2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်ရာသီနဲ့ultrasound က အဲံလောက်အပတ်ရေ ကွာတတ်သလားmissed miscarriage လိုဖြစ်မှာစိုးရိမ်မိနေပါတယ်
ဆရာရှင့် ကျမ အသက် 32 နှစ်ပါ အမျိုးသား 30 ပါ သူကဆေးလိပ်တရက် တဘူးသောက်ပါတယ္ သမီးလေးက 4နှစ်ရှိပါပြီ ကြားထဲ မွေးသေ ပျက်ကျတာမရှိဖူးပါ ဒုတိယကိုယ်၀န်ယူနေတာမို့ 2024 4 လပိုင်းထဲက ဆေးဖြတ်ပြီး ဖောလစ်အက်ဆစ်သောက်လာတာပါ ရာသီလဲ မှန်ပါတယ် နောက်ကျလဲ 1ပတ်ထက်မပိုပါဘူး မှန်တာများပါတယ္ ကျန်ခဲ့တဲ့ 12 လပိုင်း 27 ရက်နေ့က ရာသီနောက်ဆုံးစလာခဲ့တာပါ 2လပိုင်း 6ရက်နေ့ ဆီးစစ်ကြည့်တော့ 2ကြောင်းပေါ်ပါတယ္ စသိတဲ့ 2ပတ်လောက်က ရင်သားနာတာ ဆီးမကြာခဏသွားတာ အချဉ်စားတာ ပြပါတယ္ အခု အစားသောက်မပျက်ပေမဲ့ အချဉ်စားတာ ရင်သားနာတာ မရှိဖြစ်ပေမဲ့ ခြေလက်ေညာင်းပြီး နူန်းတာ ဖြစ်နေပါတတယ် သမီးကြီးတုန်းက အစားမပျက်ခဲံပါ အန်တာပဲ ရှိခဲ့ပါတယ္ အခု OG ပြပြီး သားအိမ်ခိုင်ဆေး susten 100နဲ့ folic acid သောက်ခိုင်းထားပါတယ္ 19ရက်နေ့ 3လပိုင်း untrasound ရိုက်ကြည့်တော့ ကလေးက 6 ပတ်4 ရက် ရှိနေပါတယ္တဲ့ ရာသီရက်နဲ့ တွက်ကြည့်ရင် 13 ပတ်ဖြစ်ရမှာ ရာသီနဲ့ultrasound က အဲံလောက်အပတ်ရေ ကွာတတ်သလားသိချင်ပါတယ္ ကလေးက ရေအိတ်အဆင့်ပဲ ရှိသေးလို့ နောက်နှစ်ပတ်စောင့်ကြည့်ခိုင်းပြီး TVS ရိုက်ခိုင်းပါတယ္ missed miscarriage လိုဖြစ်မှာစိုးရိမ်မိနေပါတယ် ဘယ်လိုနေထိုင်စားသောက်သင့်လဲ ကျေးဇူးပြပြီး ဖြေပေးပါဆရာ
မှတ်ချက် 3ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
များသောအားဖြင့်တော့ အဲ့လောက် မကွာတတ်ပါ။ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ လနုစဉ်မှာ miscarriageတွေက ဖြစ်တတ်ပါတယ်။ များသောအားဖြင့်တော့ ကလေးမှာ အသက်ရှင်ဖို့ မျိုးဗီဇအလုံအလောက် မပါလာလို့ပါ။ ဒါနဲ့ ပတ်သက်လို့တော့ ဘာမှလုပ်မရပါ။ ကျန်တဲ့ ကူးစက်ပိုးတွေကြောင့် ပျက်ကျတာကတော့ လူထူတဲ့နေရာကို ရှောင်ပါ။ အသားစိမ်း ငါးစိမ်း အစိမ်းစားရတဲ့ အရွက်တွေကို ရှောင်ပါ။ လက်ဆေးပါ။