း)။ အဲလို DNA ပါဝင်မှုပမာဏပုံမမှန်တာမှာ Hyperdiploidy လို့ခေါ်တဲ့ DNA ပါဝင်မှုပမာဏများနေတာဟာ ကလေးတွေမှာပိုအဖြစ်များပြီး Hypodiploidy လို့ခေါ်တဲ့ DNA ပါဝင်မှုပမာဏနည်းနေတာကအဖြစ်နည်းပါတယ်။
  • ဒုတိယဖြစ်စေတဲ့အကြောင်းကတော့ DNAပမာဏပုံမှန် ပါဝင်ပြီးရောဂါဖြစ်စေတဲ့အကြောင်းတွေဖြစ်ပါတယ်။ အဲလိုလူနာတွေမှာ DNAပမာဏပုံမှန်ပါဝင်ပေမယ့် DNA နဲ့ဆဲလ်တည်ဆောက်ပုံတွေမှာ ပုံမမှန်တာကိုအများအားဖြင့်တွေ့ရပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ခရိုမိုဆုန်းမူမမှန်ခြင်းအများစုမှာ ပုံမှန်မျိုးရိုးဗီဇ၊ kinases လို့ခေါ်တဲ့အင်ဇိုင်း(enzymes) တွေနဲ့ မျိုးရိုးဗီဇကူးယူတဲ့နေရာတွေမှာ ပုံသဏ္ဍာန်ပြောင်းသွားတာနဲ့နေရာလွဲသွားတာတွေပါဝင်ပါတယ်။ မျိုးရိုးဗီဇနေရာလွဲတာက DNA နဲ့ဆဲလ်တည်ဆောက်ပုံမူမမှန်တဲ့ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Acute Lymphoblastic Leukemia (ရုတ်တရက်ပြင်းထန် ပြန်ရည်ဆဲလ်ကွဲသွေးကင်ဆာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Acute lymphoblastic leukemia ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကတော့ မှီခိုမှုမရှိတာဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအချက်တွေက အတူတကွ လည်းဖြစ်နိုင်လို့ပါ။

ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေကို ခေါင်းစဉ်တွေ ခွဲထားနိုင်ပါတယ်။

  1. စံအနေအထား၊ အခြေအနေများ။
  • အသက် ၁နှစ်မှ ၁၀ နှစ်။
  • မိန်းကလေး။
  • ဦးနှောက်နှင့် အာရုံကြောထိခိုက်မှု မရှိခြင်း(သို့) ရောဂါ လက္ခဏာ မပြခြင်း။
  • Hyperdiploidy လို့ခေါ်တဲ့ DNA ပါဝင်မှုပမာဏများနေခြင်း။
  1. အဖြစ်များသော အခြေအနေများ။
  • သွေးဖြူဥ တစ်မျိုး ဖြစ်သော neutrophil ပမာဏ သိသိသာသာကျဆင်းခြင်း။ ဒါပေမယ့် ဘေးဘက်သွေးကြောတွေထဲမှာ သွေးဖြူဥ ( leukoblast ) ပမာဏ အလွန်များနေခြင်း။ (WBC > 100,000 /micro L )
  • ၁နှစ်အောက်ငယ်ခြင်း (သို့) ၁၀ နှစ်ထက်ကြီးခြင်း။
  • ယောက်ျားလေးများ။
  • သိသာသော ဦးနှောက်အာရုံကြော အဖွဲ့စည်း ထိခိုက်မှုပါဝင်ခြင်း။
  • အဆုတ်နှစ်ခုကြားနေရာတွင် အလုံးရှိနေခြင်း။
  • Hypodiploidy လို့ခေါ်တဲ့ DNA ပါဝင်မှုပမာဏ နည်းနေခြင်း။

ဖြစ်ဖို့အားပေးနေတဲ့ အချက်တွေထဲက အသိသာ အထင်ရှားဆုံး နဲ့ မပြောင်းလဲနိုင်တာ၊ အခြားတစ်ခုအပေါ် မမှီခိုနေတာတွေ ကတော့ အသက်အရွယ် နဲ့ သွေးဖြူဥ ပမာဏ တွေပဲဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Acute Lymphoblastic Leukemia (ရုတ်တရက်ပြင်းထန် ပြန်ရည်ဆဲလ်ကွဲသွေးကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

Acute lymphoblastic leukemiaကို အောက်ဖော်ပြပါ ဓါတ်ခွဲခန်းစစ်ဆေးချက်တွေနဲ့ ရောဂါ အမည်သတ်မှတ်နိုင်ပါတယ်။

  • သွေးဥဆဲလ် အပြည့်အစုံ စစ်ဆေးခြင်း။
  • သွေးစစ်ဆေးခြင်း နှင့် ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်း။
  • ခုခံအား စနစ်အမျိုးအစားခွဲခြားခြင်း နှင့် မျိုးရိုးဗီဇ စစ်ဆေးခြင်း။ ( biomarkers ကို အသုံးပြုပြီး)
  • lactic dehydrogenase (LDH) အင်ဇိုင်း ပမာဏ တက်၊ မတက် နဲ့ uric အက်ဆစ် ပမာဏ ခန့်မှန်းစစ်ဆေးခြင်း။
  • အကျိတ်ရဲ့ ကြီးထွားမှု ကို စစ်ဆေးခြင်း။

Acute lymphoblastic leukemia(ALL) ရောဂါ အမည်တပ်ခြင်းကို ကလေးတွေမှာ များသောအားဖြင့် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပါတယ်။ လူကြီးတွေမှာကတော့ ရောဂါအမည်တပ်ဖို့ သိပ်မလွယ်ကူတဲ့အတွက် ALL နဲ့ အခြား သွေးကင်ဆာတစ်မျိုး ဖြစ်တဲ့ AML ကို ခွဲခြားရတာ ခက်ခဲနိုင်ပါတယ်။

အခြား အကျိတ်ကင်ဆာ အမျိုးအစားတွေလည်းရှိတဲ့အတွက် မှားယွင်းဆုံးဖြတ်မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ အမျိုးအစားတွေကတော့

  • Non – lymphoid tumor ကို ALL နဲ့ မှားနိုင်ပါတယ်။
  • သွေးကင်ဆာမှာ ရှိတဲ့ lymphoblasts ဆိုတဲ့ ဆဲလ်တွေနဲ့ ပုံမှန်အတိုင်းရှိနေတဲ့ lymphoid ဆဲလ်တွေနဲ့ ဆင်တူတဲ့ အတွက်မှားနိုင်ပါတယ်။

Acute Lymphoblastic Leukemia (ရုတ်တရက်ပြင်းထန် ပြန်ရည်ဆဲလ်ကွဲသွေးကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ALL ဟာ ကလေးတွေမှာ ဆိုးရွားတဲ့ ဖြစ်စဉ်တွေကို ဖြစ်လာစေနိုင်တဲ့အတွက် သေနိုင်လောက်တဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ALL ကို ထိန်းချုပ်ကုသဖို့ကတော့ ဆေးတွေနဲ့ လက်တွေ့ဆေးဝါးကုသမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ လုံး၀ ပျောက်သွားပြီး၊ glucocorticoid ကုသမှု (၂နှစ်မှ ၃နှစ်) ပြီးဆုံးသွားတဲ့ ကလေးတွေရဲ့ ၈၀% ကျော်က တော့ ရောဂါကို အရှင်းကုသနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ တီထွင်မှု ပြုထားတဲ့ ALL protocol နဲ့ ကုသမှုခံယူနေတဲ့ အရွယ်ရောက်ပြီးသူတွေမှာတော့ ရောဂါ အခြေအနေက တိုးတက်လာမှု နည်းပါးပါတယ်။ အသက်ရှင်ပြီး အသက်ရှည်ရှည်ဆက်နေနိုင်သူ ၃၀%- ၄၀% လောက်ထိပဲရှိပါတယ်။

ဒါပေမယ့်လည်း ရောဂါ ကင်းရှင်းသွားပြီး အသက်ရှည်ရှည်ဆက်နေနိုင်တဲ့ ကလေးတွေမှာလည်း ဦးနှောက် အာရုံကြော အကျိတ် ဖြစ်ခြင်း ကဲ့သို့သော ကင်ဆာရဲ့နောက်ဆက်တွဲ အန္တရာယ်တွေ ကိုတော့ တွေ့ကြုံခံစားရနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းများနှင့်အိမ်သုံးဆေးနည်းလမ်း။

Acute lymphoblastic leukemia ကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?

အောက်ပါ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေကို လိုက်နာခြင်းက သင့်အတွက် ALL ကိုထိန်းချုပ်ပေးနိုင်ဖို့ ကူညီနိုင်ပါတယ်။

  • ရောဂါ လက္ခဏာတွေက မပျောက်ဘဲကြာရှည် ဆက်ဖြစ်နေရင် (သို့) ကုသပြီးနောက်ပိုင်း ပိုဆိုးလာရင် ဆရာဝန်ကို ပြောပါ။
  • ရောဂါ လက္ခဏာ အသစ်တွေပေါ်လာရင် (သို့) ဆေးသောက်နေစဉ် ကာလအတွင်း နေထိုင်မကောင်းဖြစ်ရင် ဆရာဝန် ပြပါ။
  • နေပြန်ကောင်းလာပြီဆိုရင်တောင်မှ ဆရာဝန်ညွှန်ကြားချက်အတိုင်းဆေးတွေကို ဆက်သောက်သုံးပါ။ ဆေးသောက်တာရပ်လိုက်ခြင်းက ALL ရဲ့ ရောဂါ လက္ခဏာတွေကို ပြန်ဖြစ်စေနိုင်ပါတယ်။
  • ဆေးတွေ မသောက်သုံးမီ၊ (သို့) အခြား ကျန်းမာရေးအတွက်ကောင်းစေဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ အစာတွေ မစားသုံးမီ ဆရာဝန်ကို ပြောပြ ဆက်သွယ်ဖို့ လိုပါတယ်။

သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    Familial Mediterranean fever

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn

    Fibrous dysplasia

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn

    Fuchs’ dystrophy

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn

    Cardiac Tumor (နှလုံးအကျိတ်)

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖြစ်ပွားမှု အကြောင်းရင်းများနှင့် လက္ခဏာများ၊ အဖြေရှာကုသပုံများကိုလည်း ရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Sandy Kyaw

    သင့်အတွက် ရွေးချယ်ထားသည်

    အရေပြားမှိုရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Ye Mhan Linn
    ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2018 . 2 mins read
    Internal thrombosed hemorrhoids  (အတွင်းလိပ်ခေါင်း)

    Internal thrombosed hemorrhoids (အတွင်းလိပ်ခေါင်း)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018 . 4 mins read
    Lip cancer (နှုတ်ခမ်းကင်ဆာ)

    Lip cancer (နှုတ်ခမ်းကင်ဆာ)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018 . 4 mins read
    Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ)

    Febrile seizures in children (ကလေးများတွင်အဖျားကြောင့်တက်သောရောဂါ)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Nyan Linn
    ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2018 . 4 mins read