2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်စိတ်ခြောက်ခြားနေခြင်း,သွေးရူးသွေးတန်းဖြစ်ခြင်း
ဆရာရှင့်ကျမကိုယ်ဝန်၅လကေျာ်ပါ အခုခံစားနေရတာက အမျိုးသားနဲ့ဖုန်းပြောနေရင်းသူနှာခေါင်းပိတ်လို့ပါးစပ်နဲ့ဘဲအသက်ရှူနေရလို့အသက်ရူမဝကြောင်းပြောပြနေရင်း ကျမပါ အသက်ရူမဝသလိုခံစားရပြီးသွေးရူးသွေးတန်းဖြစ်သွားပါတယ် အမှန်တကယ်တော့အသက်ရူလို့လည်းဝပါတယ်စိတ်ကနေအဲလိုဖြစ်လာပြီဆို မထိန်းနိုင်ဖြစ်သွားပါတယ် အဲကစပြီးညဘက်၃ညလောက်ကိုရင်တမမနဲ့ မအိပ်ရဲတော့ပါဘူး ခြင်ထောင်ထဲရောက်တာတောင်မွန်းကျပ်တယ်လို့ခံစားနေရပါတယ် အိမ်ဆိုလည်းတံခါးအကုန်ဖွင့်ထားရပါတယ် မွန်းကျပ်တယ်လို့ခံစားရလို့ပါ အဲဒါကိုယ်ဝန်ရဲ့ဟော်မုန်းအပြောင်းအလဲကြောင့်လားစိတ်ရောဂါကြောင့်လားသိချင်ပါတယ်ဆရာ အရင်ကအဲလိုမဖြစ်ဖူးပါဘူး အခုဆို နှာခေါင်းပိတ်မှာကြောက်တယ်ဆရာ ဆူညံတာလည်းကြာကြာမခံနိုင်ပါဘူးဆရာ
မှတ်ချက် 1ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်
ကိုယ်ဝန်ဆောင်ချိန်မှာ အစိုးရိမ်လွန်တာ၊ ကြောက်လန့်တာ ဖြစ်တတ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်၅လလည်း ဖြစ်လာပြီဆိုတော့ ကလေးလည်းကြီးလာတော့ အသက်ရှူမဝသလို ခံစားရတတ်ပါတယ်။ ထိုင်ရင် မတ်မတ်ထိုင်ပါ။ အိပ်ရင်လည်း ဘေးစောင်းအိပ်ပါ။ အသက်ရှူမဝသလို ဖြစ်လာရင် စိတ်အေးအေးထားပြီး တရားထိုင်သလိုမျိုး ဝင်လေ ထွက်လေကို အာရုံစိုက်လိုက်ပါ။ အသက်ရှူမဝမှာစိုးလို့ မြန်မြန်ရှူသွင်း ရှူထုတ်တာ မလုပ်ပါနဲ့နော်။ အကြောကပ်သွားတတ်ပါတယ်။ တကယ်လို့ အိပ်မရလောက်အောင် လန့်နေရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြန်ပြပေးပါနော်။