အစာအိမ်အက်ဆစ်တွေကြောင့် သင့်ရင်ဘတ်ထဲမှာ ပူလောင်နာကျင်တာကို ရင်ပူခြင်း လို့ ခေါ်ပါတယ်။ အက်ဆစ်ပြန်ကန်တက်ခြင်းလို့လည်း ခေါ်လေ့ရှိကြပါတယ်။ ဒီလို ပူလောင်နာကျင်တာဟာ ရင်ဘတ်အလယ်တည့်တည့် ဒါမှမဟုတ် ရင်ညွန့်နေရာလောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
အစာအိမ်အက်ဆစ်တွေကြောင့် သင့်ရင်ဘတ်ထဲမှာ ပူလောင်နာကျင်တာကို ရင်ပူခြင်း လို့ ခေါ်ပါတယ်။ အက်ဆစ်ပြန်ကန်တက်ခြင်းလို့လည်း ခေါ်လေ့ရှိကြပါတယ်။ ဒီလို ပူလောင်နာကျင်တာဟာ ရင်ဘတ်အလယ်တည့်တည့် ဒါမှမဟုတ် ရင်ညွန့်နေရာလောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။
နေထိုင်မှုပုံစံကို ပြောင်းလဲခြင်း၊ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ဆေးလေးတွေကို သောက်ပေးခြင်းအားဖြင့် ရင်ပူတာကို သက်သာစေပါလိမ့်မယ်။ တကယ်လို့ ရင်ပူတာဟာ အကြိမ်ရေစိတ်လာတယ် ဒါမှမဟုတ် ပိုဆိုးလာတယ်ဆိုရင် ဒါဟာ ပိုပြီးပြင်းထန်တဲ့ ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်တာမို့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါလိမ့်မယ်။
အကြောင်းရင်းခံတွေ အများကြီးရှိတယ်လို့ ပြောလို့ရပေမယ့် ရင်ပူရခြင်းရဲ့ အဓိကတရားခံက အစာရေမျိုအောက်ခြေပိုင်းက ဆန့်ကျုံ့ကြွက်သားကြောင့်ပဲ ဖြစ်ပါတယ်။ ဆန့်ကျုံ့ကြွက်သားရဲ့ အလုပ်က မျိုချလိုက်တဲ့ အစာနဲ့ ရေတွေကို အစာအိမ်ထဲ ရောက်သွားအောင် ကြွက်သားကို ဖြေလျှော့ပြီး ဖြတ်သန်းခွင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။
အစာတွေဖြတ်သွားပြီးတဲ့အခါ ဒီကြွက်သားဟာ ပြန်ညှစ်ပြီး တင်းထားလိုက်ပါတယ်။ ဒါမှ အစာနဲ့ အက်ဆစ်တွေ ပြန်မတက်မှာပါ။ ဒါပေမယ့် အစာရေမျိုအောက်ခြေပိုင်းက ဆန့်ကျုံ့ကြွက်သားအနေနဲ့ ပုံမှန်အတိုင်း ကောင်းစွာ အလုပ်မလုပ်နိုင်တဲ့အခါ (အားနည်းနေတဲ့အခါ) အစာအိမ်ထဲက အက်ဆစ်တွေဟာ အစာရေမျိုထဲကို ပြန်ဆန်တက်လာပြီး ရင်ပူခြင်းကို ဖြစ်ပေါ်စေပါတော့တယ်။
ဒါ့အပြင် အစားအသောက် အလွန်အကျွံစားခြင်း ဒါမှမဟုတ် အစာအိမ်ပေါ် ဖိအားအလွန်များခြင်း (အဝလွန်တာ၊ ကိုယ်ဝန်ရှိတာ ဒါမှမဟုတ် ဝမ်းချုပ်တာ) ကြောင့်လည်း ရင်ပူခြင်း ဖြစ်လာနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေနဲ့ အိပ်ရေးပျက်ခြင်းတွေက အက်ဆစ်ထုတ်လုပ်မှုကို များစေတဲ့အတွက် ဒီအချက်တွေဟာ ရင်ပူခြင်း ဖြစ်စေဖို့ အဓိက ပံ့ပိုးပေးသူတွေ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေမှာ အစာရေမျိုအောက်ပိုင်းရှိ ဆန့်ကျုံ့ကြွက်သားဟာ ပြေလျော့လာနိုင်ပြီး အက်ဆစ်ထုတ်လုပ်မှုကိုလည်း ဆွပေးနိုင်တာမို့ သူတို့တွေမှာ ရင်ပူတာ အဖြစ်များပါတယ်။
အပူအစပ်တွေ၊ အချဉ်တွေ၊ အဆီအဆိမ့်တွေ ဒါမှမဟုတ် ဆီကြော်တွေ၊ ကြက်သွန်နီ၊ ငရုတ်ဆီ၊ ချောကလက်၊ အရက်ဘီယာ ၊ပူဒီနာ အစရှိတဲ့ အစားအသောက်တွေဟာ အချို့သော လူတွေမှာ ရင်ပူတာကို ဖြစ်စေနိုင်ပါတယ်။ အစားအလွန်အကျွံစားတာ၊ အဝလွန်တာနဲ့ ကိုယ်ဝန်ရှိတာတွေကလည်း ရင်ပူတာကို အဖြစ်များစေနိုင်ပါတယ်။
ရောဂါလက္ခဏာတွေဟာ ပြင်းထန်ခြင်းမရှိတဲ့အတွက် သင့်ကို ပြဿနာကြီးကြီးမားမား မပေးနိုင်ပေမယ့် နေ့စဉ်လှုပ်ရှားသွားလာမှုကိုတော့ အနည်းအကျဉ်းထိခိုက်စေပါလိမ့်မယ်။ ဥပမာ
ပြင်းထန်စွာ ရင်ဘတ်အောင့်ခြင်းနဲ့အတူ မေးရိုးနာတာ ဒါမှမဟုတ် အသက်ရှူရခက်တာ၊ အစာမျိုရခက်တာ၊ ပျို့အန်ပြီးမအီမသာဖြစ်တာ အစရှိတဲ့ လက္ခဏာတွေကိုပါ ခံစားလာရပြီဆိုရင်တော့ သင့်ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါပြီ။
သင့်ရောဂါလက္ခဏာတွေကို တိကျစွာ ရှာဖွေဖော်ထုတ်ဖို့အတွက် အောက်ဖော်ပြပါ စစ်ဆေးမှုတွေကို ပြုလုပ်ဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
လွယ်လင့်တကူ ဝယ်ယူလို့ရတဲ့ ဆေးတွေကို အသုံးပြုပြီး ရင်ပူခြင်းကို အိမ်မှာပဲ ကုသနိုင်ပါတယ်။ သင့်ရောဂါအခြေအနေကို သက်သာစေဖို့ အောက်ပါ ဆေးလေးတွေကို သုံးစွဲကြည့်နိုင်ပါတယ်။
တကယ်လို့ ဒီဆေးတွေနဲ့ မသက်သာဘူးဆိုရင် သင့်အတွက် အကောင်းဆုံးသော ကုသမှုနည်းလမ်းကို သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။
သင့်ရဲ့နေထိုင်စားသောက်မှုပုံစံတွေကို သင့်တင့်လျောက်ပတ်အောင် ပြောင်းလဲပေးရပါမယ်။ ဥပမာ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။