🔥 ရေပန်းစားသောအကြောင်းအရာ

တားဆေးသုံးတာကြာရင် ကိုယ်ဝန်ရဖို့ခက်သွားနိုင်သလား။

မေမေတွေ စိုးရိမ်နေတာက တားဆေးသုံးတာကြာသွားရင် ကိုယ်ဝန်ရဖို့ခက်သွားမှာလား။ တားဆေးရပ်ပြီး ကလေးမရသေးတာ ဆေးကြောင့်လားဆိုပြီး ထင်တတ်ပါတယ်။


တကယ်က တားဆေးသောက်ဆေး၊ ထိုးဆေး၊ လက်မောင်းအောက်ထည့်တဲ့ပစ္စည်း၊ သားအိမ်ထဲထည့်တဲ့ပစ္စည်း စတာတွေအားလုံးက ကိုယ်ဝန်ကိုပဲ တားပေးတာပါ။ ကိုယ်ဝန်ကို တားပေးတာနဲ့ မြုံစေတာနဲ့က မတူပါဘူး။


တားဆေးတွေက ကိုယ်ဝန်ပဲ တားပေးပြီး မမြုံစေပါဘူး။

ဒါကြောင့် အမျိုးသမီး သန်းပေါင်းများစွာက တားဆေးမျိုးစုံကို သုံးကြတာပါ။ ဒါကြောင့် မေမေတို့ တားဆေးသုံးလို့ မြုံသွားမှာ၊ ကလေးမရမှာကို စိုးရိမ်စရာ မရှိပါဘူး။ နှစ်နဲ့ချီသုံးပေမယ့် မြုံသွားစေတာမျိုး မရှိပါဘူး။


ကလေးရဖို့ ကြာနေရတာက တစ်ဦးစီရဲ့ ဇီဝဖြစ်စဉ်တွေနဲ့

ဆိုင်ပါတယ်။ ဒါ့ပြင် တချို့တားဆေးတွေက တခြားအမျိုးအစားတွေထက် ကလေးရဖို့ ကြာတတ်ပါတယ်။

ဥပမာ ထိုးဆေးဆိုရင် ကြာတတ်ပါတယ်။ ဒါပေမယ့် ဒါက ကြာတာပဲ ဖြစ်ပြီး မရတာမဟုတ်ပါဘူး။


နောက်ပြီး မေမေတို့ တားဆေးစသုံးတဲ့အရွယ်နဲ့

တားဆေးဖြတ်ပြီး ကလေးယူတဲ့အရွယ်ကလည်း ကွာပါသေးတယ်။ အသက်ကြီးလာလေလေ ကလေးရဖို့ ခက်လေလေပဲဖြစ်ပါတယ်။


အများစုကတော့ တားဆေးဖြတ်ပြီး လပိုင်းလောက်နေရင်

ကိုယ်ဝန်ပြန်ရတတ်ပါတယ်။ ထိုးဆေးလို ကြာတဲ့ဆေးဆိုရင်တောင် အများစုက ၁နှစ်လောက်အတွင်းမှာ ပြန်ရတတ်ပါတယ်။ ဒါကြောင့် တားဆေးကြောင့် မြုံတယ်ဆိုတာမဟုတ်ပါဘူး မေမေတို့။


တားဆေးဖြတ်ပြီးတဲ့အခါ ကိုယ့်ကိုယ်ကို

ကျန်းမာအောင်နေမယ်ဆိုရင် ရနိုင်ပါတယ်။ တကယ်လို့ ၆လ-၁နှစ်ကြာလို့ မရဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးသင့်ပါတယ်။

တားဆေးသုံးတာကြာရင် ကိုယ်ဝန်ရဖို့ခက်သွားနိုင်သလား။တားဆေးသုံးတာကြာရင် ကိုယ်ဝန်ရဖို့ခက်သွားနိုင်သလား။
1
17k
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်