တစ်ကိုယ်ရေသန့်ရှင်းရေးမှာ နားသန့်ရှင်းရေးကလည်းမေ့ထားလို့မရတဲ့ အချက်တစ်ခုပါ။ လူကြီးတစ်ယောက်အနေနဲ့ အချိန်အဆကို နားလည်နေတာကြောင့် နားသန့်ရှင်းတဲ့အခါ အခက်အခဲမရှိပေမယ့် ကလေးတစ်ယောက်ကို နားသန့်ရှင်းပေးဖို့ကျတော့ ခက်တယ်နော်။ မသန့်ရှင်းဘဲထားလို့ရပေမယ့် နားထဲမှာ နားဖာချေးတွေအရမ်းများတဲ့အခါမှာတော့ သန့်ရှင်းပေးဖို့လိုအပ်မှာလေနော်။ ဒီတော့ဘေဘီလေးတွေကို ဘယ်လိုနားသန့်ရှင်းပေးရမလဲ သိချင်နေတဲ့မေမေ၊တီတီနဲ့ဖွားဖွားတို့အတွက် ဒီဆောင်းပါးလေးက အသုံးတည့်မှာပါ။