-ဘာမှသိပ်မစားရသေးဘဲ ဗိုက်ပြည့်သွားတာ
-အကြောင်းအရင်း မရှိဘဲ ပိန်ပိန်လာတာ စတာတွေပဲ ဖြစ်ပါတယ်။
အစာအိမ်အနာကို သေချာမကုဘူးဆိုရင် သာမန်လူတွေထက် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများလာမှာပါ။
အစာအိမ်အနာကို ဘယ်လို စစ်ဆေးနိုင်သလဲ။
မကြာခဏ ဗိုက်အောင့်တယ် ဒါမှမဟုတ် အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။ ဆရာဝန်က လိုအပ်တဲ့ ရောဂါရာဇဝင်မေးမြန်းတာတွေ၊ စမ်းသပ်တာတွေ လုပ်ပါလိမ့်မယ်။ အစာအိမ်အနာလို့ သံသယရှိတယ်ဆိုရင် လိုအပ်တဲ့ ဆေးစစ်ချက်တွေ ဆက်လုပ်ပါလိမ့်မယ်။ အသုံးအများဆုံး ဆေးစစ်ချက်တွေကတော့
- H.pylori ပိုးကို ရှာဖွေတာ
–urea breath test အရည်တစ်မျိုးကို တိုက်ပြီး အသက်ကို ပြင်းပြင်း ရှူထုတ်ခိုင်းကာ စမ်းသပ်တာပဲ ဖြစ်ပါတယ်။
– stool antigen test ဝမ်းထဲမှာ ပိုးပါမပါ စစ်ဆေးတာ
– သွေးစစ်ပြီး ပိုးရှိမရှိရှာဖွေတာ
- အစာအိမ်မှန်ပြောင်းကြည့်တာ
လူနာတိုင်းတော့ မဟုတ်ပေမယ့် တချို့လူနာတွေကို လိုအပ်ရင် အစာအိမ်မှန်ပြောင်းကြည့်ခိုင်းပါလိမ့်မယ်။ လိုအပ်ရင် အသားစယူပြီး ရိုးရိုးအနာလား၊ ကင်ဆာအနာလားဆိုတာပါ စစ်ဆေးပါလိမ့်မယ်။ ပြင်ပလူနာဌာနမှာ အချိန်ခဏပေးရုံနဲ့ အလွယ်တကူ ကြည့်လို့ရပါတယ်။
အစာအိမ်အနာကို ဘယ်လို ကုသနိုင်သလဲ။
အစာအိမ်အနာ ဘာကြောင့်ဖြစ်တာလည်းပေါ်မူတည်ပြီး ကုသနည်းတွေက ပြောင်းသွားနိုင်ပါတယ်။ အမျးစုကတော့ တစ်လ နှစ်လနေရင် ပျောက်သွားတတ်ပါတယ်။
–H.pylori ပိုးကြောင့်ဆိုရင် ပိုးသတ်ဆေးတွေ၊ အစာအိမ်ဆေးတွေကို ပေါင်းပြီး ရက်ရှည် ကုသရမှာပါ။ လက်ရှိမှာ ဆေးယဉ်ပါးတွေလည်း အဖြစ်များနေတဲ့အတွက် သေသေချာချာ ရက်ပြည့်အောင် သောက်ဖို့ လိုပါတယ်။
-အကိုက်အခဲပျောက်ဆေးတွေကြောင့် ဆိုရင်တော့ အစာအိမ်အက်စစ်ပြယ်ဆေးတွေ ပေးပြီး ကုသလို့ ရပါတယ်။ လက်ရှိသုံးနေတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ရပ်တာ ဒါမှမဟုတ် အစာအိမ်မထိတဲ့ အမျိုးအစားကို ပြောင်းပြီး ပေးမှာ ဖြစ်ပါတယ်။
ဆေးတွေပေးပြီး ၄ပတ်က ၆ပတ်နေရင် အစာအိမ်အနာ ပျောက်သွားပြီလားဆိုတာကို အစာအိမ်မှန်ပြောင်း ကြည့်ရပါမယ်။ (လူနာတိုင်း မလိုပါ။)
ဆေးကုသနေစဉ်အတွင်းမှာ အပူအစပ်တွေ၊ အရက်တွေ၊ ဆေးလိပ်တွေ၊ စိတ်ဖိစီးမှုတွေ ရှောင်ဖို့တော့ လိုပါတယ်။
Takeaways
အစာအိမ်အနာနဲ့ ပတ်သက်လာရင် အများစုက အစာအိမ်ဆေးလောက်ပဲ ဝယ်သောက်ကြတာများပါတယ်။ ဒါက လက္ခဏာကိုပဲ သက်သာစေပါတယ်။ ခဏခဏ ပြန်ဖြစ်နေတယ်ဆိုရင်တော့ အစာအိမ်ဆေးသောက်တာထက်စာရင် ဆရာဝန်နဲ့ ပြသပြီး အကြောင်းအရင်းရှာ ကုသဖို့ အကြံပေးလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။