backup og meta

နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။

    ခုလို ပူအိုက်တဲ ရာသီမျိုးဆို နှာခေါင်းသွေးလျှ့တဲ့ ပြဿာနာတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ တစ်ချို့ နှာခေါင်းသွေးလျှံတာတွေက ပြဿနာ ကြီးကြီးမားမားမရှိဘဲ ပြန်ပျောက်သွားတာများပါတယ်။ တစ်ချို့ကျတော့ နားနှာခေါင်း လည်ချောင်းမှာ ပြဿနာတစ်ခုခုရှိတာကြောင့် နှာခေါင်းသွေးလျှံရတာဖြစ်ပါတယ်။ ဒါဆို နှာခေါင်းသွေး လျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ က ဘာများလဲ ။ ။

    နှာခေါင်းသွေးဘယ်လိုလျှံရတာလဲ ။ ။

    နှာခေါင်းဆိုတာ သွေးကြောများစွာနဲ့ ဖွဲ့စည်းထားတဲ့အရာတစ်ခုပါ။ ဖွဲ့စည်းထားတဲ့ သွေးကြောမျှင်လေးတွေဟာ အင်မတန်ပါးပြီး ပေါက်ကွဲလွယ်ပါတယ်။ ဒါ့ကြောင့် လက်ကလေးနဲ့ နှာချေးကလော်လိုက်ရုံနဲ့ အခန့်မသင့်ရင် သွေးတွေ ထွက်လာတတ်တာဖြစ်ပါတယ်။

    နှာခေါင်းသွေးလျှံတာကို နေရာ ၂ ပိုင်းခွဲလို့ရပါတယ်။

    • anterior nosebleed – နှာခေါင်း အရှေ့ပိုင်းက သွေးကြောလေးတွေ ကွဲတာ၊ ပျက်စီးသွားတာကြောင့် နှာခေါင်းသွေးလျှံခြင်းနဲ့
    • posterior nosebleed – နှာခေါင်း အနောက်ပိုင်းက သွေးကြောတွေပေါက်ပြီးေ သွးထွက်တတ်တဲ့ ကိစ္စပါ။ နှာခေါင်းအနောက်ပိုင်းထွက်တဲ့သွေးတွေကျတော့ အပြင်ကို ထွက်မလာဘဲ လည်ချောင်းထဲပြန်စီးဝင်သွားတတ်ပါတယ်။ ဒီနှာခေါင်း အနောက်ပိုင်း သွေးထွက်တဲပြဿနာဖြစ်ရင်တော့ စိုးရိမ်ရတတ်ပါတယ်။

    နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။

    နှာခေါင်းသွေးလျှံြခင်းကို ဖြစ်စေတဲ အကြောင်းအရင်းများစွာရှိပါတယ်။ ရံဖန်ရံခါ ရုတ်တရက်နှာခေါင်းသွေးလျှံတာမျိုးက စိုးရိမ်စရာမရှိပေမယ့် ခဏခဏ နှာခေါင်းသွေးလျှံနေတာမျိုးဆို စိုးရိမ်စရာ ရှိလာပါပြီ။

  • ခြောက်သွေ့နေတဲ့ လေဟာ နှာခေါင်းသွေးလျှံခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရာတစ်ခုပါ။ ဒါ့ကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ အိမ်တွင် းအပူပေးစက်တွေဟာ နှာခေါင်း အတွင်းသား ခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒီလိုခြောက်သွေ့လာတဲ့ နှာခေါင်းအတွင်းသားလေးတွေ ကွဲအက်လာပြီး ယားသလိုလိုဖြစ်လာတဲ့အခါ ကုတ်မိလိုက်တာနဲ့တင် နှာခေါင်းသွေးထွက်ခြင်းကို ဖြစ်စေပါတယ်။
  • နှာစေးနှာပိတ်ရင်သောက်တဲ့ဆေးတွေဖြစ်တဲ့ antihistaminesနဲ့decongestants တို့ဟာ လည်း နှာခေါင်းအတွင်းသားတွေကို ခြောက်သွေ့စေတတ်ပြီး နှာခေါင်းသွေးထွက်ခြင်းကို ဖြစ်စေတတ်ပါတယ်။
  • နှပ်ခဏခဏ ညှစ်ခြင်းဟာလည်း နှာခေါင်းသွေးလျှံြခင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါ။
  • နှာခေါင်းသွေးလျှံခြင်းကိုဖြစ်စေတဲ့ အခြား အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့

    • ပြင်ပက ပစ္စည်းတစ်ခုခုဝင်သွားတာ
    • ဓါတုပစ္စည်းတွေနဲ့ထိမိတာ
    • ဓါတ်မတည့်ဘဲ နှာစေးတာ
    • နှာခေါင်းမှာ တစ်ခုခုထိခိုက်မိတာ
    • ခဏခဏ နှာချေတာ
    • နှာချေးကလော်တာနဲ့
    • ခြောက်သွေ့ပြီး စိုထိုင်းဆနည်းတဲ့လေတွေကြောင့် နှာခေါင်းအတွင်းသားတွေ ခြောက်သွေ့ပြီးကွဲအက်တာ
    • အသက်ရှူလမ်းကြောင်းပိုးဝင်တာ
    • aspirin ဆေး ပမာဏ အများကြီးသောက်မိလို့ သွေးဆဲလ်တွေ ထိခိုက်မိပြီး သွေးယိုစိမ့်တာတွေကြောင့် အပြင်

    အခြား ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့

    • သွေးတိုးရောဂါ
    • သွေးကင်ဆာ
    • သွေးမတိတ်တဲ့ရောဂါ
    • ကင်ဆာရောဂါ တွေဟာလည်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။

    နှာခေါင်းသွေးလျှံတာ တော်တော်များများက ဆေးကုသမှု မလုပ်ရဘဲ သူ့ဘာသာပြန်ပျောက်သွားလေ့ရှိပါတယ်။

    ဘယ်အချိန်ဆိုဆေးခန်းသွားပြီး ဆေးကုသမှု ခံယူဖို့လိုအပ်မလဲ။ ။

    • နှာခေါင်းသွေးလျှံတာ မိနစ် ၂၀ ကျော်နေပြီ ခုထိ မရပ်သေးဘူး
    • နှာခေါင်းကို ထိခိုက်မိပြီး နှာခေါင်းသွေးထွက်တာမျိုး (ချော်လဲတာ၊ ကားတိုက်တာ၊ မျက်နှာကို အ ထိုးခံရတာ) တဲ့အခါမျိုးဆို နှာခေါင်းရိုးကျိုးတာ၊ ဦးခေါင်းခွဲကွဲတာနဲ့ အတွင်းပိုင်းသွေးထွက်ခြင်းတွေကြောင့် နှာခေါင်းသွေးလျှံတတ်ပါတယ်။ ဒီလို အချိန်မျိုးဆို နှာခေါင်း အနောက်ပိုင်းအခြမ်းက သွေးထွက်တာဖြစ်နိုင်တဲ့အတွက် ဆေးကုသမှုခံယူဖို့လိုပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement