ညဘက်ကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေချိန်မှာ မနားမနေအလုပ်လုပ်နေတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းလေးတစ်ခုရှိနေပါတယ်။ တိတ်တိတ်လေးအလုပ်လုပ်နေပမယ့် ခန္ဓါကိုယ်ကျန်းမာဖို့အတွက် အရေးပါတဲ့ အလုပ်တွေကိုလုပ်နေတာပါ။ သူက ခန္ဓါကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးတွေထဲက အဆိပ်အတောက်ေတွကို ဖယ်ရှားပေးပြီး စားသုံးလိုက်တဲ့ထဲမှာပါတဲ့ အဆီတွေကို သိမ်းဆည်းထားပေးပါတယ်။ အစာခြေဖို့လိုအပ်တဲ့ သည်းခြေရည်တွေကိုထုတ်ပေးပါတယ်။ ဒီလောက်ဆိုရင်တော့ ခန္ဓါကိုယ်ရဲ့ အလုပ်အများဆုံးနဲ့ အကြိုးစားဆုံး အင်္ဂါအစိတ်အပိုင်းလေးက ဘာလေးလဲဆိုတာကို သိလောက်ပြီထင်ပါတယ်နော်။ ခန္ဓါကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးဖြစ်ပြီး အလုပ်လည်းများတဲ့ အသည်းလေးကျန်းမာနေမှနေ့စဉ်ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်မှာပါ။