backup og meta

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

အအေးမိတယ်တုပ်ကွေးဖြစ်တယ်။ သက်တော့ သက်သာလာပါရဲ့ စားလိုက်ရင် ခံတွင်းမတွေ့ဘူး။ အနံ့ကလည်း ရတစ်ချက် မရတစ်ချက်ပဲ နှာခေါင်းထဲမှာလည်း မွှန်ထူထူနဲ့ နေရထိုင်ရခက်လိုက်တာ ဆိုတဲ့ သူလေးတွေရှိလား………….

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အနံ့အရသာပျောက်လို့ စားရသောက်ရ အဆင်မပြေဖြစ်နေသူလေးတွေ ဖတ်ပြီး လက်တွေ့ လုပ်ဆောင်သင့်တဲ့ ဆောင်းပါးလေးပါ။

အနံ့ပျောက်တာ ဘာတွေကြောင့်လဲ……….

အနံ့ပျောက်တာက ရောဂါအခံ တစ်ခုခုကြောင့် ဖြစ်နိုင်သလို

အအေးမိတာကြောင့် အနံ့ပျောက်သွားတဲ့အခါ

အအေးမိတာ၊ အသက်ရှူလမ်းကြောင်းကို ပိုးဝင်တာကြောင့် အနံ့ပျောက်တာက ပိုးတွေကို တိုက်ထုတ်ပြီးသွားတာဲ့ တဖြည်းဖြည်းချင်းပြန်ကောင်းလာတတ်ပါတယ်။ ဒီတော့ ဖျားတာကြောင့် အနံ့၊ အရသာ ပျောက်နေပြီဆိုရင်

ကြက်ဆူဆီ

ကြက်ဆူဆီ စစ်စစ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို အပူပေးပါ။ ပြီးရင် အအေးခံပြီး နှာခေါင်းတစ်ဖက်စီကို တစ်စက်စီ ချပေးပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးပါ။

ကြက်ဆူဆီမှာ ပါတဲ့ ricinoleic acid  က ရောင်ရမ်းမှုကို သက်သာစေနိုင်ပြီး အနံ့၊ အရသာ ပုံမှန်အတိုင်း ပြန်ရစေဖို့ ကူညီပေးပါလိမ့်မယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ အမွှာ ၂ မွှာ ၃ မွှာလောက်ကို နုတ်နုတ်စဉ်းပါ။ ပြီးရင် ရေနွေး ဆူဆူ ၁ ခွက်စာထဲကို ထည့်ပေးပါ။ ခပ်နွေးနွေးမှာ အငွေ့ခံပေးရင်း သောက်ပေးပါ။

ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တာကြောင့် နှာခေါင်းထဲက လေပြွန်လေးတွေကို အရောင်သက်သာစေပြီး အနံ့ရစေဖို့ ထောက်ကူပေးမှာပါ။

သံပုရာသီး

သံပုရာသီးက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး အနံ့၊ အရသာခံနိုင်စွမ်းကိုလည်း တိုးစေပါတယ်။

ဒီတော့ သံပုရာသီး တစ်လုံးကို အရည်ညှစ်ပါ။ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ရောပြိး ရေတစ်ဖန်ခွက်စာထဲ ထည့်ဖျော်ပါ။ ရလာတဲ့ ဖျော်ရည်ကို သောက်သုံးပေးတာက အနံ့၊ အရသာပြန်ရစေဖို့ ကူညီပေးပါလိမ့်မယ်။

ဂျင်း (ချင်း)

ချင်းစိမ်းကို မထူမပါး တစ်ပြားစာလောက်ကို ရေစင်အောင်ဆေးပြီး ဝါးစားတာ။ ဒါမှမဟုတ် ချင်း (ဂျင်း) ကို မညက်တညက်ထောင်းပြီး ရေနွေး ဆူဆူထဲ ထည့်စိမ်လို့ ၁၅ မိနစ်လောက်ထားပါ။

ပြီးရင် ခပ်နွေးနွေးမှာ အငွေ့လေးရှူရင်း သောက်ပေးပါ။ အနံ့ခံအာရုံကို လှုံ့ဆော်ပေးသလို အရသာခံနိုင်စွမ်းကိုလည်း တိုးစေမှာပါ။ တစ်နေ့ကို ၂ ကြိမ် သောက်ပေးပါ။

ပူစီနံ

ရေစင်အောင် ဆေးထားတဲ့ ပူစီနံရွက် ၁၀ ရွက် ၁၅ ရွက်လောက်ကို ရေနွေးဆူဆူထဲ ထည့်ပြုတ်ပါ။ ရလာတဲ့ ပြုတ်ရည်ကို အအေးခံပြီး ပျားရည် နည်းနည်းထည့်လို့ သောက်ပေးပါ။

ပူစီနံက ပူရှိန်းရှိန်း အရသာရှိသလို နှာခေါင်းတွင်းက လေပြွန်ရောင်တာကို သက်သာစေပြီး ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ် သောက်သုံးပေးပါ။ အနံ့အရသာ ပြန်ရလာပါလိမ့်မယ်။

သောက်ရေ

အနံ့၊ အရသာ ပျောက်တာကို သက်သာစေမယ့် နည်းလမ်းတစ်ခု ရှိပါတယ်။ ဒါကတော့ ရေများများ သောက်တာပါ။ ရေသောက်တာက အသက်ရှူ လမ်းကြောင်းက ဆဲလ်တွေကို ကျန်းမာစေပြီး အနံ့၊ အရသာခံနိုင်စွမ်းကို တိုးစေနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Taste and smell losses in normal aging and disease https://pubmed.ncbi.nlm.nih.gov/9343468/ Accessed Date 1 October 2020

Taste and Smell Disorders https://medlineplus.gov/tasteandsmelldisorders.html Accessed Date 1 October 2020

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အအေးမိဖျားနာခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ကလေးမကြာခဏ မဖျားနာစေဖို့ မေမေတွေ ဒီလိုဂရုစိုက်ပေးကြမယ်ဆိုရင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement