backup og meta

မျှဝေပါ။

သံဓာတ်အားဆေး သောက်တော့မယ်ဆိုရင်

မြန်မာနိုင်ငံက လူတော်တော်များများဟာ နေ့စဉ်စားသောက်နေထိုင်မှု ပုံစံကြောင့် သံဓာတ်ပြည့်မှု နည်းကြသလို သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါကို ခံစားနေကြရပါတယ်။

ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို စားဖို့က မဖြစ်မနေလိုအပ်မှာပါ။ အစားအသောက်ကနေ သံဓာတ်ကို လုံလောက်အောင် ရရှိဖို့ဆိုတာကလည်း ပြောသလောက် မလွယ်တာကြောင့် သံဓာတ်အားဖြည့်ဆေးသောက်မယ်လို့ စဉ်းစားနေသူလေးတွေရှိလား…… ဒါဆိုရင် သံဓာတ် အားဆေး မသောက်ခင် ဒီဆောင်းပါးလေး အရင်ဖတ်ကြည့်ပါနော်။

သံဓာတ်အားဖြည့်ဆေးက ဘာတွေလုပ်ပေးလဲ……..

အစားအစာတွေကနေ သံဓာတ်ပြည့်ဝလုံလောက်စွာ မရရှိမှာစိုးတာကြောင့် သောက်သုံးကြတဲ့ သံဓာတ်အားဖြည့်ဆေးက ခန္ဓာကိုယ်ကို သံဓာတ်အားဖြည့်ပေးသလို ပိုလျှံတဲ့ သံဓာတ်တွေကို ကိုယ်တွင်းမှာ သိမ်းဆည်းပေးထားပါတယ်။

သံဓာတ်အားဆေးကို ဆေးတောင့်၊ ဆေးပြား၊ ဝါးစားလို့ရတဲ့ ဆေးပြား နဲ့ အရည်ပုံစံဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ရနိုင်ပါတယ်။ ပုံမှန်တော့ တစ်နေ့တစ်လုံးသောက်ကြပေမယ့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ဖို့လိုပါမယ်။

သံဓာတ်အားဖြည့်ဆေးသောက်ပြီး ၂ လအကြာမှာ သွေးနီဥဆဲလ်အရေအတွက် ပုံမှန် အခြေအနေကို ရောက်ရှိမှာဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီတွေထဲမှာ သံဓာတ်ပြည့်ဝစေဖို့ဆိုရင် ၆ လ ကနေ ၁ နှစ်လောက်အထိ ဆေးကို သေချာလေး သောက်ပေးဖို့လိုပါမယ်။

သံဓာတ်အားဖြည့်ဆေး ဘယ်လိုသောက်မလဲ………..

ဘာမှမစားခင် သံဓာတ်အားဖြည့်ဆေးသောက်တာက အစာအိမ်က အကောင်းဆုံး စုပ်ယူနိုင်စေမှာပါ။ သတိထားရမှာ တစ်ခုကတော့ သံဓာတ်အားဆေးက အချို့တွေမှာ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာမျိုးတွေ ခံစားရစေနိုင်ပါတယ်။ ဒီပြဿနာတွေ ကင်းစေဖို့ဆိုရင် အစားနည်းနည်းလောက်စားပြီးမှ သံဓာတ်အားဆေးကို သောက်သင့်ပါတယ်။

သံဓာတ်အားဆေး နဲ့ တွဲမသောက်သင့်တာတွေက ဘာတွေများလဲ…………….

သံဓာတ်အားဆေးသောက်တဲ့အချိန်မှာ နို့၊ ကယ်လ်ဆီယမ် နဲ့ ရင်ပူသက်သာအောင်သောက်တဲ့ ဆေးတွေနဲ့ အတူတွဲ မသောက်သင့်ပါဘူး။ ဒီအရာတွေသောက်ထားမိရင် အနည်းဆုံး ၂ နာရီခြားပြီးမှ သံဓာတ်အားဆေး သောက်ပေးပါ။

သံဓာတ်အားဆေးသောက်လိုက်တာနဲ့တစ်ချိန်တည်းမှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ကြတဲ့ ကောက်နှံတွေ၊ ဟင်းသီးဟင်းရွက် အစိမ်းတွေ၊ ဂျုံ၊ Cereal တို့နဲ့ တွဲစားတာမျိုး မလုပ်ပါနဲ့။ ကဖင်းပါတဲ့ သောက်စရာတွေ၊ စားစရာ (လက်ဖက်သုတ်) တွေနဲ့ လည်း တွဲမစားသင့်ပါဘူး။

သံဓာတ်အားဆေး ကို ဘာနဲ့တွဲစားရမလဲ…………….

ဆရာဝန်တော်တော်များများကတော့ သံဓာတ်အားဆေးကို ဗီတာမင် C ဖြည့်စွက်ဆေးတွေ ဒါမှမဟုတ် လိမ္မော်ရည်တို့နဲ့ တွဲသောက်ဖို့ အကြံပြုလေ့ရှိကြပါတယ်။ အကြောင်းကတော့ ဗီတာမင် C ကခန္ဓာကိုယ်က သံဓာတ်ကို အကောင်းဆုံး စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးနိုင်တာကြောင့်ပါ။ သံဓာတ်အားဖြည့်ဆေးကို ဒီအတိုင်းရေနဲ့လည်း သောက်ပေးလို့တော့ ရပါတယ်။

အစာခြေအက်ဆစ် အထွက်များသူတွေမှာ အစာခြေအက်ဆစ်ပမာဏကို ထိန်းညှိဖို့ သောက်ကြတဲ့ ဆေးတွေက သံဓာတ်စုပ်ယူနိုင်မှုကို လျော့ကျစေပါတယ်။ ဒီဆေးတွေသောက်ထားပြီး ၂ နာရီခြားပြီးမှာ သံဓာတ်အားဆေးသောက်ပါ။

ဘာတွေသတိထားရမလဲ………..

သံဓာတ်အားဆေးသောက်တဲ့အခါ အဖြစ်အများဆုံး ပြဿနာက

ဝမ်းချုပ်တာ

ဝမ်းပျက်ဝမ်းလျှောဖြစ်တာမျိုးတွေ ရှိနိုင်ပါတယ်။

သံဓာတ်အားဆေး အများကြီးသောက်တာကြောင့်

မအီမသာဖြစ်တာ

• အော့အန်တာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေကို ရင်ဆိုင်ရတဲ့အခါ သံဓာတ်အားဆေးကို လျှော့သောက်ပါ။ ဆရာဝန်နဲ့ သေချာမေးကြည့်တာမျိုးလုပ်ပါ။

သံဓာတ်အားဆေး သောက်တဲ့အခါ ဝမ်းတွေ အမည်းရောင်သွားတာကတော့ ပုံမှန်ပါ။ ဒါက သံဓာတ်အားဆေး သောက်တာက ထိရောက်မှုရှိတယ်ဆိုတဲ့ လက္ခဏာရပ်တစ်ခုဆိုလည်း ဟုတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ……………

တကယ်လို့ ဒီလိုအခြေအနေဖြစ်လာရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုပါမယ်။

• ဝမ်းအရောင်က တော်တော်လေးမည်းနေမယ်

• ဝမ်းမှာ သွေးပါနေမယ်

• သံဓာတ်အားဆေး သောက်ပြီးတိုင်း ဗိုက်ထဲက အောင့်မယ်။ နာမယ်

• သံဓာတ်အားဆေးကြောင့် သွားတွေမှာ အစွန်းတွေဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့လိုပါမယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Reasons Why You Might Need Iron Supplements https://www.healthline.com/health/10-reasons-iron-supplements Accessed Date 17 March 2020

Taking iron supplements https://medlineplus.gov/ency/article/007478.htm Accessed Date 17 March 2020

ယခုပုံစံ

14/07/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement