သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

စားချဉ့်ပြန်ရောဂါ (Gastroesophageal Reflux Disease)

စားချဉ့်ပြန်ရောဂါ (Gastroesophageal Reflux Disease)

စားချဉ့်ပြန်ရောဂါ Gastroesophageal Reflux Disease (GERD) ဆိုတာ အစာအိမ်နဲ့ အစာရေမျိုကြားက ဆက်ထားတဲ့ ကြွက်သားလေး ပျက်စီးလျော့ရဲလာခြင်းကြောင့်ဖြစ်တဲ့ အစာခြေခြင်းစနစ်နဲ့ သက်ဆိုင်တဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများဖြစ်တတ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေမှာပါ တွေ့ရတတ်ပါတယ်။

အစာခြေရည်တွေ အစာအိမ်မှတစ်ဆင့် အစာရေမျိုပြွန်ထဲကို ပြန်တက်လာခြင်းကြောင့် အစာရေမျိုအပေါ်ယံလွှာ ပေါက်ပြဲသွားနိုင်ပြီး မသက်မသာခံစားရနိုင်ပါတယ်။

စားချဉ့်ပြန်ရောဂါက ဘယ်လောက်အဖြစ်များသလဲ။

အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဂရုစိုက်နေထိုင်ခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။

စားချဉ့်ပြန်ရောဂါ ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ခံတွင်းချဉ်ခြင်းနှင့်တွဲလျက် ရင်ပူခြင်း တစ်ခါတစ်ရံ လည်ချောင်းပူခြင်းပါ တွေ့ရနိုင်ပါတယ်။ ဒါ့ပြင်

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

တစ်ပတ်နှစ်ကြိမ်အနည်းဆုံး ဒီလက္ခဏာတွေ တွေ့နေရပြီဆိုရင် (သို့) နေ့စဉ်အလုပ်တွေကိုပါ ထိခိုက်လာပြီဆိုရင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ အများစုက အစားအသောက်၊ အနေအထိုင်ပြောင်းလဲခြင်းနဲ့ ဆေးဆိုင်က ဝယ်သောက်တဲ့ဆေးတွေနဲ့တင် သက်သာနိုင်ပါတယ်။ တစ်ခါတရံမှာတော့ ထိရောက်တဲ့ ဆေးကုသမှုတွေနဲ့ ခွဲစိတ်ကုသမှုတွေ လိုပါလိမ့်မယ်။

စားချဉ့်ပြန်ရောဂါ (Gastroesophageal Reflux Disease)

စားချဉ့်ပြန်ရောဂါ ကို ဘာတွေက ဖြစ်စေသလဲ။

အစာရေမျိုထဲကို အက်ဆစ်တွေ ဆန်တက်ခြင်းကြောင့် အဓိကဖြစ်နိုင်ပါတယ်။ ပုံမှန်ဆိုရင် အစာနဲ့ အရည်တွေဟာ အောက်ဘက်အစာအိမ်ထဲကိုသာ ဆင်းသွားရမှာဖြစ်ပါတယ်။ အစာကို မျိုချလိုက်ချိန်မှာ အစာရေမျိုအောက်ခြေကြွက်သား အဆက်လေးက ပွင့်သွားပြီး အစာတွေက အစာအိမ်ထဲကိုဝင်သွားရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ပြန်ပိတ်သွားရမှာ ဖြစ်ပါတယ်။ ဒီကြွက်သားလျော့ရဲပြီး ကောင်းကောင်းမလုပ်နိုင်လာတဲ့အခါမှာတော့ အစာအိမ်ထဲက အစာခြေရည်တွေ ပြန်ဆန်တက်စေနိုင်ပါတယ်။

စားချဉ့်ပြန်ရောဂါ ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေကြောင့် ပိုဖြစ်နိုင်ပါတယ်။

  • အဝလွန်ခြင်း
  • အစာအိမ်က ရင်ခေါင်းထဲကို ကျွံဝင်နေခြင်း
  • ကိုယ်ဝန်ဆောင်မိခင်
  • ဆေးလိပ်သောက်ခြင်း
  • ခံတွင်းခြောက်ခြင်း
  • ပန်းနာရင်ကျပ်ရှိခြင်း
  • ဆီးချိုရှိခြင်း
  • အစာအိမ်အတွင်းရှိ အာရုံကြောများ ပျက်စီးသွားခြင်းကြောင့် အစာအိမ်ကောင်းကောင်း အလုပ်မလုပ်တော့ခြင်း
  • နာတာရှည် တွယ်ဆက်တစ်ရှူးရောဂါများကြောင့် ဖြစ်နိုင်ပါတယ်။

စားချဉ့်ပြန်ရောဂါ ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရဲ့လက္ခဏာတွေပေါ်အခြေခံပြီး ရောဂါအမည်တပ်နိုင်ပေမဲ့ သေချာအောင်တော့ အောက်ပါစမ်းသပ်မှုတွေ ထပ်လုပ်ရပါလိမ့်မယ်။

  • နှစ်ဆယ့်လေးနာရီအတွင်းထွက်လာတဲ့ အက်ဆစ်ပမာဏကိုတိုင်းတာခြင်း
  • အစာရေမျိုထဲကို မှန်ပြောင်းထည့်ကြည့်ခြင်း၊ လိုအပ်ပါက အသားစထုတ်ယူခြင်း
  • အစာရေမျိုအတွင်းဖိအားကို တိုင်းတာခြင်း
  • အစာအိမ်လမ်းကြောင်းအထက်ပိုင်းကို ဓါတ်မှန်ရိုက်ခြင်း

စားချဉ့်ပြန်ရောဂါကို ဘယ်လိုကုသပါသလဲ

လူအများစုကတော့ ဖြစ်လာရင် သောက်ဆေးလောက်နဲ့ သက်သာသွားတတ်ကြပါတယ်။

  • အစာအိမ်အချဉ်ဓာတ်ကို ထိန်းညှိပေးတဲ့ဆေးတွေ
  • H-2-receptor blockers အုပ်စုဝင်ဆေးတွေ
  • အစာအိမ် အက်ဆစ် မထွက်အောင်တားပြီး အနာကျက်စေနိုင်တဲ့ဆေးတွေ အစရှိသဖြင့်သုံးနိုင်ပါတယ်။

စားချဉ့်ပြန်ရောဂါ (Gastroesophageal Reflux Disease)

ဒါတွေက လက္ခဏာကိုပဲ သက်သာစေတာဖြစ်လို့ အခြေအနေပိုဆိုးလာတယ်ဆိုရင် (သို့) ဆေးသောက်ပြီး အကျိုးမထူးဘူးဆိုရင် ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

စားချဉ့်ပြန်ရောဂါ အတွက် လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံး

အောက်ဖော်ပြပါ လူနေမှုပုံစံနဲ့ အိမ်သုံးကုထုံးတွေက စားချဉ့်ပြန်ရောဂါကို ကုသရာမှာနဲ့ လက္ခဏာတွေ သက်သာအောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ကိုယ်အလေးချိန် သင့်တင့်မျှတအောင် ထိန်းထားခြင်း
  • အဝတ်အစား ကျပ်ကျပ် မဝတ်ခြင်း
  • ဆီကြော်စာ၊ ချောကလက်၊ အပူအစပ်၊ ကြက်သွန်စသည့် ရင်ပူစာများရှောင်ခြင်း
  • တစ်ကြိမ်ထဲ အစာအများကြီးမစားဘဲ နည်းနည်းနဲ့ ခဏခဏ စားခြင်း
  • အစာစားပြီးပြီးချင်း တန်းမလှဲခြင်း
  • ဆေးလိပ်၊ အရက်မသောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Takeaways

စားချဉ့်ပြန်ရောဂါ က အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ အများစုက မပြင်းထန်တာကြောင့် ဆေးဝါးတွေ၊ စားသောက်နေထိုင်ပုံ ပြောင်းးလဲတာတွေနဲ့ သက်သာနိုင်ပါတယ်။ ခဏခဏ ခံစားနေရရင်၊ ဆေးသောက်တာတောင် မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး သေချာကုသသင့်ပါတယ်။

Verifying...
health-tool-icon

အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Gastroesophageal Reflux Disease (GERD).
http://www.webmd.com/heartburn-gerd/guide/reflux-disease-gerd-1. Assessed July23, 2016.

Gastroesophageal Reflux Disease.
http://emedicine.medscape.com/article/176595-overview. Assessed July 23, 2016.

Gastroesophageal reflux disease.
https://www.nlm.nih.gov/medlineplus/ency/article/000265.htm. Assessed July 23, 2016.

Difference Between GERD and Heartburn.
http://theydiffer.com/difference-between-gerd-and-heartburn/. Assessed July 23, 2016.
Acid Reflux/GERD.

http://morethanheartburn.com/beyondheartburn/gerd-acid-reflux. Assessed July 23, 2016.

စာရေးသူ ဓာတ်ပုံbadge
Hello Sayarwon မှ ရေးသားသည်။ 22/01/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။