FDA ခွင့်ပြုချက်ရသွားပြီဖြစ်တဲ့ ကိုဗစ်အတွက်ဆေး ‘Remdesivir’

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 5, 2020 . 2 mins read
Share now

Remdesivir ဆိုတာ ကိုဗစ်ရောဂါကို ကုသတဲ့နေရာမှာ အသုံးပြုရန်အတွက် စမ်းသပ်နေဆဲဆေးဖြစ်ပါတယ်။ ဒီဆေးနဲ့ ပတ်သက်ပြီး လေ့လာစစ်ဆေးတဲ့ ရလဒ်များကို အခြေပြုပြီး ပြီးခဲ့တဲ့အပတ်က အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က ဒီဆေးကို တရားဝင်ခွင့်ပြုချက်ပေးလိုက်ပြီလို့ သိရပါတယ်။

Remdesivir ဆေးနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်ရလဒ်များ

အမေရိကန်နိုင်ငံမှာ ဘရန်းအမည် Veklury ရှိတဲ့ Remdesivir ဆိုတဲ့ ဆေးကို ကိုဗစ် ပြင်းထန်အဆုတ်ရောင်ရောဂါကုသတဲ့နေရာမှာ အရေးပေါ် အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒီခွင့်ပြုချက်အရ ဆေးရုံတက်နေရတဲ့ ကိုဗစ်ရောဂါပိုးရှိသူများကို Remdesivir တိုက်ပြီး ရလဒ်များကို စောင့်ကြည့်ခဲ့ပါတယ်။ အောက်တိုဘာလအစောပိုင်းက ကိုဗစ်ရောဂါပိုးရှိတယ်လို့ ဆေးစစ်ချက်အဖြေရခဲ့တဲ့ အမေရိကန်သမ္မတ Donald Trump ကိုလည်း ဆေးရုံတက်တဲ့အချိန်က ဒီဆေးသာ ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Remdesivir ကို တိုက်ပြီးနောက်မှာ ပုံမှန် ၁၅ ရက်လောက် ဆေးရုံတက်ပြီး ကုသမှုခံယူနေရတဲ့ ကိုဗစ်ရောဂါပိုးရှိသူ ဝေဒနာရှင်များဟာ ၁၀ ရက်လောက်သာ ဆေးရုံတက်ပြီးနောက် နေပြန်ကောင်းသက်သာ၍ ဆေးရုံဆင်းခဲ့ပါတယ်။ ကိုဗစ်ကြောင့် အသက်သေဆုံးနိုင်ခြေကိုလည်း ၁၁.၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်း (WHO) ကတော့ Remdesivir ဆေးဟာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ကုသပေးနိုင်မှုရော၊ သေဆုံးခြင်းကို ကာကွယ်ပေးနိုင်မှုမှာပါ အကျိုးသက်ရောက်မှု မရှိသလောက် နည်းတယ်လို့ ပြောကြားခဲ့ပါတယ်။ Remdesivir ဆေးကို လေ့လာစမ်းသပ်ချက်တွေမှာ အကောင်းရော၊ အဆိုးပါ ရောထွေးနေပြီး တိကျသေချာတဲ့ အဖြေရလဒ်တစ်စုံတစ်ရာမျိုး ပြသနိုင်တာမရှိတဲ့အတွက် FDA အနေနဲ့ Remdesivir ဆေးကို အလွယ်တကူ ခွင့်ပြုမိန့်မချသင့်ခဲ့ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

Remdesivir ဆေးဟာ လူတိုင်းအတွက် မဟုတ်ဘူးလို့ ဘာကြောင့်ပြောနေကြတာလဲ။

အဓိကကတော့ ဆေးဝါးအတွက် ကုန်ကျစရိတ်ပါပဲ။ Remdesivir ကို ၅ ရက်စာ သောက်သုံးဖို့အတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၃၁၂၀ ခန့် (မြန်မာငွေ ၄၅ သိန်း ဝန်းကျင်) ကုန်ကျတယ်လို့ ဆိုထားပါတယ်။ ဒါဟာ အခြေခံလူတန်းစားတွေအတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ပမာဏတစ်ခုပါပဲ။ ဒါ့အပြင် ဆေးဝါးထုတ်လုပ်နိုင်မှု ပမာဏဟာ အလွန်နည်းနေသေးပြီး အမှန်တကယ် ကိုဗစ်အတွက် ထိရောက်မှုရှိတယ်ဆိုရင်တောင် တစ်ကမ္ဘာလုံး တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့အတွက် အချိန်ကာလ ရှည်ကြာစွာ စောင့်ရနိုင်ပါတယ်။

နောက်တစ်ခုက ဆေးဟာ လုံးဝကုသပေးနိုင်တယ်ဆိုတဲ့ ရလဒ်တွေကို မတွေ့ရသေးပါဘူး။ လက်ရှိအချိန်ထိ တိရစ္ဆာန်တွေကိုသာ အများဆုံးစမ်းသပ်ခဲ့တာဖြစ်ပြီး လူတွေကို စမ်းသပ်တဲ့နေရာမှာ ရလဒ်အဖြေရှုပ်ထွေးမှုတွေ၊ တိရစ္ဆာန်တွေကို စမ်းသပ်စဉ်မှာ မတွေ့ခဲ့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ – အသည်းထဲက အင်ဇိုင်းတွေ မြင့်တက်လာမှုကြောင့် အသည်းပျက်စီးခြင်း၊ မူးဝေအော့အန်ခြင်း စတာတွေ) ကို တွေ့ရပါတယ်။ ဒါ့အပြင် ကိုဗစ်ကူးစက်ခံရတာ သိပ်မကြာသေးသူတွေ၊ ရောဂါလက္ခဏာ မပြင်းထန်တဲ့ ဝေဒနာရှင်တွေအတွက်သာ ကောင်းကျိုးအများဆုံးပေးနိုင်ပြီး ရောဂါပြင်းထန်ပြီး နောက်ဆုံးအဆင့်ရောက်နေသူများအတွက်တော့ အကျိုးသက်ရောက်မှု သိပ်မပြနိုင်ဘူးလို့လည်း ဆိုထားကြပါတယ်။

လက်ရှိအခြေအနေအရတော့ Remdesivir ဆေးကို အားကိုးလို့မရသေးဘဲ ကာကွယ်ဆေး အမြန်ထွက်ရှိလာနိုင်ဖို့အတွက်သာ မျှော်လင့်နေရဆဲပါပဲ။ ကာကွယ်ဆေးကိုတော့ ၂၀၂၁ အစောပိုင်းကာလမှာ ထုတ်လုပ်နိုင်ဖို့ ရှိတယ်လို့ ပညာရှင်များက သုံးသပ်ထားကြပါတယ်။ ကာကွယ်ဆေးထွက်လာတော့မှသာလျှင် ကမ္ဘာ့နိုင်ငံတွေ အားလုံး ပုံမှန်အတိုင်း စီးပွားရေး၊ နိုင်ငံရေး ပြန်လည် လည်ပတ်နိုင်တော့မှာပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ဆောင်းတွင်းလို ကာလမျိုးမှာ ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ...

ရေးသားသူ Ye Myo Myat

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ ...

ရေးသားသူ Ye Myo Myat

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ပြီးဆုံးသွားပြီလား

Facebook တစ်ခွင်မှာ လူတော်တော်များများကို ကြည့်လိုက်ရင် အပြင်မှာ သူငယ်ချင်းတွေနဲ့ ...

ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 နိုဝင်ဘာ 30, 2020 . 2 mins read

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

တရေးတမော အိပ်တယ်ဆိုတာ အရွယ်ရောက်ပြီးသူတွေ လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ခွန်အားနဲ့ ဉာဏ်ရည်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အသားအရေကို ဂရုစိုက်ပါ။

အသားအရေကို ဂရုစိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read
ကိုဗစ်ကူးစက်ခံရပြီး မြန်မြန်နလန်ထနိုင်ဖို့

ကိုဗစ်ကူးစက်ခံရပြီး မြန်မြန်နာလန်ထနိုင်ဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 1, 2020 . 3 mins read
ကိုဗစ်ပျောက်သွားတောင် နေလို့ မကောင်းသေးတာ ဘာကြောင့်လဲ။

ကိုဗစ်ပျောက်သွားတောင် နေလို့ မကောင်းသေးတာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 1, 2020 . 2 mins read

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read