home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သွေးသန့်စေဖို့ ဒါတွေစားပါ။

သွေးသန့်စေဖို့ ဒါတွေစားပါ။

ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို အောက်ဆီဂျင်၊ အာဟာရတွေနဲ့ ဟော်မုန်းတွေ သယ်ပို့ပေးဖို့အတွက် သွေးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ခန္ဓာကိုယ်က အလုပ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ သွေးတွေကို လိုအပ်ပါတယ်။ သွေးဆိုတဲ့နေရာမှာ အဆိပ်အတောက်ကင်းပြီး သန့်စင်တဲ့ သွေး ဖြစ်ဖို့က အရေးကြီးပါတယ်။

သွေးတွေကို အဓိက သန့်စင်ပေးတဲ့အရာတွေ

ကျောက်ကပ်၊ အသည်းတွေက သွေးတွေကို သန့်စင်ပေးဖို့ အဓိက တာဝန် ယူထားကြပါတယ်။ ဒီ အစိတ်အပိုင်းတွေ သွေးတွေကို အကောင်းဆုံး သန့်စင်ပေးနိုင်ဖို့ အစားအသောက် အနေအထိုင်တွေ ကနေတဆင့် အားဖြည့်ပေးလို့ ရပါတယ်။

ဒီတော့ သွေးတွေကို အကောင်းဆုံး သန့်စင်နိုင် ဘယ်လိုတွေ စားသောက်ပေးရမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

သွေးတွေ သန့်စင်စေဖို့

သွေးတွေ သန့်စင်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ဆိုရင်

သောက်ရေ

ရေက သဘာဝ အဆိပ်အတောက် ဖယ်ရှာပေးတဲ့အရာပါ။ ရေများများသောက်လေလေ သွေးသန့်လေလေပါ။ ရေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပါတယ်။ အဆိပ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးသလို ခန္ဓာကိုယ်အနှံ့ကို ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပို့ဆောင်ပေးပါသေးတယ်။

သံပုရာရည်

သံပုရာရည်က သွေးသန့်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ သံပုရည်မှာပါတဲ့ အက်ဆစ်က pH ပမာဏကို ပြောင်းလဲစေပြီး သွေးထဲက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

သွေးထဲမှာ ဗိုင်းရပ်စ် အများစု မရှင်သန်နိုင်စေဖို့ လုပ်ဆာင်ပေးပြီး pathogens တွေကို ဖယ်ရှားပေးပါတယ်။ မနက်ခင်း အစားမစားခင် ရေနွေးထဲကို သံပုရည် ညှစ်ထည့်ပြီး သောက်ပေးတာက သွေးသန့်စေမှာပါ။

ပင်စိမ်း

ပင်စိမ်းက ဘက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်သလို ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ပင်စိမ်းရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးသန့်စေတာပါ။ အသည်းနဲ့ ကျောက်ကပ်က အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

ပင်စိမ်းက ဆီးကနေတဆင့် သွေးထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးပါတယ်။ ရေနွေးဆူဆူထဲကို ရေစင်အောင် ဆေးထားတဲ့ ပင်စိမ်းရွက် ၆ ရွက်ကနေ ၈ ရွက်လောက် ထည့်စိမ်ပြီး သောက်ပေးလို့ ရပါတယ်။

နနွင်း

နနွင်းက အနာကျက်စေနိုင်သလို သွေးတွေကိုလည် သန့်စင်ပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။

နို့ပူပူတစ်ခွက်ထဲကို နနွင်း လက်ဖက်ရည်ဇွန်း တဝက်စာထည့်ပြီး သောက်ပေးလို့ ရပါတယ်။

ပန်းဂေါ်ဖီစိမ်း

ဗီတာမင် C၊ omega-3 fatty acids၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus၊ မဂ္ဂနိ့တို့ ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်းကလည်း သွေးတွင်း အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။

ဘလူးဘယ်ရီ

ဘလူးဘယ်ရီသီးလေးတွေက သွေးသန့်ပေးသလို အသည်းကိုလည်း သန့်စင်ပေးပါတယ်။ အသည်းကင်ဆာဆဲလ်တွေ ဖြစ်မလာစေဖို့လည်း ဟန့်တားပေးပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ကိုယ်တွင်း pH ပမာဏကို ထိန်းညှိပေးပြီး သွေးတွေ သန့်စင်စေသလို တစ်ရှူးတွေကို သန့်စင်စေပါတယ်။ သွေးထဲကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးပြီး သွေးသန့်စေပါတယ်။

တစ်နေ့ကို ပန်းသီး ရှာလကာရည် လက်ဖက်ရည်ဇွန်းနဲ့ ၂ဇွန်းသောက်ပေးတာက သွေးသန့်စေမှာပါ။ ရှာလကာရည် သောက်ပြီးတာနဲ့ ရေတစ်ခွက် မြန်မြန်သောက်ပေးဖို့ မမေ့ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Top 7 foods to purify your blood https://www.netmeds.com/health-library/post/top-7-foods-to-purify-your-blood Accessed Date 10 November 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 5 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။