ကမျဉ်းနီကောင် ကိုက်ခံရပြီးနောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 13, 2020 . 2 mins read
Share now

ကမျဉ်းနီကောင် ဆိုတာ အကောင်သေးသေးလေးတွေပါ။ အကောင်သေးသေး အဆိပ်ပြင်းပြင်းပေါ့။ သူတို့က လူကို ကိုက်လိုက်ရင် Orientia tsusugamushi လို့ ခေါ်တဲ့ ဘက်တီးရီးယား ကူးစက်ခံရပြီး လူကို ဒုက္ခပေးတာပါ။ သူ့ကြောင့်ဖြစ်တဲ့ရောဂါကိုတော့ scrub typhus လို့ ခေါ်ပါတယ်။ ဒီကမျဉ်းနီကောင်လေးတွေက ချုံပုတ်တို့၊ မြက်ခင်းပြင်တို့ စတဲ့ အုပ်အုပ်ဆိုင်းဆိုင်း နေရာတွေမှာ အတွေ့ရများပါတယ်။ ဒါကြောင့် ကိုယ်အလုပ်လုပ်တာက ဒီလို အပင်တွေ၊ ချုံတွေနဲ့ ဆက်နွယ်နေရင် ဒါမှမဟုတ် ခရီးသွားရင်းနဲ့ အပင်တွေနားကပ်ပြီး ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ဒါလေးကို သတိထားပေးပါ။ မြန်မာနိုင်ငံဟာ scrub typhus triangle လို့ ခေါ်တဲ့ အဖြစ်များဆုံး ရွှေတြိဂံဒေသတွေရဲ့ အလယ်မှာ ရှိနေတာပါ။ အဖြစ်များပါတယ်။ အထူးသဖြင့် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ စတဲ့ ဘာလေးဘာ လတွေမှာ အထူးသတိထားပါ။

ခံစားရတဲ့ လက္ခဏာတွေ

လက္ခဏာတွေကတော့ အကောင်ကိုက်ခံရပြီး ၁၀ရက်လောက်နေရင် စပြပါတယ်။

  • အနာဖေးတက်သလို အနာမည်းမည်းလေး ရှိပါတယ်။ ဒါကို escharလို့ ခေါ်ပါတယ်။ ဒါတွေ့ရင် scrub typhus ဖြစ်ဖို့ သေချာသလောက်ပါပဲ။eschar
  • ဖျားပါတယ်။ အဖျား ၁၀၂လောက်ထိတက်ပါတယ်။
  • တော်တော်နုံးပါတယ်။ သာမန်လူဖျားရင် ဘေးက လူတွေဝိုင်းတွဲရလောက်ထိ ဖျားခဲပါတယ်။ scrub typhusမှာ ဖျားတဲ့လူနာကို ဆေးခန်းထဲလာဖို့ ဘေးလူက ဝိုင်းတွဲရလောက်တဲ့ထိ ဖျားပါတယ်။
  • ကိုယ်တွေလက်တွေ ကိုက်မယ်။
  • ပြန်ရည်ကျိတ်တွေ ကြီးမယ်။ နာမယ်။
  • အနီစက်တွေ ထွက်မယ်။
  • သိပ်ဆိုးရင် သတိမကောင်းတော့ဘူး စတာတွေ ဖြစ်တတ်ပါတယ်။

scrub typhusက ရောဂါကို အချိန်မီသိရင် ကုရလွယ်ပါတယ်။ မသိရင်တော့ လူနာက ဘာဖြစ်မှန်းမသိ သိပ်ကို ခံစားရပါတယ်။ နောက်ပြီး သေတတ်ပါတယ်။ ၃၀ရာခိုင်နှုန်းလောက်က အချိန်မီမကုနိုင်ဘူးဆို နောက်ဆက်တွဲ ရောဂါတွေ ဝင်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။ နောက်ဆက်တွဲတွေကတော့

  • အသည်းရောင်တာ
  • အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုတာ
  • သွေးလန့်ပြီး ရှော့ရတာ စတာတွေပဲ ဖြစ်ပါတယ်။

ရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ။

သူ့ရဲ့ လက္ခဏာက တခြားရောဂါရဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတဲ့အတွက် ခွဲရခက်ပါတယ်။ သွေးလွန်တုပ်ကွေးတို့၊ ငှက်ဖျားတို့နဲ့ မှားတတ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ အဓိက ထင်ရှားတဲ့ လက္ခဏာဖြစ်တဲ့  eschar လို့ ခေါ်တဲ့ အနာကို တစ်ကိုယ်လုံးမှာ နှံ့နှံ့စပ်စပ် လိုက်ရှာရခြင်း ဖြစ်ပါတယ်။ ဒါကို နားလည်ပေးစေချင်ပါတယ်။ ဒီအနာက တစ်ခါတစ်လေ လူမြင်မလွယ်တဲ့ နေရာ ( ဥပမာ – နှုတ်ခမ်းအတွင်းပိုင်း၊ ကပ္ပာယ်အိတ် ) တွေမှာ ရှိနေတတ်ပါတယ်။ ဒါကြောင့် scrub typhus လို့ ထင်ရင် ဒီအနာကို လိုက်ရှာရတာပါ။ အနာလည်းတွေ့ပြီ။ တခြားဆေးစစ်ဆေးချက်တွေနဲ့လည်း ကိုက်ညီတယ်ဆိုရင် scrub typhusလို့ သတ်မှတ်ပြီး ကုသလို့ရပါပြီ။ ကုသနည်းကတော့ ဘက်တီးရီးယားကြောင့် ဖြစ်တာမို့လို့ ပိုးသတ်ဆေးပေးပြီး ကုလို့ရပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ။

ခုထက်ထိတော့ scrub typhusကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါကြောင့် ကမျဉ်းနီကောင် အကိုက်မခံရအောင် နေဖို့ပဲ ရှိပါတယ်။ ချုံတွေ၊ အပင်တွေ ပေါတဲ့နေရာကို သွားတဲ့အခါ ကမျဉ်းနီကောင်တွေကို သတိထားပါ။ ဒါ့ပြင်

  • ကမျဉ်းနီကောင်ပေါတဲ့ နေရာကိုသွားတဲ့အခါ တတ်နိုင်သမျှ လုံလုံခြုံခြုံ ဝတ်ပါ။ DEETပါတဲ့ လိမ်းဆေးလေးတွေရှိရင် အပြင်မသွားခင်ကြိုလိမ်းပါ။
  • ကလေးတွေကိုလည်း အပြင်ခေါ်သွားမယ်ဆို လုံလုံခြုံခြုံ ဝတ်ပေးပါ။ ကလေးလက်ထဲကို DEETပါတဲ့ လိမ်းဆေးကို တိုက်ရိုက်မထည့်ပါနဲ့။ ကလေးက ပါးစပ်ထဲထည့်မိရင် အန္တရာယ်ရှိပါတယ်။ လူကြီးလက်မှာ အရင်ထည့်ပြီးမှ ကလေးကိုယ်ကို ပြန်လိမ်းပေးပါ။
  • နောက်ပြီး ဝတ်သွားမယ့် အဝတ်အစားတွေ၊ ဦးထုပ်တွေ၊ ဖိနပ်တွေကို permethrin နဲ့ စိမ်ထားမယ်ဆိုရင် ကမျဉ်းနီကောင်တွေ မကပ်နိုင်ပါဘူး။ ဒီဆေးက လူကိုယ်ပေါ်တော့ တိုက်ရိုက်လိမ်းလို့မရပါဘူး။

ဒီလိုနည်းလမ်းတွေကို သုံးမယ်ဆိုရင်တော့ ကမျဉ်းနီအကိုက်မခံရအောင် အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (bacterial gastroenteritis)

အစာအိမ်နံရံနဲ့ အူလမ်းကြောင်းမှာ ရောင်ရမ်းပြီး အဆက်မပြတ်အန်ခြင်း၊ ဝမ်းပျက်ခြင်းတွေကြောင့် အထက်လန်အောက်လျှောလို့ ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကူးစက်ရောဂါတွေ ဘယ်လိုကူးစက်တတ်သလဲ

ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုးမွှားများ၊ မှိုစွဲစေသော ရောဂါပိုးမွှားများ စတာတွေဟာ ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ထိတွေ့ခြင်းမှ ကူးစက်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

လည်ချောင်းနာတယ်ဆိုတာက အတော်လေး ခံရက်တဲ့ ဝေဒနာတစ်ခုပါ။ နောက်ပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲမှာလည်း လည်ချောင်းနာတာက တစ်ခုအပါအဝင်ဖြစ်နေတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်း

ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်းဆိုတာကတော့ ခွဲစိတ်ထားတဲ့ အနာမကျက်ခင် ခွဲတဲ့နေရာမှာ ရောဂါပိုးများ ဝင်ရောက်ပေါက်ပွားလာခြင်း ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read

လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုကုသလို့ရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read