ဒါကလည်း အယူအဆမှားတစ်ခုပါ။ ဆီးချိုရှိတာနဲ့ သကြားလုံးဝရှောင်စရာမလိုပါဘူး။ လျှော့စားဖို့တော့ လိုပါမယ်။ အချိုလုံးဝဖြတ်တာက သွေးတွင်းသကြားဓာတ်ကျဆင်းမှုပြဿနာကို ခံစားရစေနိုင်ပါတယ်။
ဆီးချိုရှိတယ် ကာဗိုဟိုက်ဒရိတ်လုံးဝစားလို့မဖြစ်ဘူး
ဒါကလည်း မှားယွင်းနေပါတယ်။ ဆီးချိုရှိတယ်ဆိုတာနဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကို ရှောင်လိုက်ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် Complex carbohydrateတွေဖြစ်တဲ့ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံတွေက ဒါတွေက အမျှင်ဓာတ်ကြွယ်ဝသလို သွေးတွင်းသကြားဓာတ် ထိုးတက်တာမျိုးလည်း မဖြစ်စေပါဘူး။
ထမင်း၊ ခေါက်ဆွဲ၊ ကြာဆန် ဒီလိုမျိုး ကာဗိုဟိုက်ဒရိတ်တွေဆိုရင်တော့ သတိထားစားပါ။ ပမာဏကို ချိန်ညှိပြီး စားဖို့ လိုပါတယ်။
ဆီးချိုရှိလို့ ဆေးသောက်နေတယ်ဆိုတိုင်း စားချင်တာ စားလို့မရပါဘူး။ အကြောင်းကတော့ ဆေးက သွေးချိုကို အတိုင်းအတာတစ်ခုအထိပဲ ထိန်းသိမ်းနိုင်တာပါ။
ဆေးအပြင် ကိုယ်ရဲ့ စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်မှ ဆီးချိုကို ထိန်းနိုင်မှာပါ။ ဒါကြောင့် အာဟာရပြည့်ဝပြီး သွေးချိုမတက်စေတဲ့ အစားအစာတွေကို စားတာ၊ လေ့ကျင့်ခန်းလုပ်ပါလို့ ပြောပါရစေနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။